တစ်ကိုယ်တော် ဖျော်ဖြေပွဲ အတွက် ဝိတ်ချလိုက်တဲ့ နီနီခင်ဇော်

0
257
City FM ရဲ့ ၂ဝ၁၆ခုနှစ် အတွက် ရေပန်း အစားဆုံး တေးသီချင်း တောင်းဆိုမှု အများဆုံး အမျိုးသမီး တေးသံရှင်ဆု ရရှိခဲ့တဲ့ နီနီခင်ဇော်
City FM ရဲ့ ၂ဝ၁၆ခုနှစ် အတွက် ရေပန်း အစားဆုံး တေးသီချင်း တောင်းဆိုမှု အများဆုံး အမျိုးသမီး တေးသံရှင်ဆု ရရှိခဲ့တဲ့ နီနီခင်ဇော်
City FM ရဲ့ ၂ဝ၁၆ခုနှစ် အတွက် ရေပန်း အစားဆုံး တေးသီချင်း တောင်းဆိုမှု အများဆုံး အမျိုးသမီး တေးသံရှင်ဆု ရရှိခဲ့တဲ့ နီနီခင်ဇော်

City FM  နှစ်ပတ်လည် အခမ်းအနားကို တက် ရောက်လာတဲ့ အဆိုတော် နီနီခင်ဇော် တစ်ယောက် Slim Body နဲ့ လှပနေ တာမို့ သူမရဲ့ ခန္ဓာကိုယ် အချိုးအစား ပြုပြင်ထိန်း သိမ်းမှုနဲ့ ကျန်းမာရေး ဆိုင်ရာ မေးခွန်းတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ခန္ဓာကိုယ် သွယ် လျ အောင် နီနီ ဘယ်လိုထိန်း သိမ်းရလဲ ဆိုတော့..

“နီနီက အခုရှိုးပွဲလည်း လာ တော့မှာဆိုတော့ နီနီ ရော၊ နီနီ့ရဲ့ အကအဖွဲ့ရော သူငယ်ချင်းတွေ အားလုံး Weight ကို Management  လုပ်နေတာပါ။ နီနီ စားသောက်မှု စတိုင်ကို ပြောင်းလိုက် တယ်။ အရင်တုန်းကဆိုရင် ထမင်း တွေစားမယ်။ ဆီကြော်မုန့်တွေစား မယ်။ အချိုရည်တွေ သောက်မယ်။ အဲဒါတွေ အားလုံးကို လုံးဝမလုပ် တော့ဘူး။ အကုန်လုံး ရပ်လိုက်တယ်။ Carbohydrate ကို အတတ်နိုင်ဆုံး လျှော့လိုက်တယ်။ Protein ကို များများစားတယ်။ Protein စားမှပဲ အသားဓာတ် ရပြီးတော့ ဦးနှောက် ရော၊ ခန္ဓာကိုယ်ရော၊ Muscle Strength ရော အလုပ်လုပ်မှာ ဖြစ်တဲ့ အတွက် Protein တော့ စားပေးတယ်။ အသား ဆိုလည်း ဆီမထည့်ဘူး။ ထမင်းစားရင် အရွက်ပြုတ်တို့၊ ဆီနည်းနည်း ပါတဲ့ အရွက်ကြော် တို့ကို အစားထိုးလိုက် တယ်။ ဗိုက်တအား ဆာလို့ရှိရင် အသီးလေးတွေ စားတယ်။ အဲဒီလိုမျိုး စားတှဲ့Style Change  လိုက်တာပါ။ ပြီးတော့ ဝိတ်ကျဖို့ အတွက် ပြေး တာတို့၊ ကြိုးခုန်တာ တို့လိုမျိုး လေ့ ကျင့် ခန်းတွေ လုပ်ရတာပေါ့” လို့ သူမက ပြောပါတယ်။ City FM ဆုပေးပွဲမှာ နီနီခင်ဇော်က ဂီတဆု တစ်ဆု ရခဲ့သလို Shwe FM  ဆုပေးပွဲ တုန်းကလည်း ဂီတဆု တစ်ဆုရရှိခဲ့ ပါသေးတယ်။

၂ဝ၁၇ နှစ်ဦးပိုင်း က နီနီ့ အတွက် ကံကောင်းခြင်းတွေ ချည်း ပဲဆိုတော့ အလှူ အတန်းတွေ လုပ်ဖို့ ရှိဦးမလား၊ အရင်ကလည်း နီနီက ပရဟိတတွေ လုပ်လေ့ရှိတော့ လေလို့ မေးတဲ့အခါ..

“ပြီးခဲ့တဲ့ တစ်လကျော်ကျော် လောက်က ရွှေကျင်မြို့တစ်ဖက်ကမ်း မှာရှိတဲ့ မိဘမဲ့ ကလေးငယ်လေးတွေ ရဲ့ပညာရေး အတွက် သွားရောက် ပြီးတော့ လှူဒါန်း ခဲ့ပြီးပါပြီ။ နောက်ထပ်လည်း အဲဒီကျောင်းမှာ လှူဒါန်းဖို့ ရှိပါတယ်။ အဓိကကတော့ နီနီ့ရဲ့ ပရဟိတ လုပ်ငန်းတွေ က မိဘမဲ့ ကလေးငယ် လေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး နဲ့ သူတို့ရဲ့ ဘဝတွေ အတွက် စဉ်းစား ထားပါတယ်” လို့  ။ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် One Lady Show အတွက်ပြင်ဆင် နေပုံကိုလည်း နီနီခင်ဇော်က..

“ရှိုးပွဲအတွက် ကလည်း အလုပ် တအား ရှုပ်နေပါတယ်။ ကတာတွေ ရော၊ ဆိုတာတွေရောပေါ့။ နီနီတို့ အခုဆို Band Rehearsal ကို ပထမတစ်ခေါက်တော့ တိုက်ပြီးသွား ပါပြီ။ Band Rehearsal ပြီးသွားပြီ ဆိုလို့ရှိရင် Dance Rehearsal တွေအကုန်လုံး လုပ်နေရတယ်။ ပြီး ရင် အားလုံးပေါင်းပြီး တစ်ကျော့ပြန် တိုက်ရဦးမယ်။ ဒီကြားထဲမှာ လည်း နီနီသီချင်း အသစ်တွေ ထွက်ရှိ နိုင်အောင်လည်း ကြိုးစားနေပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here