ကင်ဆာရောဂါကို တွန်းလှန်နိုင်ခဲ့တဲ့ ကိုင်ဇာ

0
410

Kai-Zarလွန်ခဲ့တဲ့ လေးလခန့်  ကတည်း က အဆိုတော် ကိုင်ဇာက အသည်း ကင်ဆာ ရောဂါကို စတင် ခံစားခဲ့ရပြီး ခုချိန် မှာတော့ ရော ဂါ ဝေဒနာက လုံးဝနီးပါး သက်သာ ပျောက်ကင်းစ ပြုလာပြီလို့ သိရပါတယ်။ ကင်ဆာ ရောဂါ အန္တရာယ်က လွတ်မြောက် လာခဲ့တဲ့ ကိုင်ဇာ က သူ့ရဲ့ဖြစ်ပုံ အခြေအနေ ကို ခုလို ပြောပြပါတယ်။

“ကောင်းသွားပြီလို့ ပြောရမှာ ပါ။ လွန်ခဲ့တဲ့ လေးလလောက်က ကျွန်တော် ပန်ကရိယ ယောင်တယ်။ ဗိုက်တအားအောင့်လို့ ဆေးရုံတက် ရရင်းနဲ့ ကျွန်တော့် အသည်းမှာ ကင်ဆာ အကျိတ် ကလေးတွေ့တယ်။ သွေးတွေဘာတွေ စစ်လိုက်တဲ့ အခါမှာ ကင်ဆာ ရှိနေတယ် ဆိုတော့ စင်ကာပူမှာ တစ်ခါထပ်သွားစစ် တယ်။ ကျွန်တော့် အသည်းထိပ်မှာ ဒီအကျိတ်က တစ်နေရာ ပဲရှိသေး တယ်။ တခြား ဘယ်နေရာ မှ မပျံ့ သေးဘူးပေါ့။ ရောဂါက နုသေးတော့ ဒါကို ကုဖို့လုပ်တယ်။ ညာဘက် ရင်ဘတ်ကနေ ဖောက်ပြီးတော့ ဒီ အကျိတ်ကို Ban လုပ်ပစ်တယ်။ ဒီ အကျိတ်ကို အထောက်အပံ့ ပေးနေတဲ့ သွေးကြောတွေကိုလည်း ဖြတ်ပစ် လိုက်တယ်။ ပြီးတော့ ခြောက် ပတ် ပြန်စောင့် ပြီး ပြန်စစ်တော့ ဒီ အကျိတ်နေရာမှာ အမာရွတ်ပဲ ကျန်ခဲ့တော့တယ်။ တခြား အခြေ အနေတွေလည်း ကောင်းသွား တယ်။ အရှင်း ပျောက်သွားတယ် ပြောရမှာ ပေါ့။ ဒါပေမဲ့ အဲဒီအတွက် ကင်ဆာ ဆဲလ်တွေကို တားမြစ်မယ့် ဓာတ်စာ တွေ စားရင်း သုံးလအနား ယူခိုင်း တယ်။ နောက်တစ်ခေါက်ပြန် သွားပြ လို့ လုံးဝ Clear ဆိုရင်တော့ လူ ကောင်း ပကတိဖြစ်သွားပါပြီ” လို့ ကိုင်ဇာက သူ့ ရောဂါ အကြောင်း ကို ပြောပြသလို ရောဂါ ရှိနေစဉ်မှာ လည်း တခြားဝေဒနာ ကြီးကြီးမားမား မခံစားရဘဲ ခုလိုကုသလိုက်တဲ့ အခါမှာလည်း စိတ်ပါ ရှင်းသွားပြီး ပို လန်းဆန်း သွားတယ်လို့ ဆိုပါတယ်။

ကျန်းမာရေး ပြန်လည်ကောင်းမွန် လာတဲ့ ကိုင်ဇာက ဒီနွေတစ်နွေလုံး မှာတော့ သူ့ရဲ့ စီးရီးသစ် အတွက် အပြီးသတ် အသံသွင်း ယူမှုတွေ စတင်မှာဖြစ်ပြီး မကြာမီ ထွက်ရှိ လာမယ် လို့ လည်းသိရပါတယ်။

“ကျွန်တော့်လက်ထဲမှာ သီချင်းသစ်တွေ အပုဒ် ၂ဝကျော် လောက် ရှိပါတယ်။အဲဒါကို ဒီနှစ် ဆောင်းနဲ့ နွေတစ်နွေလုံး သေချာ စိစစ် အသံ သွင်းယူမှုတွေ ပြုလုပ်ပြီး ရင်တော့ မိုးတွင်းကာလမှာတော့ ပရိသတ် လက်ထဲကို ထည့်ပေး နိုင်ပါပြီ” လို့ ကိုင်ဇာက ပြောပါ တယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here