အစိုးရသစ်လက်ထက် နာရေး ကူညီမှုအသင်း (ရန်ကုန်)၏ မျှော်လင့်ချက်

0
223

narku

နာရေးကူညီမှုအသင်း(ရန်ကုန်) ရဲ့ တည်ထောင်ခြင်း ၁၆ နှစ်ပြည့်အခမ်းအနားကိုတော့ ဇန်နဝါရီလ ၈ရက်နေ့ မနက်ပိုင်းက ဒဂုံမြို့သစ် မြောက်ပိုင်းမှာရှိတဲ့ နာရေးကူညီမှု အသင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားကို နာရေးကူညီမှု အသင်း နာယကကြီး သူရဦးတင် ဦး၊ ဦးစိန်တင်နဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ တက်ရောက် ခဲ့ကြပါတယ်။ အဆိုပါ အခမ်းအနားကျင်းပပြုလုပ်ဖြစ်ပုံအကြောင်းကို နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော် သူက ပြောကြားရာမှာတော့..

” နာရေးကူညီမှု အသင်းက ဘဘဦးသုခကနေစပြီး တည်ထောင်ခဲ့တာပေါ့။ ၂ဝဝ၁ခုနှစ် ကတည်းက ကျွန်တော်တို့ ပါဝင်ခဲ့တယ်။ အခုချိန် ထိ ဒါကျွန်တော်တို့ ၁၆နှစ်ကာလကို ဖြတ်သန်းခဲ့ပြီ။ အဲဒီတော့ ဝမ်းသာ ပီတိဖြစ်စရာက ကျွန်တော်တို့တွေ ကယ်ခဲ့တဲ့လူသားတွေအတွက် သူတို့ အပူမီးတွေ ငြိမ်းအေးခွင့်ရတဲ့အတွက် လည်း ပီတိတော်တော်လေးခံစားရ ပါတယ်။ ဒီ ၁၆နှစ်တာကာလမှာ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့တဲ့ သူတွေ အမျိုးမျိုး တားဆီးပိတ်ပင်မှု တွေနဲ့ ဖြတ်သန်းခဲ့ရတယ်။ အဲဒီ တုန်းက ကူညီမှုဆိုတာက ကျွန်တော် တို့အတွက် အသက်ရှူမဝခဲ့ပါဘူး။ မွန်းကြပ်စွာနဲ့ ကူညီခဲ့ရတာပါ။ အခုချိန်ခါ အစိုးရသစ်လက်ထက်မှာတော့ ကျွန်တော်တို့ အသက် ဝဝရှူပြီးတော့ ကူညီခွင့်ရမယ်လို့ မျှော်လင့်ပါတယ်”လို့ ဦး ကျော်သူက ပြောခဲ့ ပါတယ်။

narku2

နာရေးကူညီ မှု အသင်းကြီးရဲ့ ၁၆နှစ်ပြည့် အခမ်းအနားမှာတော့ ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်တို့က နာရေး ကူညီမှုအသင်း(ရန်ကုန်) ရဲ့ ပရဟိတ လုပ်ငန်းကဏ္ဍအသီးသီးမှာ ပါဝင် ဆောင်ရွက်ခဲ့ကြသူများကို ဂုဏ်ပြုဆုတံဆိပ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ အဲဒီ နောက်မှာတော့ နာရေးသရုပ်ပြ အစီအစဉ်များ၊ မီးသတ်ခြင်းနဲ့ ကာကွယ်ရေးသရုပ်ပြ အစီအစဉ်များ၊ အရေးပေါ်လူနာကူညီစောင့် ရှောက်မှုသရုပ်ပြ အစီအစဉ်များကို နာရေးကူညီမှုအသင်း (ရန် ကုန်)မှာ နာယကကြီးများ၊ ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဧည့်သည်တော်များက ကြည့်ရှုအား ပေးခဲ့ကြပါတယ်။ အဆိုပါ အခမ်းအနားမှာတော့ နာရေးကူ ညီမှုအသင်းရဲ့ ၁၆နှစ်ပြည့် မဂ္ဂဇင်း ရောင်းချခြင်း၊ အမှတ်တရ ဈေးဆိုင် ခန်းများ ဖွင့်လှစ်ပေးခြင်း၊ ကယ်ရီ ကေးချားရေးဆွဲပေးခြင်း အပါအဝင် တေးဂီတဖျော်ဖြေမှုများနဲ့ အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့ကြပါတယ်။ နာရေးကူညီမှုအသင်း (ရန်ကုန်)အနေနဲ့ ၂ဝ၁၇ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ အသင်းရဲ့ အသစ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အသစ်နဲ့အတူ စနစ်တကျဖော် ဆောင်ပြီး ပရဟိတလုပ်ငန်းများ ပိုမို တိုးတက်လှုပ်ရှားသွားဖို့ ရှိကြောင်း လည်း သိရပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here