သီချင်းကြိုက်တဲ့ သားဖြစ်သူအကြောင်း ပြောပြသူ ဝေလ

0
209

WaiLa-1

အဆိုတော် ဝေလက အခုနှစ် City FM ဂီတဆုပေးပွဲမှာ ၂ဝ၁၆ ခုနှစ်အတွက် ရေပန်းအစားဆုံးတေး သီချင်းတောင်းဆိုမှုအများဆုံး တေးသံရှင်ဆုကို ရရှိ သွားခဲ့ပါတယ်။ ဝေလက ၂ဝ၁၅ ခုနှစ်ကလည်း “မိတ်ကပ်မကြိုက်သော သီချင်းများ’ စီးရီးနဲ့ City FM ဆုတစ်ဆု ရယူနိုင်ခဲ့ပြီး ဒီနှစ်မှာလည်း “အဓိပတိဖွား” စီးရီးနဲ့အတူ နောက်ထပ်တစ်ဆု ရယူနိုင်ခဲ့ပါတယ်။

” အခုလို ဆုရရှိတဲ့အတွက်လည်း ဝမ်းသာပါတယ်။ ဒီဆုက သီချင်းတောင်းဆိုမှု အများဆုံးဆုဖြစ်တဲ့အတွက် သီချင်းတောင်းပေးကြတဲ့ ပရိသတ် အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ပရိသတ်ပေးတဲ့ဆုလိုပါပဲ” လို့ ဝေလက ဆိုပါတယ်။ ဝေလက ဒီနှစ်ထဲမှာပဲ သူ့ရဲ့”အဓိပတိဖွား” စီးရီး MTV ထွက်ရှိနိုင်ဖို့ စီစဉ်မှာဖြစ်ပြီး သူ့ရဲ့ စီးရီးသစ်အနေနဲ့ကတော့ နောက်ထပ်ကြာဦးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဝေလကအားတဲ့အချိန်တိုင်း မိသားစုကို အချိန်ပေးဖြစ်ပြီး သားလေးဖြစ်တဲ့ လင်းခန့်ဝေလ ကလည်း အခု အရွယ်ကတည်းက သီချင်းတွေကို သဘောကျတယ်လို့ ဆိုပါတယ်။ “သူက သီချင်းတော့ ကြိုက်တယ်။ အပြင်တွေဘာတွေသွားရင် ကားပေါ်မှာ သီချင်းဖွင့် ပေးရတယ်။ အခုလတ်တလောလည်း ကျွန်တော်သီချင်းသစ်တစ်ပုဒ်သွင်းထားတာ ရှိတယ်။ အဲဒါလည်း သူ့ကို အရင် ဖွင့်ပြရတယ်။ သူက လိုက်လိုက်ကတယ်။ သီချင်းတော့ သူသဘော ကျတယ်။ ငယ်သေးပေမယ့် သီချင်းတွေ နားထောင်တတ်နေပြီ” လို့ ဝေလက သူ့သားလေးအကြောင်းကို
ပြောပြပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here