သရုပ်ဆောင်အလုပ် တစ်ခုတည်းကိုပဲ သေချာအားစိုက်သွားမယ် ရွှေသမီး

0
626

Shwe Tmee

သရုပ်ဆောင်ရွှေသမီးကို ဒါရိုက်တာကိုပေါက်ရိုက်ကူးနေတဲ့ “ဘော်ဘော်ကထှော်” ဇာတ်ကားမှာ အရိုင်းရဲ့သမီးအကြီးအဖြစ် သရုပ်ဆောင်နေတာ တွေ့ရပါတယ်။ ရွှေသမီးကို ခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေ ယခင်ထက် ခပ်စိပ်စိပ်ပိုတွေ့လာရပါတယ်။ ဒီလိုဇာတ်ကားတွေ တောက်လျှောက် ရိုက်ကူးလာရတဲ့အပေါ်မှာ ကိုယ့်ကိုယ်ကျေနပ်မှုရှိလားလို့မေးတော့ “ကျေနပ်အားရမှုရှိပါတယ်။ ရောက်နေတဲ့နေရာမှာ အကောင်း ဆုံး ကြိုးစားပြီး လည်း ရောင့်ရဲပါတယ်။ကိုယ်ဝါသနာပါတဲ့အလုပ်မှာအရင် ထက်လည်း အလုပ်တွေပိုလုပ်ဖို့ အခွင့်အရေးတွေရလာတဲ့အတွက် ကျေနပ်ပါတယ်။ ဒါပေမဲ့ လူဆိုတာကတော့ လောဘဆိုတာလည်းရှိတော့ ဒီထက် ဒီထက်ပိုပြီးကြိုးစားသွားရမှာပါ” လို့ ရွှေသမီးက ပြောပါတယ်။

ရွှေသမီးက ဖေဖော်ဝါရီလအတွင်းမှာ ရိုက်ကူးမယ့် “မနုစာရီ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အဓိကဇာတ်ဆောင် မနုစာရီနေရာက ပါဝင်မှာဖြစ်တာကြောင့် ဒီဇာတ်ကောင်အတွက်ရော ရွှေသမီးဘာတွေပြင်ဆင်နေပြီလဲဆိုတော့ ” ခုတော့ ဒီဝတ္တုကို သေသေချာချာအထပ်ထပ် ပြန်ဖတ်နေပါတယ်။ အခု First Meeting လုပ်ပြီးရင်တော့ထပ်ပြီး ပြင်ဆင်စရာရှိတာတွေ လုပ်သွားမှာပါ” လို့ပြောပြီး ဒီသရုပ်ဆောင်အလုပ် အပေါ်မှာ သေချာအားစိုက်ပြီးလုပ်သွားမှာဖြစ်တယ်လို့ပြောကာ တခြား အနုပညာနယ်ပယ်ကိုတော့ လှမ်းဖို့မရှိဘူးလို့လည်း ပြောပါတယ်။

” ညီမအနေနဲ့တော့ အခုဒီ သရုပ်ဆောင်အလုပ်မှာလည်း သက်တမ်းကနုနယ်ပါသေးတယ်။ အနုပညာ ဝမ်းစာဖြည့်နေဆဲပါပဲ။ သရုပ်ဆောင်ပိုင်းကိုပဲ သေချာအား စိုက်ပြီးလုပ်မှာပဲ။ တခြား အနုပညာလိုင်း တွေ ဖြစ်တဲ့ သီချင်း ဆိုတာတို့ ဘာတို့ လုပ် ဖို့မရှိပါဘူး။ ရှိခဲ့ ရင်လည်း ပရိသတ်ကို ပြောမှာပါ” လို့ ရွှေသမီးက ပြော ပြခဲ့ပါတယ်။

ရဲရဲ
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here