ရှေ့ဆက်မယ့်လမ်းအတွက် သောကတွေ အေးသွားတာပေါ့လို့ဆိုတဲ့ City FM ဂီတဆုရှင် ဝင်းလဲ့ချယ်ရီ

0
218

WinLaeCherry-1

City FM ဆုပေးပွဲမှာ ၂ဝ၁၆ ခုနှစ်အတွက် ရောင်းအားအကောင်းဆုံး မြန်မာသံစဉ် တေးစီးရီးသီဆိုသူအမျိုးသမီးတေးသံရှင်ဆုကို ဝင်းလဲ့ချယ်ရီက “နှလုံးသားရဲ့ ဆုပန်ကလျာ” တေးစီးရီးနဲ့ ရရှိခဲ့ပါတယ်။ သူမရဲ့ ပထမဆုံး ဂီတဆုအတွက်သူမက ..

” အများကြီး ခွန်အားတွေဖြစ်ပါတယ်။ ဒီစီးရီးခွေက အကောင်းဆုံးတွေလုပ်ထားပေမယ့် ပရိသတ် မကြိုက်ဘူး၊ မနှစ်သက်ဘူးဆိုရင် ဘယ်လိုလုပ်ရ မလဲဆိုပြီး သောကတွေများနေခဲ့ တာပါ။ ကိုယ် မျှော်လင့်ထားသလိုမဖြစ်နိုင်တာရယ်၊ ဖြစ်နိုင် တာရယ်မှာ နှစ်ခုစလုံးကို ဝင်းလဲ့ကြိုပြီး တွေးလေ့ရှိပါတယ်။ အဲဒီလိုအချိန်မှာ တကယ်ဖြစ်သွားခဲ့တယ်ဆိုတော့ ရှေ့ဆက် ပြီးတော့လည်း ပိုပြီးတော့ တာဝန် ကြီးတယ်လို့ထင်တယ်။ မြန်မာသံစဉ်နဲ့ ပတ်သက်ပြီးတော့ လည်း အများကြီးခွန်အားတွေ ဖြစ် တယ်။ ဒီစီးရီးခွေမထွက်ခင်တုန်းက စိတ်အနှောင့်အယှက်လေး တွေ၊ သောကလေးတွေလည်း နည်းနည်းရှိတယ်။ အခုလို အောင်မြင်မှုမှတ်တိုင်လေး တစ်ခုအဖြစ် သတ်မှတ်ပေးတဲ့အတွက် ရှေ့ဆက်ဖို့လမ်း အတွက် သောကလေးအေးသွားတာပေါ့”လို့ ဝင်းလဲ့ ချယ်ရီကပြောပါတယ်။ သူမက ဓာတုကလျာ၊ လောက ကြီးကိုခါးစောင်းတင်မယ့် လူသား၊နှလုံးသားရဲ့သင်္ကြန်၊ နှလုံးသားရဲ့ ဆုပန်ကလျာစတဲ့ တေးစီးရီး ၄ ခွေထွက် ရှိထားပြီး မကြာခင်မှာလည်း
ပဉ္စမမြောက် တေးစီးရီး ထွက်ရှိတော့မှာပါ။

” တေးရေး နှလုံးသားရဲ့ သီချင်းတွေပါပဲ။ စီးရီး ခွေနာမည်ကို “နှလုံးသားရဲ့သခင်” လို့ ပေးထားပါတယ်။ Audio နဲ့ Music Video ပေါင်းထွက်မယ်လို့ ထင်ပါတယ်။ Audio က အကုန်ပြီးသွားပြီ။ ရိုက်ကူးရေးပဲ ကျန်တော့တယ်။ အဲဒါက ဇွန်လ၊ ဇူလိုင်လလောက် ထွက်ရှိပါမယ်” လို့ သူမက ပြော ပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here