လက်များဖြင့် လောကကြီးကို အလှဆင်တဲ့ နေတိုး

0
104

Nay-Toe-(2)အကယ်ဒမီ နေတိုးကို ချစ်ခင် အားပေးတဲ့ အမာခံ ပရိသတ်တွေ နဲ့ ဖွဲ့စည်းထားတဲ့ We love Nay Toe Group ၅ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် နေတိုးကိုယ်တိုင် ပရိသတ်များ နဲ့အတူ ဖေဖော်ဝါရီလ ၅ ရက် နေ့မှာ ရန်ကုန် ကလေးဆေးရုံကြီးမှ ကင်ဆာ ဝေဒနာရှင် ကလေးငယ် များကို အစားအသောက် များ နဲ့ အလှူငွေများ သွားရောက် လှူဒါန်း ဖြစ်ခဲ့ကြောင်း သိရပါတယ်။

“ကျွန်တော် ပရိသတ်တွေနဲ့ အတူ သွားလှူဖြစ် တာပါ။ We love Nay Toe Group က ၅ နှစ် ပြည့်တဲ့ နှစ်ပတ်လည်နေ့မှာ အလှူအတန်းက နှစ် တိုင်းလုပ်ဖြစ်ပါတယ်။ နေရာတွေ ရွေးရွေးပြီး တစ် နှစ်နဲ့တစ်နှစ် ပိုပြီးတော့လည်း လှူနိုင်အောင်၊ နောက် ပြီး အင်အား ကလည်း ပိုပြီးများလာတော့ ပရိသတ် တွေရဲ့ ဆန္ဒအပေါ်မှာ အဓိက လိုက်လျောပေးမှု တစ်ခု ပါ။ ကိုယ်ကိုယ်တိုင် လည်း ဒီအထဲမှာ ပါဝင်ပြီး လှူ ဒါန်းဖြစ်တယ်။ ကလေးတွေ အတွက် အစားအ သောက်လှူ ဒါန်းတယ်။ ကျွန်တော်တို့ အဖွဲ့ကနေ လှူဒါန်းတဲ့ ငွေကြေး စုစုပေါင်း ၁ဝ သိန်းအထက်မှာ တော့ရှိမယ်။ ကလေးတွေကို စာအိတ်တွေ နဲ့ထည့် ပြီးတော့ လှူဒါန်းဖြစ်ပါတယ်။ ဒီလိုမျိုး အဖွဲ့ ၅ နှစ်ပြည့်သွားတဲ့ အတွက် တအားလည်း ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ အဓိကကတော့ စစဦးဆုံး Admin တွေက လှူမယ့်နေရာကို ရွေးချယ် ပြီးတော့ စီစဉ်ကြတယ်။ စီစဉ်ကြရင်းနဲ့မှ ကင်ဆာ ကလေးတွေကို သွားရောက် လှူဒါန်းဖြစ်တာပါ။ ကြည်နူးစရာ လည်း ကောင်းပါတယ်။ နောက်တစ်ခုက ဝမ်းနည်းစရာ လည်း ကောင်းပါတယ်။ ကြည်နူးစရာ ဆိုတာက လှူဒါန်းရတဲ့ ပီတိ၊ နောက်ပြီး ကိုယ်တွေ သွားတဲ့အ ချိန်မှာ သူတို့ မျက်နှာမှာ တွေ့ရတဲ့အပြုံး၊ အဲဒီလို ပြုံး အောင် လုပ်ပေးနိုင်လိုက်တဲ့ အတွက်လည်း ကိုယ့်ကိုယ် ကိုယ် သရုပ်ဆောင် တစ်ယောက် ဖြစ်ခွင့်ရတာကို ကျေနပ်မိပါတယ်။ အဲဒီမှာ နောက်ဆုံး အချိန်ကို ရောက်နေတဲ့ ကလေးတွေလည်း ရှိတယ်။ ကျွန် တော်တို့ သွားတဲ့ အချိန်မှာ နောက်ဆုံး အချိန် ကိုရောက်နေတဲ့ ကလေးတွေရဲ့ မျက်နှာမှာ အနုပညာရှင် တစ်ယောက်ကို တွေ့မြင်ရတဲ့ အ ချိန်မှာ ပျော်ရွှင်မှုတွေ တွေ့ရတယ်။ ကျွန်တော် အနားကပ်ပြီး သူတို့ကို စကားတွေပြောနိုင် တဲ့အတွက် ပီတိဖြစ်တယ်။ သူတို့လေးတွေက တအား သနားစရာ ကောင်းပါတယ်” လို့ပြော ပါတယ်။ နောက်ပိုင်း မှာလည်း ပရိသတ်တွေ နဲ့အတူ လှူဒါန်းဖြစ်မယ် ဆိုရင် ကလေးသူငယ် များနဲ့ ပတ်သက်တဲ့ လှူဒါန်းမှုများကို ပိုပြီးလုပ်ဖြစ် မယ်လို့ နေတိုးက ပြောပါတယ်။ နေတိုးက အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ HIV / AIDS လူနာ စောင့်ရှောက်ရေး စင်တာကို လှူဒါန်းရှင် သန်ခြင်း (၃) မြတ်ဒါန အလှူ ပန်းချီပြပွဲ မှာဖို့ ရည်ရွယ်ပြသတဲ့ သူကိုယ်တိုင် ပန်းချီရေးဆွဲထားတဲ့ “လက်များဖြင့် လောကကြီးကို အလှဆင်ပါ” လို့ အမည်ပေးထားတဲ့ ပန်းချီကားကို ရေးဆွဲပြီး ပြသခဲ့ကြောင်း သိရပါတယ်။

“ဒါရိုက်တာ ကိုပေါက် ကနေမှ HIV ကလေးတွေကို လှူ ဒါန်းဖို့အတွက် အနု ပညာရှင်တွေထဲ ကမှ ပန်းချီ ရေးတဲ့ အနုပညာ ရှင်တွေကို ပန်းချီပွဲလေး လုပ်ပြီး လှူဒါန်းချင်တယ်တဲ့။ လှူဒါန်းတာက မျိုးစုံပဲ ပေါ့။ ဒီလိုမျိုး ကိုယ့်အနုပညာ နဲ့ လှူဒါန်းရတာ ပရိ သတ် အတွက်ရော၊ လှူဒါန်းမှု တစ်ခုအတွက်ရော ဆွဲ ဆောင်မှု ရှိစေတယ် လို့မြင်တယ်။ အဲဒီအတွက် လည်း လှူဒါန်းမယ့်ပွဲ နဲ့ လိုက်ဖက်တဲ့ ပန်းချီတစ်ခု ကိုရွေး ချယ် ရတာပေါ့။ ပန်းချီ ရေးဆွဲတဲ့ အချိန်က တစ်နာရီ လောက်ပဲကြာလိုက်တယ်။ အဲဒီ ပန်းချီကိုရေးဖို့ ၇ ရက်လောက် စဉ်းစားရတယ်။ အနုပညာ ဆို တာက အဲဒီလိုပဲ။ ဘာလုပ်ရ မယ်ဆိုတာ သိရင် တအားလွယ်တယ်။ ဘာလုပ်ရမယ် ဆိုတာ မသိရင် တအား ခက်ခဲတယ်။ အဲဒီအတွက် လည်း ကိုယ့်စိတ်ကဖြစ်လာတဲ့ ခံစားမှုကို အမြဲတမ်း တန်ဖိုးထားတယ်။ စိတ်က မဖြစ်လာနိုင် သရွေ့တော့ အနုပညာ ဖန်တီး ဖို့ မလွယ်ဘူးပေါ့။ “လက်များဖြင့် လောက ကြီးကို အလှဆင်ပါ” ဆိုတဲ့ Title လေး ကိုရပြီးတော့မှ အဲဒီ ပန်းချီကားကို ဆွဲ ဖြစ်သွားတာပါ”လို့ ပြောပါတယ်။

အနုပညာရှင်များ ပါဝင် ရေးဆွဲထားတဲ့ ပန်းချီပြပွဲကို ဗိုလ်ချုပ်ဈေးမှာ ရှိတဲ့ တော်ဝင် ပန်းချီပြခန်းမှာ ဖေဖော် ဝါရီလ ၄ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ပြသ သွားမှာဖြစ်ကြောင်း သိရပါတယ်။ နေတိုးက လတ်တလောမှာ ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူး ပုံဖော်တဲ့ “နှစ်ပါးသွား Update” ရုပ်ရှင်ဇာတ်ကားကို ဝတ်မှုံရွှေရည် နဲ့ ရိုက် ကူးနေ ပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here