ထိုင်းနိုင်ငံ အကယ်ဒမီ ထူးချွန်ဆုမှာ သရုပ်ဆောင် ထူးချွန်ဆုတွေ အပါအဝင် ထူးချွန်ဆု ၅ ဆုအထိ ဆန်ခါတင် စာရင်းဝင်ထားတဲ့ From Bangkok to Mandalay

0
200

bk to mdyမြန်မာနဲ့ထိုင်း ပူးပေါင်းရိုက် ကူးထားတဲ့ From Bangkok to Mandalay ရုပ်ရှင် ဇာတ်ကားဟာ ထိုင်းနိုင်ငံမှာ လာမယ့် မတ်လ ၅ ရက်နေ့ ပြုလုပ်သွားတော့မှာ ဖြစ်တဲ့ Suphannahong Award ရုပ်ရှင် အကယ်ဒမီ ထူးချွန် ဆုပေးပွဲမှာ ဆန်ခါတင် စာရင်း ဝင်ထားခဲ့ပါပြီ။ မြန်မာနိုင်ငံက နာမည်ကျော် မင်းသား နှစ်ဦးဖြစ်တဲ့ အကယ်ဒမီ နေတိုးနဲ့ စိုင်းစိုင်းခမ်းလှိုင် တို့က လည်း သရုပ်ဆောင် ဆုတွေ အတွက် ဆန်ခါတင် စာရင်း ဝင်နေခဲ့ပြီဖြစ် ပါတယ်။ အကယ်ဒမီ နေတိုး ကတော့ Best Supporting Actor Award အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု နဲ့ ဆန်ခါတင် စာရင်း ဝင်နေပြီး စိုင်းစိုင်းခမ်းလှိုင် ကတော့ Best Actor Award အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု အတွက် ဆန်ခါတင် စာရင်း ဝင်နေခဲ့ကြပြီ ဖြစ်ပါတယ်။ ဒါ့အပြင် From Bangkok to Mandalay ရုပ်ရှင် ဇာတ်ကားဟာ တခြား ရုပ်ရှင်ထူးချွန် ဆုတွေဖြစ်တဲ့ အကောင်းဆုံး ရုပ်ရှင် ဖန်တီးမှုပိုင်း ဆိုင်ရာ ထူးချွန်ဆု (Best Score Award)၊ အကောင်း ဆုံး ဇာတ်ညွှန်းဆု (Best Script Award)၊ အကောင်းဆုံး တေးဂီတဆု (Best Music Award) တွေအတွက် မှာပါ ဆန်ခါတင် စာရင်း အဖြစ် သတ်မှတ်ခြင်း ခံထား နေရပြီဖြစ်ပါ တယ်။ မြန်မာဘက်က ရိုက်ကူး ထုတ်လုပ်သူ မိုးကောင်းကင် ရုပ်ရှင် ထုတ်လုပ်ရေး ပိုင်ရှင် ဦးစူဝမ်း က တော့..

thai academy naytoe

“အခုလို ဆန်ခါတင်စာရင်း ဝင်တဲ့အတွက် ဝမ်းသာနေ ရပါတယ်။ ဦးတို့လည်း သေချာ မသိသေးဘူး။ မနေ့ (ဖေဖော်ဝါရီလ ၉ ရက်) နေ့ ကမှ ထိုင်းဒါရိုက်တာ ကနေပြီးတော့ ဒီစာရင်းကို လှမ်းပို့လိုက်တာ ဖြစ် တယ်။ ဆု ၅ ဆု ဆန်ခါတင် စာရင်းမှာ ဝင်နေတယ် ဆိုပြီးတော့ ပို့ပေးလိုက် တယ်။ ကျွန်တော်တို့ ဒီဇာတ်ကားကို ရိုက်ကူးတဲ့ ရည်ရွယ်ချက် ကလည်း ဒီဇာတ်ကားလေးကို တခြားနိုင်ငံက ပရိသတ် တွေလည်း သိသွားစေချင် တာဖြစ်တယ်။ နောက်တစ်ခု ကတော့ ပြည်ပနိုင်ငံတွေကို ဈေးကွက် ထိုး ဖောက်ရေး အတွက် ရည်ရွယ်ပြီးတော့ ရိုက်ကူးတာ ဖြစ်တဲ့ ကျွန်တော်တို့ ရုပ်ရှင်ဇာတ်ကားကို အခြားတိုင်းပြည် မှာ အကယ်ဒမီ စာရင်းဝင်နေတဲ့ အ တွက် တအား ဝမ်းသာမိနေပါ တယ်”လို့ ဆိုပါတယ်။thai academy sai sai

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here