ဆို၊ က၊ ရေး၊ တီး ဆုရှင်တွေ နဲ့အတူ မြန်မာသံစဉ် သီချင်းတစ်ပုဒ် ဖန်တီးလိုက်တဲ့ အမွန်း

0
276

A-monဖက်ရှင်နဲ့ ပတ်သက်လို့ အမြဲတမ်းဆန်းသစ်စွာ ဝတ်ဆင်လေ့ ရှိတဲ့ အမွန်းကို ဒီတစ်ခါမှာ မြန်မာဆန်ဆန် ဖက်ရှင်နဲ့ သင်္ကြန် တေးစီးရီးခွေ တစ်ခွေမှာ တွေ့မြင်ရမှာပါ။ သူ့ကို မြန်မာ ဆန်ဆန် ဖက်ရှင်နဲ့ တွေ့ချင်တဲ့ ပရိသတ်တွေ အတွက်ပါလို့ ဆိုတဲ့ အမွန်း က…

“April Queens ဆိုတဲ့ အခွေမှာလည်း အမွန်းက ဂိတ်ဆုံး ပဲဆိုတဲ့ သီချင်းလေး ပါဝင်သီဆိုထားပါတယ်။ ဒါကတော့ အမွန်း ကိုမြင်နေကျ အတိုင်း အမွန်းရဲ့ Dance အဖွဲ့နဲ့ အတူ ဆိုထား ပါတယ်။ ထူးထူးခြားခြား April Kings ထဲမှာတော့ ယောက်ျား လေးတွေချည်းပဲ ပါပါတယ်။ မိန်းကလေးအဖွဲ့က Group Song အနေနဲ့တော့ပါတာပေါ့။ ဒါပေမဲ့ အမွန်း တစ်ယောက်တည်း မိန်းကေ လးတစ်ယောက် အနေနဲ့သီးသန့် ဆိုထားတာ ပါပါတယ်။ အဲဒီအထဲ မှာမှ မြန်မာသံစဉ် သီချင်းလေးတွေ ချည်းပဲဖြစ်ပြီး မြန်မာဗုံတွေလည်း ပါဝင်ပါတယ်။ အမွန်း အနေနဲ့ ထူးထူးခြားခြား မြန်မာ အကလေးကို ဆို၊က၊ ရေး၊တီးမှာ ရွှေတံဆိပ်၊ ငွေတံဆိပ်ရ ထားတဲ့ ညီမငယ်လေးတွေ နဲ့ သူတို့ ဆရာမတွေ ဆီက အကလေးတွေ သင်ပြီးတော့ အမွန်း တင်ဆက်ထားတဲ့ သီချင်းလေးပါ။ အမွန်းကို မြန်မာ ဆန်ဆန်လေးနဲ့ တွေ့ချင် ဖူးပါတယ် ဆိုတဲ့ ပရိသတ်တွေ အတွက် ကြည့်ရှုနိုင်ပါပြီ”လို့ပြောပါတယ်။

အမွန်းက သူမရေးထားတဲ့ သီချင်းတွေကို တစ်ပုဒ်ချင်းပဲ ဖြစ်ဖြစ်၊ အယ်ဘမ် အလိုက်ပဲဖြစ်ဖြစ် ထွက်ရှိလာဖို့ ရှိကြောင်းလည်း သတင်းကောင်းပါး လိုက်ပါသေးတယ်။ လတ်တလော မှာတော့ အမွန်းက ဟစ်ဟော့ပ် အဆိုတော် ရဲနောင်ရဲ့ Sunset သီချင်းမှာ ဖီးချားရင်း သီဆိုပေးထားပြီး အဲဒီ သီချင်းလေးလည်း အွန်လိုင်းမှာ Free ဖြန့်ချိထားတာတွေ့ရပါတယ်။ သူမက..

“ရဲနောင်နဲ့အမွန်း နဲ့က သူငယ်ချင်းတွေ ပေါ့နော်။ သူက Talent ရှိတယ်။ အဲဒီသီချင်းလေး စဆိုကတည်းက အမွန်း ကြိုက်တယ်။ ဖီးချားရင်း အနေနဲ့ ပါဝင်သီဆိုကတည်းက သဘော ကျခဲ့တဲ့ သီချင်းလေးကို ဗီဒီယိုမှာလည်း အမွန်း တို့တွေ လွတ်လွတ် လပ်လပ်လေး ဖန်တီးထားနိုင်ပြီးတော့ ထွက်လာတဲ့အခါမှာ ပရိသတ်ကလည်း ကြိုက်ကြတယ် ဆိုတော့ အမွန်း ဝမ်းသာပါတယ်” လို့ပြော ပြခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here