အရေးတကြီး ဆုံးဖြတ်ရမယ့် အချိန်ကို ရောက်နေတဲ့ ရေမွန် ( Idiots )

0
197

ramondIdiots Band က ရေမွန်က ခုချိန်မှာ နှလုံးသားရေးရာ နဲ့ပတ်သက်ပြီး အရေးကြီး တဲ့ အချိန်ကာလကို ရောက်ရှိနေတယ် လို့ဆိုပြီးတော့ သူ့ရဲ့လက်ရှိ အချစ်ရေးကို မေးမြန်း တဲ့အခါမှာ ဖြေကြားခဲ့ပါတယ်။ ၁၅ဝဝ အချစ်ထက် ၅၂၈ အချစ်ကို ပိုယုံတယ် ဆိုတဲ့ ရေမွန် က..

“၁၅ဝဝကို မယုံတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ရေရှည် အတွက်က ၅၂၈ မေတ္တာက ပိုခိုင်မြဲတယ် လို့ထင်တယ်။ ပိုအေးချမ်းတယ် လို့ထင်တယ်။ ခုလက်ရှိ ကျွန်တော့် အနေနဲ့ ပြောရ ရင်တော့ တအား အရေးကြီးတဲ့ ဆုံးဖြတ်ရမယ့် အချိန် တစ်ချိန်ကို ရောက်ရှိနေတယ် လို့ ပြောရမယ်။ ကျွန်တော် လူပျိုကြီး လုပ်ရမလား၊ မိသားစုဘဝပဲ ဆောက်တည်လိုက် ရတော့မလားပေါ့။ ကိုယ်တိုင် မသေချာသေးဘူး ဖြစ်နေတယ်။ အိမ်ထောင် တစ်ခုလည်း တည်ဆောက်ချင်တယ်။ ဒါပေမဲ့ ကျွန်တော့် မှာလည်း တခြားလုပ်ချင်တဲ့ ကိစ္စတွေ ရှိသေးတယ်။ အဲ့ဒီတော့ ဘာမှတော့ အတိအကျ မပြောတတ်သေးဘူး” လို့ ရေမွန် ကပြောပါတယ်။

ရေမွန်တို့  Idiots Band အနေနဲ့ ဒီဘက်နှစ်ပိုင်း တွေမှာတော့ အရင်ထက် ပိုပြီး အနုပညာ လှုပ်ရှားမှု ကိုလည်း ခပ်စိပ်စိပ် တွေ့လာရတာကြောင့် ဒီလို အနေအထားပေါ်မှာ ဝိုင်းသား တစ်ဦးဖြစ် တဲ့ရေမွန်က

“ကြိုးစားရင်တော့ ကြိုးစား သလောက်ပေါ့။ ကျွန်တော်တို့ ကြားထဲမှာ မျောသွားတဲ့ အချိန်တွေ ရှိတယ်။ ခေတ်သစ်ကျောက် စီးရီးကြန့်ကြာတဲ့ကိစ္စမှာ ကျွန်တော်တို့ ပေါ့လျော့သွား တာတွေအများ ကြီးပါတယ်။ ဒါပေမဲ့နောက်ပိုင်း တောက်လျှောက်မှာတော့ ကျွန်တော်တို့  သေချာပြန် လုပ်ကြပါ တယ်။ အဲ့ဒီအတွက် ကျွန်တော်တို့တွေ ပင်ပန်းကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တောက်လျှောက် ဆက်လုပ်သွားမှာပါ။ လုပ်လို့ ရသလောက် လုပ်နိုင်သလောက် ကျွန်တော်တို့ လုပ်သွားကြမှာပါ”လို့ ရေမွန်က ပြောပြခဲ့ပါတယ်။

ရေမွန်တို့ Idiots Band က မတ်လအတွင်းမှာလည်း Big Bag တီးဝိုင်း နဲ့အတူ နှစ်ဝိုင်း တွဲဖက် ဖျော်ဖြေမယ့် ဂီတပွဲ တစ်ခုရှိနေပြီး နေရာနဲ့ရက် အတိအကျ ကိုတော့ အနားနီးရင် ထပ် မံထုတ်ပြန်သွားဦးမယ် လို့လည်း သိရပြီး ဒီ ၂ဝ၁၇ အတွင်းမှာတော့ Idiots ဝိုင်းသားတွေ အားလုံး အလုပ်များမယ့် နှစ်ဖြစ်ပါတယ်လို့လည်း ရေမွန်က ပြောပြခဲ့ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here