လွန်ခဲ့တဲ့ ၁၇ နှစ်ကို အလည်သွားခဲ့ရတဲ့ ဂီတည

0
119

ZAW_8966၂ဝဝဝ ပြည့်နှစ် ဝန်းကျင်ဟာ မြန်မာ့ဂီတလောကရဲ့ အလှည့် အပြောင်းတွေ နဲ့အတူ လူငယ်ဂီတ အဖွဲ့များစွာ ပေါ်ထွက်လာရင်း ဂီတ ပုံစံသစ်တွေနဲ့လည်း ထိတွေ့ခဲ့ ရပါတယ်။ အဲဒီကာလက အဖွဲ့တွေ ထဲက ဒိတ်ဒိတ်ကြဲ အဖွဲ့ ၉ ဖွဲ့ ပူးပေါင်းပြီး Back To Millenniumဆိုတဲ့ခေါင်း စဉ်နဲ့ ဂီတပွဲ လုပ်မယ် ဆိုတဲ့ သတင်းက ပွဲမတိုင်မီမှာ ကတည်းက ပရိသတ်ကြားမှာ လှုပ်လှုပ် ခတ်ခတ်ဖြစ်ခဲ့ပါ တယ်။ ပွဲကိုတော့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၇ နာရီအ ချိန် ပြည်သူ့ ရင်ပြင်မှာ ကျင်းပခဲ့ပါတယ်။ ACID, Theory, Too Big, Examplez, Teen, No, Kook, 102.7 Fm, Witch စတဲ့ အဖွဲ့ ၉ ဖွဲ့က လွန်ခဲ့တဲ့ ၁၇ နှစ် အချိန်က သူတို့ရဲ့ထင်ရှားခဲ့တဲ့ သီချင်းများ နဲ့အတူ ပရိသတ်ကို ငယ်ဘဝဆီ ပြန်လည်ခေါ်ဆောင် သွားခဲ့ပါတယ်။ ဒီပွဲက တော့ တစ်ချိန်က ဆယ်ကျော်သက် တို့ရဲ့ ငယ်မူပြန်ကြတဲ့ ပွဲလို့လည်း ဆိုနိုင်သလို လာရောက် အားပေး ကြတဲ့ ပရိသတ်များ ကလည်း အခုအချိန်မှာ လူလတ်ပိုင်း အရွယ်ကို ရောက်နေကြပြီ ဖြစ်တဲ့ ပရိသတ် တွေဖြစ်ပြီး သူတို့ ငယ်ဘဝက စီးမျော ဖူးခဲ့ကြတဲ့ ဒီသီချင်းတွေနဲ့ ဒီ အဆိုတော်တွေ အပေါ် အားပါးတရ လာရောက် အားပေး ခဲ့ကြတာ ဖြစ်ပါတယ်။ Acid, Too Big, Examplez, Theory စတဲ့ ယောက်ျားလေး ဂီတအဖွဲ့တွေရဲ့ ဖျော်ဖြေ မှုတွေအပြင်NO, Kook, Witch စတဲ့ မိန်းကလေး ဂီတအဖွဲ့ တွေရဲ့ ဖျော်ဖြေမှုတွေ ကလည်း ပရိသတ်တွေရဲ့ ငယ်ဘဝကို ပြန်လည် အမှတ်ရ တမ်းတစေခဲ့ပြီး ပျော်စရာ၊ ကြည်နူး စရာကောင်းတဲ့ ဂီတညချမ်းလေး လည်း ဖြစ်ခဲ့ပါတယ်။

“သီချင်း ဆိုလာခဲ့တဲ့ ၁၇ နှစ် တာ ကာလမှာ ပွဲကြီးကြီး မားမားဆို လို့ သူများ စီစဉ်တဲ့ ပွဲတွေပဲ သီဆိုခဲ့ဖူး ပါတယ်။ အဓိကက ငယ်သူငယ်ချင်း တွေကို စင်ပေါ်မှာပြန်မြင် ချင်တာက စတာပါပဲ။ အဓိကပြောချင်တာ က ကျွန်တော် စိတ်ကူးယဉ်တာ ကို ရှုံးမယ်၊ မြတ်မယ် မတွေးထားဘဲ ငွေကြေး အကုန်အကျခံ ရင်းနှီးပေးတဲ့ Nine Planets ကသူငယ်ချင်းတွေရယ်၊ အောင်အောင်မြင်မြင် ပွဲကြီး လှပ အောင် စီစဉ် ဖန်တီးပေးတဲ့ ကိုစိုးနိုင်ထွန်း (ကိုအီကြာကွေး)၊ Shwe Zin Entertainment  ရယ်၊ ငွေကြေးကို နောက် တန်းထားလို့ ချစ်တဲ့ခင်တဲ့စိတ် ဘော်ဒါစိတ် တစ်ခုတည်းနဲ့ ကျွန်တော် ဆက်သွယ်ကတည်းက အားတက်သရော ဝိုင်း ဝန်းကြတဲ့ သူငယ်ချင်းအဖွဲ့ တွေရယ်။  အဲဒီလောက်ထင် မထားဘူး။ ကွင်းလုံးပြည့် လာအားပေးကြတဲ့ ပရိသတ်တွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေ ရောင်းရင်းတွေ၊ လုပ်ဖော်ကိုင် ဖက်တွေ အားလုံးကို ကျေးဇူး ကမ္ဘာပါဗျာ။ ပြီးတော့ အားလုံး ရင်ထဲ မှာကျန်ခဲ့တဲ့ ပွဲတစ်ခုဆိုတော့ ကျွန်တော် ပီတိတွေ စားလို့ တအား ပျော်ခဲ့ရတာပေါ့” လို့ ဒီအမှတ်တရ ဂီတပွဲ ပြုလုပ်ဖို့ စတင် စိတ်ကူးရခဲ့တဲ့ Teen  အဖွဲ့က ဟဲလေးက ဒီပွဲကြီး အောင်မြင်ခဲ့ခြင်း အပေါ် သူ့ရဲ့ပီတိ ကို ပြောပါ တယ်။ ဒီ၂ဝဝဝ ပြည့်နှစ် များက မြန်မာပြည် ဂီတလောကကို လွှမ်းမိုးခဲ့တဲ့ ဒီအဖွဲ့တွေက အခုလို အ မှတ်တရ ဂီတပွဲမျိုးကို မန္တလေးမြို့မှာလည်း ထပ်မံပြုလုပ်ဖို့ တိုင်ပင် ဆွေးနွေးလျက် ရှိကြတယ် လို့လည်း သိရပါတယ်။

P054


LEAVE A REPLY

Please enter your comment!
Please enter your name here