ရုပ်ရှင်ရုံ တစ်ရာ ပေါ်လာပြီးရင်တောင် ရုပ်ရှင်ရုံ မလောက်သေး ဘူးဆိုတာ သိပ်ကို သေချာတဲ့ အဖြေပါ အကယ်ဒမီ ရန်အောင်

0
131

Yan-Aungအကယ်ဒမီ ရွှေကြို ရွေးချယ်ရေး ဥက္ကဋ္ဌ တစ်ဦးအဖြစ် အရင် အကယ် ဒမီဆုပေးပွဲ နှစ်တွေက လုပ်ဆောင် ပေးဖြစ်ခဲ့ပေမယ့် လည်း ဒီနှစ်မှာ တော့ အလုပ်တွေ များနေတဲ့ အတွက် အကယ်ဒမီ ရွှေကြိုရွေးချယ် ရေးအဖွဲ့ မှာ အဖွဲ့ဝင် တစ်ဦး အဖြစ်သာ ဆောင် ရွက် ပေးသွားမယ်လို့ ရန် အောင်က ဆိုလာပါတယ်။ ဒါ့အပြင် အကယ်ဒမီ ရန်အောင်က လက်ရှိမှာ ရုပ်ရှင် ဇာတ်ကားတွေ ရိုက်ကူး နေတာများ နေသော်လည်းရုပ်ရှင်ရုံ နည်းနေ ရခြင်းရ အပေါ်ကိုတော့

“ရုပ်ရှင်ရုံတွေ တိုးလာမယ်ဆို ရင် ရုပ်ရှင်လောက အတွက် တိုး တက်စေမယ့် အခွင့်အလမ်းတစ်ခုပါ။ ရုပ်ရှင်ရိုက်ပါတယ် ဆိုမှ ရုပ်ရှင်ရုံ မရှိရင် ဘာဆက်လုပ်ကြမလဲ။ ဒါ သည်တအားရှင်းတဲ့ အဖြေပါ။ ဘာမှ လုပ်လို့ မရဘူးလေ။ ရုပ်ရှင်ရုံတွေရှိ လာတဲ့ အတွက်ကြောင့်မို့လို့ ရုပ်ရှင် လောကသားတွေ အားလုံး ဆက်ပြီး အလုပ်လုပ်နိုင်မှာဖြစ်တယ်။ ရုပ်ရှင် ရုံတစ်ရာ ပေါ်လာပြီးရင်တောင် မလောက်သေးဘူး ဆိုတာ သိပ်ကို သေချာတဲ့ အဖြေပါ။ အဲ့ဒီတော့ ရုပ်ရှင်ရုံတွေက အခုရုံ တစ်ရာပြီးရင် ပိုများ လာတော့မယ်။ ပိုများလာရင် ပရိသတ်က ပိုအားပေးမယ်။ သရုပ် ဆောင်တွေလည်း ပေါ်ထွက်လာမယ်။ ရုပ်ရှင် ဇာတ်ကားတွေလည်း အများ ကြီးပေါ်ထွက်လာမယ်။ ရုပ်ရှင် လောက ကြီးလည်း ဒီထက် ပိုကြီးထွား လာမယ်။ တိုးတက် ဖွံ့ဖြိုးလာမယ်။ နိုင်ငံတကာကို ထိုးဖောက်နိုင်တဲ့ ဝင်ဆံ့နိုင်တဲ့ ဇာတ်ကားတွေ ထွက် ပေါ်လာပါလိမ့်မယ်” လို့ ပြောပြပါ တယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here