ကလေးအဖေ ဖြစ်တော့မယ့် ကောင်းခန့်

0
163

Kaung-Khant သရုပ်ဆောင် ကောင်းခန့်ရဲ့ ဇနီး မရူပါက ကိုယ်ဝန်၃လ ရှိနေပြီ ဖြစ်တယ် လို့ သိရပါ တယ်။ မကြာခင် ဖခင် တစ်ယောက် ဖြစ်တော့မယ့် အ တွက် ဒီထက် အလုပ် ပိုကြိုးစားရ တော့မှာဖြစ်တယ်လို့ ပီတိအပြုံးတွေ နဲ့ ကောင်းခန့်က ပြောပြပါတယ်။

“ကိုယ်ဝန်က ၃လထဲမှာ။ ဖခင်ဖြစ်တော့မှာ ဆိုတော့ ဝမ်းသာပါတယ်။ နဂိုက တည်းက လည်း ကလေးယူဖို့ ဆန္ဒရှိတယ်။ ကျွန်တော် တို့ နှစ်ယောက်က ၇လပိုင်းမှာ လက်ထပ် ခဲ့တယ်။ ကြားထဲမှာ ဝါဝင် သွားတော့ ဝါထွက်မှ ဧည့်ခံပွဲလုပ်တာ။ ကလေးက ရရင်ယူမယ် ဆိုပြီး မတားထားဘူး။ ကျွန်တော် ဒီထက်ပိုပြီး အလုပ်တွေ ကြိုးစားရတော့မယ်။ ကျွန်တော်တို့ နှစ်ယောက် စလုံးက သားဦးလေး လိုချင် တယ်။ ကိုယ်ဝန်က သိတာလည်း နောက်ကျတယ်။ ဟန်းနီးမွန်း တွေထွက်ပြီး ပြန်လာမှ ကိုယ်ဝန် ၈ ပတ်လောက် ရှိနေပြီ။ အဲဒီအချိန်မှာမှ သိတာ။ အခုတော့ မသက်မွန်မြင့်တို့ လင်မယား ကျွန်တော် တို့ကို လိုက်ပို့ ပေးတဲ့ ဆရာမ ဒေါ်ခင်မျိုးဦး ဆီမှာ ပြနေတယ်။ ဝိတို ရိယ ဆေးရုံမှာပဲ မွေးဖြစ်မလား။ ပန်းလှိုင် ဆေးရုံမှာပဲ မွေးမလားဆိုတာ လောလောဆယ်တော့ မသိသေးဘူး”လို့ ပြော ပါတယ်။ ကောင်း ခန့် နဲ့ မရူပါ တို့က ဇူလိုင်လ ၁၇ရက်နေ့မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးခဲ့ပြီး နိုဝင်ဘာလမှာ မင်္ဂလာဧည့်ခံပွဲ ပြုလုပ် ခဲ့တာဖြစ်ပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here