ဒါရိုက်တာ ဝင်းထွန်းထွန်း အကယ်ဒမီ ရစေချင်တဲ့ သူနှစ်ဦးက ဘယ်သူလဲ

0
89

WinTunTunယခုနှစ် အကယ်ဒမီ ဇာတ်ကား စာရင်းမှာ ပါဝင်တဲ့ “မှော်ကျောက်စာ” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဝင်းထွန်းထွန်းက သူ့ အနေနဲ့ အကယ်ဒမီ ရစေချင်တဲ့သူ ၂ယောက်ရှိကြောင်း ပြောပါတယ်။

“မှော်ကျောက်စာ ရုပ်ရှင်ဇာတ် ကားမှာ အကယ်ဒမီ ကတော့ ကျွန်တော် မဟုတ်တဲ့ သူတွေ ရသွား လိမ့်မယ်။ ဒီရုပ်ရှင် ဇာတ်ကားမှာ ကျွန်တော်က လွဲရင် အကုန်ကောင်း တယ်။ သရုပ်ဆောင်ထဲ မှာဆိုရင် မြင့်မြတ်နဲ့ သူထူးစံ ကောင်းတယ်။ မှော်ကျောက်စာ ရုပ်ရှင် ဇာတ်ကားမှာ အဓိက ရစေချင်တဲ့လူ ၂ယောက်ရှိ တယ်။ ထုတ်လုပ်သူ နဲ့ DOP ရစေ ချင်တယ်။ ကျွန်တော် DOP ကို ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ယုံကြည်ရတဲ့ အကြောင်းအရင်းက သူ့ဇာတ်ကားလောက် ကောင်းတာ မတွေ့သေးလို့ပါ။ ဒါပေမဲ့ အကယ် ဒမီ ရမရတော့ မသိပါဘူး” လို့ ဒါရိုက်တာ ဝင်းထွန်းထွန်း က ဆိုပါ တယ်။

ဒါရိုက်တာ ဝင်းထွန်းထွန်းက သမီး အပေါ်မှာ ကိုယ့်ဗီဇများ ပါမ လားဆိုတဲ့ မျှော်လင့်ခြင်း နဲ့ မျှော်လင့် ဖူးတယ်လို့ ပြောပါတယ်။ ဝင်းထွန်း ထွန်းရဲ့သမီးက လက်ရှိမှာတော့ အမေရိကမှာ ကျောင်းသွားတက်နေ ပါတယ်။

“သမီးက အမေရိကန်မှာ ကျောင်းသွားတက်တယ်။ သမီးမရှိ တော့ ရင်ထဲမှာ ဟာနေတယ်။ အဖေ တစ်ယောက်ရဲ့ အတ္တနဲ့ ကိုယ့်ဗီဇများ ပါမလား ဆိုတဲ့ မျှော်လင့်ခြင်းနဲ့ ကလေး အပေါ်မှာ မျှော်လင့်ဖူးတယ်။ ကျွန်တော့်သမီးက ကျွန်တော့်ကို ညံ့တယ်လို့ သတ်မှတ်ထားတဲ့ ထဲမှာ ပါတယ်။ ကျွန်တော့်သမီး ကိုတော့ အထင်မသေးပါနဲ့။ မိဘကို စော်ကား တာမဟုတ်ပါဘူး။ သမီးက အမေရိကန် သွားတော့မယ် ဆိုတော့ အဖေနဲ့ သမီးပြန်တွေ့ချင်မှ တွေ့မယ်။ အမှတ်တရ အနေနဲ့ ဇာတ် ကားလေး ရိုက်ကူးပေးပါလား ဆိုပြီး ပြောတယ်။ သူအရင်က ငြင်းခဲ့တယ်။ သွားခါနီး Miss Call  ဇာတ်ကားလေး ရိုက်ကူးပေးခဲ့တယ်။ အဲဒီဇာတ်ကား မှာ သိလိုက်ရပါတယ်။ အနုပညာ ဝါသနာမပါဘူး ဆိုတဲ့ ကျွန်တော့်သမီး ကျွန်တော့်ဗီဇ၊ စရိုက်တွေ ပေါ်လွင် ခဲ့တယ်” လို့ ဝင်းထွန်းထွန်းက ပြောပါတယ်။

ဒါရိုက်တာ ဝင်းထွန်းထွန်းက ကိုယ် ရိုက်ကူးတဲ့ ဇာတ်ကားကိုယ် ပြည်ကြည့်တဲ့ အခါ မရှက်ရလေ အောင် ကြိုးစားနေပါတယ် ဆိုပြီး အခု လတ်တလောမှာတော့ “ဗီဇ” ရုပ်ရှင်ဇာတ်ကားကို လူမင်း၊ သူထူးစံ၊ နေဒွေး၊ ထူးခြား၊ ကြက်ဖ၊ သင်ဇာ ဝင့်ကျော်၊ မေကဗျာ တို့နဲ့ ရိုက်ကူး နေပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here