တစ်နှစ်ခွဲ ကြာအောင် ဆောက်လုပ်ခဲ့ရတဲ့ မော်လမြိုင်မြို့၊ အောင်ဇမ္ဗူတောရ ကျောင်းဆောင်သစ်

0
213

KIX_7867မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အောင်ဇမ္ဗူ ကျောင်းတိုက် ဓမ္မရိပ်သာ ဝင်း အတွင်းမှာ ဆောက်လုပ် ပြီးစီးပြီ ဖြစ်တဲ့ အောင်ဇမ္ဗူတောရ ၅ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်း အနားကိုတော့ ဇန်နဝါရီလ ၁၂ရက် နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆို ပါ ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်း အနားမှာတော့ အောင်ဇမ္ဗူတောရ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ပဏ္ဍဝံသ ဆရာတော်ဘုရားကြီးနဲ့ တပည့် ဒါယကာ၊ ဒါယိကာမများ၊ အနုပညာရှင် များက တက်ရောက် ကုသိုလ် ယူခဲ့ကြပါတယ်။ ကျောင်း ဆောင်သစ် ဖွင့်လှစ်ရခြင်း အ ကြောင်း ကို အောင်ဇမ္ဗူတောရ ဆရာ တော်ဘုရားကြီးက မိန့်တော်မူ ရာမှာတော့

“ဒီဗိမာန်ကြီးကို ဆရာတော်တို့ တစ်နှစ်ခွဲကျော်ကျော် ကြာအောင် တည်ဆောက်ကြရတာပေါ့။ ဒီဗိမာန် ကြီး တည်ဆောက်ထားပုံ လေးက လည်း အောက်က  Hall ခန်း အကြီး ကြီးပေါ့။ အခမ်းအနားတွေ ကျင်းပ နိုင်အောင်၊ ဝါဆို၊ ကထိန်၊ အလှူအ တန်းတွေနဲ့ တရားဘာဝနာ အား ထုတ်ဖို့ ဘက်စုံအတွက်ပေါ့။ သံဃာ တွေ၊ ယောဂီတွေ အဆင် သင့်သလို သီတင်းသုံး နိုင်အောင် အခန်းပေါင်း ၄ဝပေါ့။ ဟိုးအမြင့် ဆုံးအထပ်မှာ တော့ မနက်စာစားနိုင် အောင် မှန်ခန်းတွေ နဲ့ ခမ်းခမ်းနား နားလေး တည်ဆောက် ထားပါတယ်” လို့ အောင်ဇမ္ဗူတော ရဆရာတော်က ကျောင်းဆောင်သစ် တည်ဆောက် ထားပုံကို မိန့်တော်မူ ခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ဆရာတော်က ပြည်တွင်း ၊ ပြည်ပမှ ရဟန်းရှင် လူများ လာရောက်မှု များလာတဲ့ အတွက် အဆိုပါ ဗိမာန်သစ်ကို တည်ဆောက် ခဲ့ခြင်း ဖြစ်ကြောင်းလည်း မိန့်ပါတယ်။

မော်လမြိုင် ၅ထပ်ကျောင်း ဆောင်သစ်နှင့်ပတ်သက်ပြီးတော့ လည်း “နိုင်ငံတကာက ဘုန်းတော်ကြီး တွေ သူတို့လည်း တွေ့ဆုံပွဲတွေ လုပ် ချင်တယ်။ အဓိက က နိုင်ငံခြားသား တွေပေါ့လေ။ နိုင်ငံ ခြားသားတွေက အမှန်တကယ် ကတော့ ကျောင်းရယ် မှမဟုတ်ဘူး။ ဆရာတော်တို့ အမြင် က အိမ်တွေလည်း ကောင်းကောင်း ဖြစ်သင့်ပါတယ်။ ဇရပ်တွေလည်းဖြစ် သင့်တယ်။ ရွှေတိဂုံစေတီတော်ကြီးအ ပါအဝင် ပတ်ဝန်းကျင်တွေ၊ အိမ်သာ၊ရေ အကုန် အဆင့်တန်းမီပေါ့ ဖြစ်သင့် ပါတယ်။ ဒါကတော့ တစ်နိုင်ငံလုံး ဖြစ်စေချင်တဲ့ ဆန္ဒပါ” လို့ ဆရာတော် က မိန့် ကြားပါတယ်။

အဆိုပါကျောင်း ဆောင်သစ်ဖွင့် ပွဲ မတိုင်မီ ဇန်နဝါရီလ ၁၁ရက်နေ့က စာသင် စာချနေကြတဲ့ မုဒုံ၊ မော် လမြိုင်စာသင်တိုက်မှ သံဃာတော် အပါး ၂ဝဝဝခန့်နဲ့ ပြည်ပနိုင်ငံမှ သံဃာတော် ၂၅ပါးကို ရန်ကုန်၊ မော် လမြိုင်မှ ဒါယကာ၊ ဒါယိကာမများက စုပေါင်း ဆွမ်း ဆန် စိမ်းလောင်းလှူပွဲ ကျင်းပခဲ့ပါတယ်။ အဆိုပါ အောင် ဇမ­္ဗူ ၅ထပ်ကျောင်းဆောင် သစ်ကို တော့ အလှူရှင် ဦးထွန်း၊ ဒေါ်မိုးမိ သားစုမှ မတည်လှူဒါန်းခဲ့တာဖြစ် ပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here