အမေရိက ခရီးသွား အယ်လ်ဘမ် အပိုင်း(၁)

0
124

drthant

ကမ္ဘာကြီးထဲမှာ ခေတ်မီတိုး တက်ဖွံ့ဖြိုးပြီး အင်အားအကြီးဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုကို ကံတရား အထောက်အပံ့ကောင်းနဲ့ ပညာရေး ခရီးစဉ်လေ့လာရေးခရီးအဖြစ် ၂ဝ၁၆ခုနှစ်အတွင်းက စာရေးသူသွား ရောက်ဖြစ်ခဲ့ပါတယ်။ ဒီလိုပညာရေး ခရီးစဉ်လေ့လာရေးခရီးအနေနဲ့ အမေရိကန်ပြည်ထောင်စုဆီ သွား ရောက်ချိန်အတွင်းမှာ စာရေးသူ ကိုယ်တိုင်တွေ့မြင်ခဲ့ရသမျှ နယူးယောက်မြို့၊ လက်ဗီးဂတ်မြို့တို့ရဲ့မြို့ပြည်မြို့ပြအလှရှုခင်းများအပါ အဝင် အင်အားကြီးနိုင်ငံတစ်ခုရဲ့ လူမှု အဆောက်အဦအတွက် အခြေခံက အစပြုပြီးတော့ ပြည်သူ့ဝန် ဆောင်မှု ပေးပုံများနဲ့အားကျစရာ တုပစံထား ဖွယ်ရာ စီးပွားရေး၊ ပညာရေး၊ လူမှု ရေး၊ ဆက်သွယ်ရေးလုပ်ငန်းတို့ချိတ် ဆက်ဆောင်ရွက်ပုံများထဲက မြန်မာပြည်အတွက် မြို့ပြတည်ထောင်မှုနဲ့ မြို့ ပြလူမှုအဆောက်အဦတည် ဆောက်မှုအတွက် အထောက်အပံ့ ဖြစ်စေမယ့် အကြောင်းအရာများကို အမေရိကခရီးသွားအယ်လ်ဘမ် ခရီးသွားမှတ်တမ်းဆောင်းပါးအဖြစ် ခေါင်းစဉ်ငယ်များခွဲကာ ရေးသား တင်ပြလိုက်ရပါတယ်။

စမတ်မြို့ပြစတိုင်နဲ့ နယူးယောက်မြို့ မြင်ကွင်း

ကမ္ဘာတစ်ခုလုံးရဲ့ ငွေကြေးကို ထိန်းချုပ်ကစားတဲ့ Stock Exchange ကလည်းနယူးယောက်မြို့မှာပဲရှိလို့ နေပါတယ်။ နယူးယောက်ကလူစုံ သလိုဒုစရိုက်မှုတွေလည်းရှိတယ်။ အထူးသဖြင့် Mexican အမဲတွေက နယူးယောက်ကို နည်းမျိုးစုံနဲ့ရအောင်ခိုးဝင်အခြေချနေထိုင်ကြတယ်။ သူတို့ဆီမှာတစ် ပတ်အလုပ်လုပ်မှရတဲ့လစာဝင်ငွေဟာ အမေရိကန်မှာ တစ်နေ့တည်းလုပ်ရုံနဲ့သူတို့ ရနိုင်သလို အောက်ခြေသိမ်း အလုပ်တွေ မှန်သမျှသူတို့အကုန်လုပ်ကြတယ် လေ။ အိမ်သန့်ရှင်းရေးလား၊ ဆေးသုတ်လား၊ အိမ်ပြောင်းအိမ်ရွှေ့နဲ့ အစစသော သူများမလုပ်ချင်တာ သူတို့ကိုဈေးပေါပေါနဲ့ခိုင်းလို့ရတယ်။ သူတို့လည်း လုပ်ကြတယ်လေ။

သို့ပေမယ့်လူဦးရေထူထပ်လာကာ အခွန်တွေမဆောင်တာဒုစရိုက်မှုတွေ များလာလို့ခုနောက်တက်လာမယ့် သမ္မတလောင်းဒေါ်နယ်ထရန့်က တော့မက္ကစီကိုဘက်ကို မဟာတံတိုင်းကာပြီး မက္ကစီကိုတွေနှင်မယ်လို့ တော့ ကျိန်းဝါးနေပါတယ်။

နယူးယောက်ပြည်နယ်ရဲ့ အထင်ကရလည်ပတ်သင့်တဲ့ အကျော်အမော်နေရာတွေက နယူးရီးယားညမှာ တစ်ကမ္ဘာလုံးက စောင့်ကြည့်ရတဲ့ Time Square ,Central Park , Niagara Falls , Grand Central Terminal, Statue of Liberty တို့ဖြစ်ကာ ကမ္ဘာ့အကောင်းဆုံး ၃၅ ခုထဲပါတဲ့ တက္ကသိုလ်တွေ ဖြစ်တဲ့ Columbia University, New York University , Rockefeller University တို့ဟာလည်း ဒီနယူး ယောက်ပြည်နယ်ထဲမှာပါဝင်ပါတယ်။

နောက်ပြီးလူအချို့ကတော့ ထင်ပါလိမ့်မယ်။ နယူးယောက်ပြည်နယ်ရဲ့မြို့တော်သည်နယူးယောက် မြို့လို့ပါပဲ။ အမှန်ကနယူးယောက် ပြည်နယ်ရဲ့မြို့တော်က Albany ပါ။လူဦးရေက၂ဝ၁၃ခုနှစ် သန်းခေါင်စာရင်းအရ ၁၁၇ဝ၄၈၃ရှိကာနယူး ယောက် မြို့နဲ့မိုင်၁၅ဝအကွာမြောက် ဘက်အရပ်မှာရှိပြီးနယူးယောက်ပြည် နယ် အစိုးရရုံးစိုက်ပါတယ်။ နယူးယောက်မြို့မှာ နေထိုင် ကြသူတို့ရဲ့ လူနေမှုဘဝစတိုင်အနေ အထားကတော့ အစိုးရရုံးဝန်ထမ်းလို လူတန်း စားကသူ့သတ်မှတ်တဲ့ရုံးချိန် မနက်၈နာရီကနေညနေ၅နာရီထိ ရုံးတက်တဲ့လူရှိသလိုကျောင်း တစ်ဖက်နဲ့လာ နေနေတဲ့သူတွေက ကျောင်းချိန် ကျောင်းတက်ရင်း ကျန်တဲ့အချိန်တွေမှာအလုပ်လုပ်၊ စီးပွားရှာရသူတွေရှိပြန်ပါတယ်။ ထို့အတူ internship လို့ခေါ်တဲ့ အလုပ်သင်ဘဝ အချိန်တွေဆိုတဲ့ သဘောအရ အလုပ်တွေထဲမိမိနိုင်သလောက် Working Hours ယူရင်းလုပ်ငန်း အတွေ့အကြုံယူရတဲ့ အပိုင်းလည်းရှိပြန်ကာ၊ ထိုအပိုင်း လုပ်သူတွေကပိုက်ဆံအတွက်မဟုတ်၊ အလကား လုပ်ရကာလုပ်သက်ယူ ထားပြီးလုပ်ဆောင်ခဲ့တဲ့အလုပ်ရဲ့ အကြီးအကဲရဲ့ ထောက်ခံချက်တွေ အလုပ်ချိန်တွေက မိမိတစ်ကယ်လုပ်မယ့် အလုပ်ကြီးကြီး တွေအချိန်မှာ အလုပ်အလွယ်တကူရဖို့အာမခံချက်တွေရရှိနိုင်မှာပါ။

ကျွန်တော့်မိတ်ဆွေသူငယ်ချင်းခမျာဆိုရင် ကျောင်းကတစ်ဖက် အလုပ်က တစ်ဖက်လုပ်လိုက်ထို Intern လို့ ခေါ်တဲ့အတွေ့အကြုံအလုပ် service ကတစ်ဖက်နဲ့ ကျွန်တော့်ကိုလိုက်ပို့ ပေးနိုင်ဖို့ကို ကျွန်တော်မလာခင်တစ်လလိုကတည်းက ကြိုတင်အချိန် တွေညှိယူထားပြီးပြန်ခါနီး နောက်ဆုံးပတ်မှာ ခရီးရှည် ထွက်နိုင်ဖို့သူ့အလုပ်တွေ ကိုညှိယူထားရပါတယ်။ ဆိုလိုတာက အချိန်နဲ့အမျှတန်ဖိုးတစ်ခုတွေနဲ့ အတူမအားလပ်နေတဲ့ နိုင်ငံခြားမှာ နေတဲ့ ကိုယ့်မြန်မာလူမျိုးတို့ရဲ့ဘဝ တွေကိုတင်ပြခြင်းပါ။ ပိုက်ဆံက ကိုယ်ရှာနိုင်ရင်ရှာနိုင်သလိုရ ပေမယ့် ကိုယ့်ရဲ့လုပ်သက်အတွေ့အကြုံ၊ ပညာအရည်အချင်းတွေက ကိုယ့်ရဲ့ ဘဝဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ ကိုကိုယ်တိုင်ဖန်တီးရသလို အရာရာ ငွေရှာရမလွယ်ကူတဲ့ဘဝတွေကိုပြသနေတာပါ။

မိတ်ဆွေသူငယ်ချင်းတွေတချို့လာမတွေ့နိုင်၊ လာမကြိုနိုင်လို့ မိမိ အားခုလိုဆက်ဆံရကောင်းလားလို့ နိုင် ငံခြားနေမိတ်ဆွေများကိုစွပ်စွဲ ပြောဆိုလို့မရနိုင်ပါဘူး။ ကိုယ်ပိုင် အလုပ်လေးလုပ်လာနိုင်ပြီဆိုတာနဲ့ ကိုယ် ပိုင်အိမ်၊ ကိုယ်ပိုင်ကားစတာတွေကို Installment အရစ်ကျစနစ်နဲ့ ပေးနိုင်လို့ အိမ်ပိုင်ကားပိုင်တော့ဖြစ် လာနိုင်ကာအရစ်ကျဆပ်ရတဲ့စနစ် ဆိုတာနိုင်ငံခြားနေမြန်မာတွေရဲ့ ဘဝတွေပါ။ သို့ပေမယ့်ပိုက်ဆံကလည်း ရှာနိုင်ရင်ရနိုင်သလိုပေးရ တဲ့အခွန်အခတွေကလည်းဈေးကြီး ပေလို့ ရှာလိုက် အခွန်ခပေးလိုက်နဲ့ ကွက် တိအနေအထားနဲ့ တအားကြီး ပိုလျှံချမ်းသာအောင်ဆိုတာကတော့ သိပ်မလွယ်လှပါဘူး။

သို့ပေမယ့်ဒီလိုအခွန်အခတွေကမိမိအသက်ကြီးလို့အလုပ်မလုပ်နိုင်ပင်စင်ရရင်ဖြင့်မိမိပေးခဲ့တဲ့ အခွန်တွေကမိမိအလုပ်မရှိတော့ ချိန်လခအနေနဲ့ပြန်လည်ရရှိလာခြင်း၊ ထိုအချိန်အိမ်ပိုင်ကားပိုင်ဘဝနဲ့ အတူကျန်း မာရေးပရီမီယမ်အခွန်တွေဆောင်ခဲ့ရလို့ နောက်ဆုံးခရီးတစ်ခု ကို ညင် သာစွာနဲ့အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်။ ငယ်ဘဝသန်မာချိန်ကာ လမှာ ကြိုးစားရုန်းကန်ခဲ့ကြကာ ဘဝအချိန်တွေကို အေးချမ်းတည်ငြိမ် ကြ ဖို့လုပ်ဆောင်နေတဲ့စနစ်တွေရဲ့ ကောင်းခြင်းသာဓကပါ။ နယူး ယောက်မှာ အခြေခံလုပ်သားတစ်ဦးတစ်နာရီလုပ်ခက ဒေါ်လာ ၈.၇၅ ဖြစ်ကာများသောအားဖြင့် ထိုလုပ်အားခဟာ Tip Money မရသော အခြေခံအလုပ်သမား အတွက်ဖြစ်ကာ Tip Moneyရတဲ့သူတွေက ဒေါ်လာ ၅ ဒေါ်လာရကြပါတယ်။ ကြုံလို့ စားသောက်ဆိုင်တွေ အကြောင်းတင်ပြချင်မိပါတယ်။ နယူးယောက် မြို့ပေါ်ကစားသောက် ဆိုင်တိုင်းကို New York City, Department of Health ကခြောက်လတစ်ကြိမ်, ဘယ်နေ့စစ်မယ်ဘယ်ချိန်လာစစ်မယ်မပြောဘဲ ရုတ်တရက်စစ်ဆေးပြီး Grade A , B , C ရယ် Grade Pending ဆိုပြီး အဆင့်တွေပေးကာ ဆိုင်တိုင်းရဲ့မြင် သာတဲ့နေရာတွေမှာ ချိတ်ဆွဲကြရပါတယ်။ ဒါမှလည်းစားသုံးသူကကိုယ် စားတဲ့ဆိုင်ရဲ့သန့်ရှင်းမှုစိတ်ချမှု အဆင့်ပေါ်လွတ်လပ်စွာရွေးချယ်နိုင်ပါတယ်။ သို့သော်လမ်းမပေါ်များမှာ တွန်းလှည်းနဲ့ ရောင်းတဲ့ဆိုင်များက တော့မလိုပါဘူး ။ဗဟုသုတရဖွယ်တစ် ခုအဖြစ်သော်လည်းကောင်း ကိုယ့် နိုင်ငံမှာလိုက်နာကျင့်သုံးနိုင်တဲ့ အချက်တစ်ခုအနေဖြင့် မျှဝေဖော်ပြ လိုက်ပါတယ်။

ဆက်လက်ဖော်ပြပါမည်
ဒေါက်တာ သန့်ဇော်လွင်
(Environmental Health)


LEAVE A REPLY

Please enter your comment!
Please enter your name here