လွန်ခဲ့တဲ့ ၁၆ နှစ်ကို အလည်သွားကြမယ့် ဂီတသမားများ

0
128

group၂ဝဝဝပြည့်နှစ် ဝန်းကျင် ကာလတွေဟာ မြန်မာ့ ဂီတလောက ရဲ့ ကောင်းသော ပြောင်းလဲခြင်း တွေ များစွာ ဖြစ်ပေါ်ခဲ့တဲ့ ကာလ လို့  ပြောနိုင် ပါ တယ်။ အဲဒီ ကာလအပိုင်းအခြား က လူငယ်တွေ ဟာ ဂီတ အဖွဲ့တွေ အသီးသီးဖွဲ့ခဲ့ကြပြီး မြန်မာပြည် ရဲ့ Boy Band / Girl Band လောကကို အား ကောင်းမောင်းသန်ဖြစ်စေခဲ့ပါတယ်။

အခု နှစ် ပေါင်း ၁၆ နှစ်ကြာ အပြီးမှာတော့ သူတို့ထဲက တချို့ကလည်း ဂီတလောကထဲမှာ ဆက်ရှိနေပြီး တချို့ကလည်း အခြားနယ်ပယ် အသီးသီးမှာ ပုံစံ အမျိုးမျိုးနဲ့ ရပ်တည်နေ ကြပြီ ဖြစ်ပါ တယ်။ အခု သူတို့ အဖွဲ့တွေ စုပေါင်းပြီး ဂီတဖျော် ဖြေပွဲ တစ်ခု ပြုလုပ်တော့ မှာ ဖြစ်ပါ တယ်။ ဒီပွဲမှာတော့ မြန်မာပြည်ရဲ့  ဟစ်ဟော့ပ် ရှေ့ဆောင်တွေဖြစ်တဲ့ Acid, Theory, too big စတဲ့ အဖွဲ့တွေအပြင် Teen, Kook,  N0, Bambino  စတဲ့အမျိုးသမီး အဖွဲ့ များ၊ Examplez, 102.7 fm  စတဲ့ ၂ဝဝဝ ဝန်းကျင်က အဖွဲ့ပေါင်း များစွာ ပါဝင် မှာ ဖြစ်ပါ တယ်။ ဒီပွဲကိုတော့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၆ နာရီ ပြည်သူ့ရင်ပြင်မှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ပြီး Nine planet  နဲ့  Shwe Sin Entertainment တို့က ပူးပေါင်း စီစဉ်ကြတာ ဖြစ်ပါတယ်။

“၂ဝဝဝပြည့်နှစ်က အဖွဲ့တွေ အားလုံးနီးပါး ပါပါမယ်။ တချို့  ကျန်တဲ့ အဖွဲ့တွေလည်း ကျန်ပါ သေးတယ်။ အခု လောလောဆယ်တော့ ဒီအဖွဲ့တွေ နဲ့ပေါ့။ နောက် အခေါက်တွေ များမှာလည်း ဒီထက် လူစုံစုံ အဖွဲ့စုံစုံ နဲ့လုပ်ချင် ပါတယ်။ ၂ဝဝဝပြည့်နှစ်ဟာ မြန်မာ့ ဂီတလောကရဲ့ အလှည့်အပြောင်း တစ်ခုလို့လည်း ပြော နိုင်ပါတယ်။ အဲဒီတုန်းက ယောက်ျားလေး အဖွဲ့တွေရော၊  မိန်းကလေး အဖွဲ့တွေ ရော စုံစုံလင်လင် နဲ့ ပျော်စရာကြီးပါ။ အဲဒီ အရသာလေးကို ပြန်ခံစားချင်လို့  ဒီပွဲကို လုပ်တာပါ။ ပွဲနေ့မှာလည်း အနောက်က LED မှာ အဲဒီကာလက Documentry တွေပြန်ပြသွားဖို့  စီစဉ်ထားပါတယ်” လို့ အဆိုပါပွဲကို စီစဉ်သူတွေ ထဲက Shwe Sin Entertainment ၏ ကိုစိုးနိုင်ထွန်း က ပြောပါတယ်။

P054


LEAVE A REPLY

Please enter your comment!
Please enter your name here