လူငယ်တွေ ဂီတလောကမှာ နေရာတစ်နေရာ ရသွားတဲ့အတွက် ဝမ်းသာတယ်ဆိုတဲ့ ပြုံးတေးထုတ်လုပ်ရေးက ကိုနိုင်ထွန်း

0
182

Naing Tun-1

City FM ဆုပေးပွဲမှာ ၂ဝ၁၆ ခုနှစ်အတွက် ရောင်းအားအကောင်းဆုံး စတီရီယို တေးစီးရီးထုတ်လုပ်သူဆုကို ကိုနိုင်ထွန်းရဲ့ ပြုံးတေးထုတ်လုပ်ရေးက ရရှိခဲ့ပါတယ်။ ကိုနိုင်ထွန်းတို့ ပြုံးတေးထုတ်လုပ်ရေးက ရွှေထူးရဲ့ “စိတ်ကူးယဉ်စာအုပ်”၊ ထက်ယံရဲ့ New ၊ G.Fatt ရဲ့ ဂျင်၊ X.Box ရဲ့ ၉ နဲ့ နောက်ဆုံး J.Fire ရဲ့ မန္တလေး တပင်ရွှေထီး တေးစီးရီးတို့ကို ထွက်ရှိထားပြီး လူငယ်အဆိုတော်တို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပေးထားခြင်း ဖြစ်ပါတယ်။

” ပြောရမယ်ဆိုရင် သူတို့က သူတို့အတွက် နေရာတစ်ခုကို သူတို့ဘာသာသူတို့ ရထားပြီးသားပါ။ အစ်ကိုနဲ့ဆုံတဲ့ အချိန်မှာသူတို့ Single Album အတွက် အခက်အခဲလေးတွေ ဖြစ်နေတယ်။ ကြန့်ကြာနေတဲ့အပိုင်းလေးကို အစ်ကိုက ဖြည့်ဆည်းပေးဖြစ်တာပါ။ သူတို့ကလည်း အစ်ကို့သမီးလေး ပြုံးမြသွယ်ကို ကူညီပေးတယ်။ စောင့်ရှောက်ပေးတယ်ဆိုတော့ အစ်ကိုက သူတို့ကို Supporting လုပ်ပေးတဲ့ သဘောပါ။ အခုလို သူတို့ တွေ Single Album ထွက်သွားတော့ အောင်မြင်သွားတယ်။ နေရာတစ်နေရာ ရသွားတယ်ဆိုတော့လည်း ဝမ်းသာရတာပေါ့ လေ” လို့ ပြောပါတယ်။ ကိုနိုင်ထွန်းတို့ ပြုံးက တေးထုတ်လုပ်ရေးအပြင် ရုပ်ရှင်ထုတ်လုပ်ရေးလည်းလုပ်ကိုင်နေပြီး ပြုံးရုပ်ရှင်ထုတ် လုပ်ရေးကနေ ၂ဝ၁၇ခုနှစ်အတွင်း ဇာတ်ကား ၃ကား ထွက်ရှိလာဖို့ရှိနေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကိုနိုင်ထွန်းက..

” ဇန်နဝါရီလနောက်ဆုံးပတ်လောက်မှာပဲ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ-၂ ရုပ်ရှင်ဇာတ်ကားကြီးကို Junction Square မှာ ရက်ချိတ်ဖို့ပဲ ကျန်တော့တယ်။ ကျန်တဲ့နေရာတွေကတော့ အဆင်ပြေတယ်။ “လူလိမ္မာနိုင်ငံမှာ ဆရာကျတဲ့လူ” ကကျတော့ ဆင်ဆာကျ ပြီးပြီ။ ရက်ချိတ်ဖို့ တော့ လိုသေးတာပေါ့။ “အလီဘာဘာနှင့် ခိုးသား ငါးယောက်” ကတော့ ရှေ့လမှာ ဆင်ဆာကျမယ်။ အဲဒီဇာတ်ကား ၃ ကားကတော့ ၂ဝ၁၇ခုနှစ်မှာ ထုတ်ဖို့လုပ်ထားပါတယ်” လို့ ပြောပါတယ်။ ကိုနိုင်ထွန်းကသမီးငယ် ပြုံးမြ သွယ်အတွက်ကိုလည်း ဂီတနဲ့ပတ်သက်လို့ သင်တန်းတွေတက်ခိုင်း နေပြီး နောက်နှစ်ပိုင်းလောက်မှာ သမီးငယ်အတွက် တေးစီး ရီးခွေထုတ်ပေးဖို့လည်း စီစဉ်ထားကြောင်းသိရပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here