“ကထိန် ဆိုတာ ကာလဒါန အလှူထဲမှာ ပါဝင်တဲ့ အတွက် ဒီနှစ်လည်း ကထိန်ခင်း ဦးမှာပါ ပိုပို”

0
507

zaw_3392ပိုပို တစ်ယောက်လည်း မန္တလေး၊ ပျဉ်းမနား ရှိုးတွေ တောက်လျှောက် ဆို အပြီး ရန်ကုန်ပြန် အရောက်မှာတော့ “အလွမ်းသီချင်း ကြိုက်တဲ့ ရေဒီယို” ဒီဗီဒီ အတွက် စာနယ်ဇင်း မိတ်ဆက်ပွဲရော ၊ အခွေ ပရိုမိုးရှင်း လုပ်ဖို့ပါ ပြင်ဆင်ရ တာတွေနဲ့ အလုပ်တွေ ရှုပ်လို့ နေပါတယ်။ အခု ကာလ ကလည်း သီတင်းကျွတ် သွားပြီ ဆိုတော့ မကြာမီ ရောက်ရှိ လာတော့မယ့် တန်ဆောင်တိုင် ကာလမှာ နှစ်စဉ် ကထိန်ခင်းဖြစ်တဲ့ ပိုပို့ကို ဒီနှစ်ကော ကထိန်ခင်း ဖြစ်ဦးမလားလို့ မေးဖြစ်တဲ့အခါ..

“လောလောဆယ်တော့ ပိုပို စီးရီးခွေအတွက်ကို အာရုံစိုက်နေ ရတော့ အဲဒီဘက်ကို မလှည့်နိုင်သေးဘူး။ ပိုပို တရားစခန်း ဝင်တုန်းက သန်လျင်ဖား အောက်မှာ ကထိန်ခင်းဖို့ အတွက်ကို ငါးသောင်း လှူထားပါတယ်။ နောက်ထပ် ကထိန်ခင်းဖို့ အတွက်ကိုလည်း သတ်သတ် တခြားနေရာမှာ လှူဦးမှာပါ။ ကထိန် ကတော့ ကာလဒါန အလှူထဲမှာ ပါတယ်လေ။ အဲဒီတော့ ပိုပိုက ဒီနှစ် မှာလည်း ကထိန်ခင်း ဦးမှာပါ။ မမေ့ မလျော့ပေါ့။ အဓိကကတော့ We Love Po Po Fan တွေကတော့ ပါဝင်မှာပါ။ တချို့ဆို ကထိန်ခင်းဖို့ အတွက်ကို လှူဖွယ် ပစ္စည်းတွေ လာပေးဖို့ ပြောနေ ကြပါပြီ” လို့ သူကပြောပါတယ်။ ပိုပိုရဲ့ “အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို” ဒီဗီဒီကတော့ နိုဝင်ဘာလ ၅ ရက်နေ့ ကန်တော်ကြီး မျှော်စင်ကျွန်း နဲ့ နိုဝင်ဘာလ ၆ ရက် နေ့ မင်္ဂလာ မန္တလေး တို့မှာ အနုပညာရှင်တွေနဲ့အတူ အမှတ်တရ လက်မှတ်ထိုး၊ လက်ဆောင်တွေ ပေးရင်း Free Show နဲ့ဖျော်ဖြေသွားမယ် လို့သိရပါတယ်။ “အလွမ်းသီချင်း ကြိုက်တဲ့ ရေဒီယို” ဒီဗီဒီ ထဲမှာတော့ နာမည်ကြီး အနုပညာရှင်တွေ များစွာပါဝင်ပြီး ပိုပို တစ်ယောက် တော်တော် ကြိုးစားထားတာ တွေ့ရပါတယ်။ ဒီခေတ်ကြီး ထဲမှာ ကလည်း သီချင်း တစ်ပုဒ်ကို အမ်တီဗီ ရိုက်ကူးပြီ ဆိုရင် သိန်းဆယ်နဲ့ချီ အကုန် ကျခံရတာဆိုတော့ အလွမ်းသီချင်း ကနေ ပရိသတ်ကို ပိုပိုပေးချင်တဲ့စေတနာ ကဘာလဲလို့ မေးတဲ့အခါ..

“ကိုနေတိုးနဲ့ အပုဒ်ဆိုလို့ ရှိရင် စုန်းမကြီးပုံစံ သရုပ်ဆောင် ထားတော့ ကလေးတွေလည်း ကြိုက်ကြမှာပေါ့။ ကိုရဲလေးတို့၊ ကိုဂျိုကြီး တို့နဲ့ဆို ဟာသပုံစံ ပေါ့။ ပုံစံ ဆန်းဆန်းလေးတွေကို ပိုပို သေသေချာချာ အချိန်ပေးပြီး ရိုက်ကူး ထားတယ်။ ခင်ဝင့်ဝါ နဲ့ သီချင်း ဆိုရင်လည်း ပိုပိုအားရတယ်။ အဲဒီမှာ ပိုပိုက ယောက်ျားလေး လို သရုပ်ဆောင် ထားတယ်။ အမ်တီဗီ ကြည့် လိုက်တာနဲ့ ပရိသတ်တွေ အားပေးရတာနဲ့ တန် အောင် ပိုပိုကြိုးစား ထားပါတယ်။ပိုပို ဘယ်လောက်အထိ ကြိုးစားထားလဲ ဆိုတာ ပရိသတ်တွေ အမ်တီဗီ ကြည့်ပြီး သွားရင် သိသွားမှာပါ” လို့ ပိုပိုက ပြောပြခဲ့ပါ တယ်။

မျိုးမောင်
ဓာတ်ပုံ- မင်းမင်းထွန်း