အကယ်ဒမီ ဆန်ခါတင် ဇာတ်ကား ၁ဝ ကား စာရင်းကို မထုတ်ပြန်ရခြင်းအကြောင်း

0
194

aca 10

၂ဝ၁၆ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားပေါင်း ပြက္ခဒိန်နှစ် အတွင်း ၃၃ ကား ရှိခဲ့ပြီး အကယ်ဒမီ အကဲဖြတ် အဖွဲ့တွေအနေနဲ့ စိစစ် ရွေးချယ်ခဲ့ရာမှာတော့ အကယ်ဒမီ ထူးချွန်ဆု တစ်ဆုဆုရရှိနိုင်တဲ့ ဇာတ်ကားစုစုပေါင်း ၁ဝ ကားအထိ ထွက်ပေါ်ခဲ့သော်လည်း ထုတ်ပြန် ကြော်ငြာသွားမှာမဟုတ်ကြောင်း အကယ်ဒမီ အကဲဖြတ်အဖွဲ့ ဥက္ကဋ္ဌ ဒါရိုက်တာ ဦးနှင်းမိုးက ပြောပြပေးပါတယ်။

” ဒီ ၁ဝ ကားထဲကတော့ အကယ်ဒမီဆု မျှော်လင့်လို့ရတဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။ အကယ်ဒမီ ဆန်ခါတင် ၁ဝ ကားစာရင်းကို မထုတ်ပြန်ဘူး ဆိုတာ တခြားအကြောင်း အရင်း တော့ ဘာမှမရှိဘူး။ ကျွန်တော်တို့က ထုတ်ပြန်လိုက်မယ်ဆိုရင် အကဲ ဖြတ်အဖွဲ့တွေ အနေနဲ့ စဉ်းစားတာ က ထုတ်ပြန်ခြင်းရဲ့ အကျိုးအပြစ် ၊ မထုတ်ပြန်ခြင်းရဲ့ အကျိုးအပြစ် တွေကို စဉ်းစားလိုက်တဲ့ အခါမှာ မထုတ်ပြန်တာက ကျွန်တော်တို့ အတွက် ပိုပြီးတော့ အကျိုးရှိပါတယ်။ ဘာလို့လဲဆိုတော့ အခုဇာတ်ကား ပေါင်း ၃၃ ကားကြည့်ရှုတဲ့အခါမှာ ၁ဝ ကားကို ဆန်ခါတင် ရွေးထား တယ် ဆိုတော့ ဒီ ၁ဝ ကားကို နာမည်နဲ့ တကွ မကြေညာဘူးဆိုရင် ဘာပဲ ပြောပြော ဇာတ်ကား ပိုင်ရှင်တွေအနေနဲ့က ကိုယ့်ဇာတ် ကားပါနိုး မျှော်လင့်စရာလေး တွေလည်းရှိတယ်လေ။ သရုပ်ဆောင်တွေကလည်း ထိုနည်းလည်းကောင်း ပါပဲ။ မျှော်လင့်ချက်ရှိထားတဲ့ သရုပ် ဆောင်တွေက ငါ့ဇာတ်ကားတော့ ပါဝင်နေပြီဆိုတဲ့ မျှော်လင့်ချက် မျိုးတွေလည်းရှိတဲ့အခါကျတော့ ကျွန်တော်တို့ အဖွဲ့ကလည်း အဲဒီလို ပုံစံလေးနဲ့ပဲ မျှော်တလင့်လင့် ဖြစ်စေချင်တယ်။ ကျွန်တော်တို့ ထုတ်ပြန်ကြေညာလိုက်လို့ရှိရင် မရတဲ့ ဇာတ်ကားတွေက သူတို့ မျှော် လင့်ချက် မရှိတော့ဘူးဆိုပြီးတော့ အခြေအနေမျိုး ဖြစ်သွားနိုင်တယ်ဆို တော့လည်း ဘာပဲဖြစ်ဖြစ် လူဆိုတာ မျှော်လင့်ချက်ကုန်ခမ်းသွားရင် အားကုန်တဲ့သဘော ဖြစ်သွားနိုင် တယ်။ အဲဒါကြောင့် မထုတ်ပြန် တော့ဘူးဆိုပြီးတော့ ဆုံးဖြတ်ချက် ချလိုက်တာဖြစ်ပါတယ်” လို့ ဦးနှင်းမိုးက ပြောပြပေးပါတယ်။

အကယ်ဒမီ အထူးဆုနဲ့ ပတ်သက်ပြီး ဆက်လက်ပြောပြခဲ့တာကတော့ ” အထူးဆုက ကလေးသရုပ်ဆောင်တွေကို အများအားဖြင့် ပေးဖြစ်နေတာက ကလေး သရုပ် ဆောင်ဆိုတာက ဇာတ်ပို့ ဇာတ်ရံ ဆုထဲမှာလည်း မပါတဲ့အခါ ကျတော့ ကလေးသရုပ်ဆောင်တာ သိပ်တော်နေရင် ကလေးကို အထူးဆုအနေနဲ့ ပေးအပ်ရတာဖြစ်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း မှာတော့ အထူးဆုကို ထူးထူးခြားခြား ဥပမာ အားဖြင့် ဇာတ်ကား တစ်ကား ထူးခြားနေတယ် ဆိုပါစို့။ ဇာတ်ကား ရဲ့ဆက်တင် ထူးခြားမှု၊ ကွန်ပျူတာ effect ဘယ်လောက်တောင် ကောင်းနေသလဲ ဒါတွေပေါ်ကို မူတည်ပြီးတော့ အထူးဆု ဆိုတာကို ပေးအပ်လို့ ရနိုင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here