မြန်မာပေါကားတွေရပ် ရုပ်ရှင်ဇာတ်ကားကို ပုံဖော်ရိုက်ကူးမယ့် ဒါရိုက်တာ မိုက်တီး

0
133

Mike Tee

Zaw Family ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ မိုက်တီးပုံဖော်ရိုက်ကူးမယ့် “မြန်မာ ပေါကားတွေရပ်” ရုပ်ရှင်ဇာတ်ကားကို ဖေဖော်ဝါရီလမှာ စတင်ရိုက်ကူး တော့မှာဖြစ်ကြောင်း သိရပါတယ်။ ဒီဇာတ်ကားမှာ အရိုင်း၊ ကျော်ထူး၊ ခင်လှိုင်၊ ကျော်သူ၊ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်နဲ့ အနုပညာရှင်ပေါင်းများစွာ ပုံဖော်ရိုက်ကူးမှာဖြစ်ကြောင်း သိရပါတယ်။ ဒီဇာတ်ကား ရိုက်ကူးဖြစ်ပုံနဲ့ ပတ်သက်ပြီး ဒါရိုက်တာ မိုက်တီးက..

” ဒီဇာတ်လမ်းရဲ့ Frame က လွန်ခဲ့တဲ့ ၇ နှစ်၊ ၈နှစ်လောက်ကတည်းက စဉ်းစားထားတာ။ ပြန် စဉ်းစားတဲ့အခါမှာ ဒီနေ့ခေတ် အချိန် အခါလေးနဲ့လည်း လိုက်တာလေး တွေရှိလို့ ဒီဇာတ်ကားကို ရိုက်ကူး ဖြစ်သွားတာ။ နဂိုစဉ်းစားထားတာက ရုပ်ရှင်လောကထဲမှာပဲ ဖြစ်ပျက်နေတဲ့ အကြောင်းတရားတွေ အပေါ်မှာ အခြေခံပြီးတော့ ဖြစ်လာ တဲ့ ဇာတ်လမ်းလေး၊ ဒီနေ့ဖြစ်နေတဲ့ “မြန်မာပေါကားတွေရပ်” ဆိုတာလေးနဲ့လည်း အံဝင်ခွင်ကျရှိတယ်။ အဲဒါကြောင့် ဒီနာမည်လေး ပေးဖြစ်သွားတာပါ။ အဓိက သရုပ်ဆောင်မှာက လူရွှင်တော်သုံးယောက်ပဲ။ သူတို့တွေက ခေါင်းဆောင်သရုပ်ဆောင်။ ဇာတ်လမ်းပုံစံက ဒီရုပ်ရှင်လောကက အဖြစ်အပျက်တွေပါပဲ။ အဖြစ် အပျက်တွေက လွမ်းစရာတွေလည်းရှိမယ်၊ မောစရာတွေလည်းရှိမယ်။ ပေါက်ကွဲတာတွေလည်း ရှိမယ်။ အဲဒါတွေအကုန်လုံးကို ရောပြီး ပျော်စရာလေး ရုပ်ရှင်သဘောလေး ဖြစ် အောင် လုပ်ထားတဲ့ပုံစံလေးပါ” လို့ ပြောပါတယ်။ ဒီဇာတ်ကားကြီးက Zaw Family ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပထမဦးဆုံး ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပြီး နောက်ပိုင်းမှာလည်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက် ကူးသွားမှာဖြစ်ကြောင်း ဒါရိုက်တာ မိုက်တီးက ဆိုပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here