မပွတ်ကျွတ်ကနေ မမထိပ်လို့ အမည်တွင်ပြန်တဲ့ ခိုင်သင်းကြည်

0
159

ktk1

” မမထိပ်နှင့် အမွှေစံအိမ်” ဇာတ်လမ်းတွဲမှာ အပျိုကြီးမမထိပ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ခိုင်သင်းကြည်ကို ပရိသတ်တွေ သဘောကျနှစ်သက်ခဲ့ပါတယ်။ ဇာတ်လမ်းတွဲအနေနဲ့ ပထမဆုံးရိုက်ကူးခြင်းဖြစ်ပြီး သူ့ရဲ့ပရိသတ်တွေ စောင့်ကြည့်ရတာတန်တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ကြောင်းကိုတော့ ခိုင်သင်းကြည်က …

” မခိုင်ရဲ့ ကာရိုက်တာသဘောမျိုးပါပဲ။ အလွဲတွေဖြစ်မယ်။ ဆရာတွေလုပ်မယ်။ ပရိသတ်ကြိုက်တဲ့ ပုံစံမျိုးကို သရုပ်ဆောင်ထားတယ်။ အဓိကကလည်း ကိုယ့်ဇာတ်လမ်းဖြစ် နေတယ်။ တချို့ဇာတ်ကားတွေဆိုရင် ဒီတစ်ပိုင်းမှာကိုယ်ပါမယ်ဆိုရင် နောက်တစ်ပိုင်းမှာ ကိုယ်ပါချင်မှပါတာ။ အခုကျတော့အပိုင်းတိုင်းမှာ ကိုယ်မပါတဲ့ အခန်းမရှိဘူး။ ဆင်းန်တွေက လည်း ကိုယ်ကအများဆုံးရိုက်ရတာဆိုတော့ ပရိသတ်တွေက ကိုယ့်ကို အများဆုံး ကြည့်ရတယ်။ ကိုယ့်ကိုကြိုက်တဲ့ပရိသတ်၊ ကိုယ့်ကို စောင့်ကြည့် ချင်တဲ့ ပရိသတ်အတွက်ကျတော့ တန်တာပေါ့။ ဒါပေမယ့် ပရိသတ်တွေက တော်တော်တော့ငြီးတယ်။ ကြော်ငြာတွေတအားများလို့တဲ့။ မခိုင်လေးရဲ့ ကာရိုက်တာက တစ်ခါတလေကျရင် ပျောက်ပျောက်သွားတယ်။ မေ့မေ့သွားတယ်တဲ့” လို့ ရယ်မောစွာပြောပြခဲ့ပါတယ်။

နိုင်ငံတော်ဇာတ်လမ်းတစ်ခုမှာ မပွတ်ကျွတ်ဆိုပြီး နာမည်ကြီးခဲ့တဲ့ ခိုင်သင်းကြည်က အခုလို တီဗီဇာတ်လမ်းတွဲမှာပဲ ပြန်လည်ပါဝင်ခွင့် ရတဲ့အတွက် ဝမ်းသာပီတီဖြစ်ရပြီး အခုဇာတ်လမ်းတွဲ ပြသချိန်မှာလည်း မမထိပ်ရယ်လို့ လူသိများခဲ့ပါတယ်။

” ဘာပဲပြောပြော မခိုင်ဆိုတာက တီဗွီဇာတ်လမ်းလေးကနေ မင်းသမီးဖြစ်လာတာပဲ။ မပွတ်ကျွတ်ဇာတ်ကားကနေ ပရိသတ်တွေက ကြိုက်ခဲ့ တာပဲဆိုတော့ အခုလိုမျိုး တီဗီဇာတ်လမ်းတွဲမှာ ပါရတဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ် ဝမ်းသာပါတယ်။ ပရိသတ်လည်း အကြိုက်ဖြစ်သွားတာ ပေါ့။ ရုပ်ရှင်ဇာတ်ကားတစ်ကားဆိုရင် တအားပေါက်သွားတဲ့ ဇာတ်ကား ဆိုရင် တစ်မျိုးပေါ့။ တော်ရုံတန်ရုံနိစ္စဓူဝတင်နေတဲ့ ရုပ်ရှင်ဇာတ်ကား တွေဆိုရင် ကိုယ်တောင်မှ သွားမကြည့်နိုင်ဘူး။ ဖေ့စ်ဘုတ်ရွာလို ကျိတ် ကျိတ်တိုးသွားတဲ့ ရုပ်ရှင်ဇာတ် ကားဆိုရင်တော့လည်း ကြည့်ဖြစ်တယ်။ တော်ရုံတန်ရုံ ကိုယ့်ဇာတ်ကား ကိုယ်တောင်သွားမကြည့်နိုင်ဘူး။ ပရိသတ် တွေဆိုလည်း ကိုယ့်ဇာတ်ကားတိုင်းရုံတင်တာမကြည့်နိုင်ဘူး။ သူတို့ အလုပ်နဲ့သူတို့ရှိသေးတာပေါ့။ အခုကျတော့ ကိုယ့်အိမ်မှာပဲ တီဗီမှာ တစ်ချိန်လုံးမြင်နေရတယ်လေ။ လူတော်တော်များများ မြင်နေရတယ်။ အခုအပြင်သွားရင်လည်း မမထိပ် မမထိပ်နဲ့ ခေါ်ကြတယ်။ လူတော်တော် ကြည့်ဖြစ်ကြတယ်” လို့ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here