မြန်မာနိုင်ငံမှာMTV လာရောက်ရိုက်ကူးမယ့် ထိုင်ဝမ်မော်ဒယ် ဂျက်ဆီကာ ဘေဘီဖတ်စ်

0
501

15230576_1268503449877632_6082898836379401245_n copy

ထိုင်ဝမ်မော်ဒယ် ဂျက်ဆီကာ ဘေဘီဖတ်စ်က လွှမ်းပိုင်နဲ့ ဘန်နီ ဖြိုးရဲ့ သီချင်းသစ် MTV  မှာ ပါဝင်သရုပ်ဆောင် သွားမှာ ဖြစ်ပြီး   ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ မြန်မာ နိုင်ငံကို ရောက်ရှိ လာမှာဖြစ်ကြောင်း သိရပါတယ်။ ထိုင်ဝမ် မော်ဒယ်နဲ့ MTV   ရိုက်ကူးဖို့ စီစဉ် ဖြစ်ခဲ့ပုံကို Myanmar Media 7 မှ ကိုဝေမင်းမောင်က “ဂျက်ဆီကာ ဘေဘီဖတ်စ်က ထိုင်ဝမ်မှာရောInstagram  မှာရော တအား   ပေါ်ပြူလာဖြစ်နေတဲ့ မော် ဒယ်မလေးပါ။ သူ့ရဲ့ ခန္ဓာ ကိုယ်အလှကြောင့် နာမည် ကြီးတယ်။ ယောက်ျားလေး ပရိသတ်ထု အများကြီး ရ တယ်။ လွှမ်းပိုင်နဲ့ ဘန်နီ ဖြိုး ကလည်း သီချင်းသစ် တွေရှိတယ်။ သီချင်းသစ် ကလည်း ခပ်မိုက်မိုက် ခပ် သွက်သွက်လေး ရိုက်ကူး ရမယ် ဆိုတော့ Instagram   မှာဟော့နေတဲ့ လူကို လှမ်းဆက်သွယ် ပြီး ရိုက်ကူးကြမယ် ဆို ပြီး အကောင်အထည် ဖော်ဖြစ်သွား တာပါ။ သီချင်းကို နားထောင်ပြီး story ဆွဲထားတယ်။ သူ့ရဲ့အလှအ တိုင်းပဲsexy ကျကျ ရိုက်ကူးသွား မှာပါ” လို့ ပြောပါတယ်။ ဒီ MTV  ကို   ဖေဖော်ဝါရီလ ၂၇ ရက် နေ့မှာစတင်ရိုက်ကူးသွား မှာဖြစ် ပြီး ဒါရိုက်တာ ဝင်းလွင်ထက် ကပုံဖော်ရိုက်ကူးသွားမှာ ဖြစ် ပါတယ်။

P- 060


LEAVE A REPLY

Please enter your comment!
Please enter your name here