အနုပညာရှင်တို့ရဲ့ ၂ဝ၁၆ ခုနှစ် အကယ်ဒမီ ရင်ခုန်သံ

0
181

nt

လာမယ့် မတ်လ၁၈ရက်နေ့မှာ ၂ဝ၁၆ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ၂ဝ၁၆ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပေးအပ်ပွဲကဆိုရင် ပြည်သူလူထုကနေ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရသစ် လက်ထက်မှာ ကနဦး ကျင်းပ ပြုလုပ်တာဖြစ်တာမို့ မြန်မာ့ရုပ်ရှင်သမိုင်းမှတ်တမ်းဝင် မယ့် ထူးခြားတဲ့ အကယ်ဒမီဆုပေးပွဲကြီးပဲ ဖြစ်ပါတယ်။ အကယ်ဒမီ ဆုချီးမြှင့်ပေးအပ်ပွဲကြီး ကျင်းပရက် နီးကပ်လာလေလေ အကယ်ဒမီဆု စာရင်းဝင်ဇာတ်ကားများမှာ ပါဝင် သရုပ်ဆောင်ကြတဲ့ အနုပညာရှင်တိုင်းလိုလို အကယ်ဒမီအကြို ရင်ခုန်သံတွေ ကိုယ်စီရှိ နေကြမှာဖြစ်သလို အကယ်ဒမီဆုပေးပွဲ တက်ရောက်ကြမယ့် အနုပညာရှင်များကလည်း အကယ်ဒမီအကြိုရင်ခုန်သံတွေ ကိုယ်စီရှိနေကြတာမို့ သူတို့ရဲ့ ၂ဝ၁၆ခုနှစ် အကယ်ဒမီ အကြိုရင်ခုန်သံစကားများ စုစည်းဖော်ပြလိုက်ရပါတယ်။

နေတိုး

ဒီနှစ်ကတော့ ရင်ခုန်စရာ ဇာတ်လမ်းမရှိပါဘူး။ ကျွန်တော့်အတွက် ရင်ခုန်စရာဇာတ်ကောင်လည်း မပါဘူး။ ဒါကြောင့်မို့ ကျွန်တော့်ပရိသတ်လည်း ရင်ခုန်သံမရှိသလို ကျွန်တော်လည်း ရင်ခုန်သံ ငြိမ်နေ ပါတယ်။ အခုခေတ်က အကယ်ဒမီနီးပြီဆိုရင် ခေတ်ကလည်း ဖေ့စ်ဘုတ်ခေတ်ဆိုတော့ ဖေ့စ်ဘုတ်မှာ Comment တွေ၊ Like တွေပေးကြတဲ့ သရုပ်ဆောင်တွေ အဲဒီအထဲကမှ ပရိသတ်အများဆုံးပေးတဲ့ သရုပ်ဆောင်တွေ ရကြပါစေလို့ ဆုတောင်းပါတယ်။

shwethamee

ရွှေသမီး

အကယ်ဒမီကိုတော့ ညီမတို့ အားလုံး ရင်ခုန်ပါတယ်။ အကယ်ဒမီပွဲရောက်ပြီဆိုရင်လည်း ညီမတို့က ဘယ်သူရမယ်၊ ဘယ်သူ ရမယ်နဲ့ တွေးပြီးရင်ခုန်နေတာ။ ဆုကြေညာ မယ့်အချိန်ဆိုလည်း ရမယ့်သူ ဘယ်လောက် ရင်ခုန်နေမလဲ တွေးမိတယ်။ ဒီနှစ်လည်း အကယ်ဒမီပွဲတက်ဖြစ်ပါမယ်။ ရမယ့် အစ်ကို တွေ၊ အစ်မတွေကို လက်ခုပ်တီးပေးဖို့ပါ။ အားလုံးကလည်း ကောင်းတဲ့သူတွေပဲ ဆိုတော့ အားလုံးကို ရစေချင်ပါတယ်။ ဒီဆုက အနုပညာရှင်တိုင်းအတွက် အနုပညာ လမ်းခရီးတစ်လျှောက်မှာ ပန်းတိုင်တစ်ခုလို့ ထင်တယ်။အကယ်ဒမီဆိုတာက ကိုယ့်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုတဲ့ ဆုပေါ့။ ညီမတို့ကိုယ်တိုင်လည်း အခါအခွင့်သင့်လို့ ကြိုး စားခွင့်ရခဲ့မယ်ဆိုရင်တော့ လိုချင်ပါတယ်။

11

မြင့်မြတ်

အကယ်ဒမီပွဲကတော့ ကျွန်တော်တို့ သွားကြမှာပါ။ ဘယ်သူတွေရမလဲဆိုတာတော့ ပွဲပြီးမှပဲသိရမှာပေါ့။ ကျွန်တော့်ဇာတ်ကားပါတဲ့အတွက်လည်း ကျွန်တော့်ကိုရစေချင်တဲ့ပရိသတ်က ရစေ ချင်တာပေါ့။ ရတာ၊ မရတာတော့ ကံတရားပါပဲ။

ayl

အောင်ရဲလင်း

ကျွန်တော့်ထက်စာရင် ကိုဇော်ကို ရစေချင်တယ်။ ကျွန်တော်က ကံပဲပေါ့။ ရတဲ့ကံပါရင် ရမှာပေါ့။ ဒါပေမဲ့ ကျွန်တော့်ထက် ကိုဇော်ကို ပို ရစေချင်တယ်။ ကြည့်တဲ့သူတွေလည်း သိမှာပါ။ ကျွန်တော်အလုပ်တစ်ခုလုပ်ရင် ကောင်းအောင်ပဲ ကြိုးစားတယ်။ မျှော်လင့်ချက် သိပ်မထားဘူး။ အကယ်ဒမီမှ မဟုတ်ပါဘူး။ ဘယ်အလုပ်မဆို ကိုယ်ထင်ထားတာနဲ့ ထပ်တူမညီတာတွေရှိတယ်။ မျှော်လင့်တာတစ်ခုက ပရိသတ်ကြိုက်ရင် ကျွန်တော်ပျော်ပါတယ်။ ကျွန်တော့်ဇာတ်ကားတွေ ပရိသတ်ကြိုက်ရင် ကျွန်တော်အကယ်ဒမီရတာထက်တောင် ပျော်တယ်။

ထွန်းထွန်း

အကယ်ဒမီ ရွှေစင်ရုပ်တုနဲ့ ပတ်သက်ပြီး ကျွန်တော့်ခံစားချက်ကတော့ ပရိသတ်ရဲ့ အဆုံးအဖြတ်ပါပဲ။ ပရိသတ်က ရစေချင်တဲ့ သူရသွားတဲ့ အခါမှာပျော်ရတာပေါ့။ အဲဒီမှာ ကျွန်တော်လည်း အကယ်ဒမီရခဲ့ရင် အတိုင်းထက်အလွန် အပျော် ဆုံးဖြစ်မှာပါ။

ddo

ဒိန်းဒေါင်

ပရိသတ်တွေ အခုလို အကယ်ဒမီပေးတာနဲ့ တင်ဝမ်းသာနေပါပြီ။ ကျွန်တော့်ဇာတ်ကားက သဘာဝဇာတ်ကားလေ။ ဆင်းရဲသားတွေရဲ့ဘဝကို လူရွှင်တော်တစ်ယောက်ကနေ ဒရာမာရိုက်ကူးတာ ပေါ့နော်။ ဒီဇာတ်ကားလေးကို ပရိသတ်တွေလည်း ခန့်မှန်းခြေပေးတယ်။ လူကြီးတွေလည်း ခန့်မှန်းခြေ ပေးထားတော့ ဝမ်းသာနေပါပြီ။ ကျွန်တော်ကတော့ ဒီဇာတ်ကားမှာ ဘယ်သူ့ရယ်လို့ အကယ်ဒမီရစေချင် တာ မဟုတ်ပါဘူး။ ဒိန်းဒေါင်ရိုက်ကူး တဲ့ဇာတ်ကား က အကယ်ဒမီ ဘယ်သူရသွားတယ်ဆိုရင်တောင် ပျော်မိမှာပါ။ ဘယ်သူရရပေါ့နော်။ ဘယ်သူရရဆိုတာ ဥပမာ- ဇာတ်ညွှန်းရှိမယ်၊ ဇာတ်ပို့ရှိမယ်၊ ဇာတ်ဆောင်ရှိမယ်။ အကုန်လုံးရစေချင်ပါတယ်။ အဓိကကတော့ ကံကောင်းတဲ့သူရမှာပေါ့နော်။ ကျွန်တော့်အနေနဲ့ ဒါရိုက်တာဆု ရခဲ့ရင်တော့လည်း ပျော်မှာပေါ့နော်။ ကျွန်တော်ကတော့ နှစ်ခါ မသေချင်ဘူး။ တအားကြီးမျှော်လင့်လို့ရှိရင် နှစ်ခါစိတ်ညစ်ရမှာလေ။ အဲဒီတော့ ဒီအတိုင်းလေးပဲ လွှတ်ထားလိုက်တယ်။ အခု ကျွန်တော့်ကို “မင်းလည်း ဘိုကေ ငါလည်းဘိုကေ” ဇာတ်ကားနဲ့ ဇာတ်ပို့လေးမှန်းပေးကြတဲ့ သူတွေရှိကြတယ်။ အဲဒါကြောင့် အားလုံးကို ကျေးဇူးတင်ပါတယ်။ တစ်သက် နဲ့တစ်ကိုယ် တစ်ခါမှ အမှန်းမခံရလို့ ဒီနှစ်အမှန်းခံရတာနဲ့တင် ကျေနပ်ပါတယ်။

ပေါ်ပြူလာ


LEAVE A REPLY

Please enter your comment!
Please enter your name here