မြန်မာပြည်မှာ ထိုးဖောက် ဝင်ရောက် ပြသနိုင်ဖို့ စီစဉ်နေပြီ ဖြစ်တဲ့ ဂျပန်ရုပ်ရှင်

0
143

မြန်မာပြည်ရဲ့ တီဗီ ချန်နယ်တွေ မှာ ဂျပန်ရုပ်သံ ဇာတ်လမ်းတွေ ထိုး ဖောက်နေရာယူနိုင်ဖို့ အတွက် ဂျပန် သံရုံး အနေနဲ့ အစီအစဉ်များ ချမှတ် ဆောင်ရွက်နေတယ် လို့ သိရပါတယ်။ မြန်မာ တီဗီချန်နယ်တွေမှာ ကိုရီးယား ရုပ်သံ ဇာတ်လမ်းတွဲတွေ လွှမ်းမိုးနေရာ ယူထား သလို ဂျပန် ရုပ်သံ ဇာတ်လမ်းတွဲတွေ ထိုးဖောက် ဝင်ရောက်ဖို့ စီစဉ်နေပြီ ဖြစ်ကြောင်း ကိုတော့..

“အခု လက်ရှိ မြန်မာတီဗီ ချန်နယ်တွေမှာ ချန်နယ်တွေ ပြောင်း လိုက်တိုင်း ကိုရီးယား ဇာတ်လမ်းတွဲ တွေ တွေ့နေရသလိုပါပဲ။ ဂျပန် သံရုံး အနေနဲ့ တီဗီချန်နယ်ပြောင်း လိုက်ရင် ဂျပန် ဇာတ်လမ်းတွေ ပေါ် ထွက်လာဖို့ အတွက် ဂျပန်သံရုံးက အခုကစပြီး အစီအစဉ်တွေ ချပြီး ဆောင်ရွက်နေပါတယ်” လို့ ဂျပန် သံရုံးမှ အချက်အလက်နှင့် ယဉ်ကျေးမှု ဆိုင်ရာ ပထမ အတွင်းဝန် Mr. Yusuke Matsuoka က ပြော ကြားခဲ့ပါတယ်။ ဆက်လက်ပြီးလည်း Mr. Yusuke Matsuoka က ဂျပန် ဇာတ်ကား တွေ အနေနဲ့ လက်ရှိအချိန် မှာတော့ ပြည် တွင်း ဈေးကွက်ကို ဦးတည်ထား ပြီး အာရှနိုင်ငံတွေမှာ ဂျပန်ရုပ်ရှင် ပွဲတော်များ ကျင်းပကာ ပြည်ပ ပရိသတ်ရဲ့ တုံ့ပြန်မှု အပေါ် မူတည် ပြီး ပြည်ပကို ထိုးဖောက် သွားမယ့် အကြောင်းကိုလည်း..

“ဂျပန်ရုပ်ရှင် ဇာတ်ကားတွေ ထုတ်လုပ်ထားတဲ့ ဇာတ်လမ်းဇာတ် ကွက်တွေက ပြည်တွင်း ဈေးကွက်ကို အဓိကထားပြီး ထုတ်လုပ် ထားတဲ့ ဇာတ်လမ်းတွေ ဖြစ်ပါတယ်။ ဂျပန် နိုင်ငံရဲ့ လူဦးရေက တအားများတဲ့ အတွက် အခုအချိန်မှာ ပြည်တွင်း ဈေးကွက် အတွက် ဦးတည် ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွေထဲမှာ တချို့ ဇာတ်လမ်းတွေက ဂျပန်နိုင်ငံ ကိုကျော်ပြီး ပြည်ပအထိ ထိုးဖောက် နာမည် ကြီးတာတွေ လည်း ရှိပါ တယ်။ မြန်မာနိုင်ငံ အပါအဝင် အာရှ နိုင်ငံတွေမှာ လုပ်တဲ့ ဂျပန်ရုပ်ရှင် ပွဲတော်ကနေ ပြည်ပပရိသတ်ရဲ့ တုံ့ပြန်မှုကို စောင့်ကြည့် သွားမှာဖြစ် ပါတယ်။ ပရိသတ်ရဲ့ တုံ့ပြန်မှုကို လေ့လာ ဆန်းစစ်ပြီးတော့ အဲဒီတုံ့ပြန် မှုတွေကို မူတည်ပြီး ကျွန်တော်တို့ရဲ့ စီးပွားရေးအရ ဘယ်လို အစီအစဉ် တွေ ရေးဆွဲမလဲ၊ ဘယ်လိုထိုးဖောက် သွားမလဲ ဆိုတာကို ဆက်လက်လုပ် ဆောင် သွားမှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အဲဒီအပြင် ဂျပန်သံရုံး အနေနဲ့ မြန်မာပြည်မှာ ရှိ တဲ့ Sky Net ၊ Forever မြဝတီ အပါအဝင် ရုပ်သံ ချန်နယ်လိုင်းတွေ မှာ ဂျပန် ဇာတ်လမ်းတွဲတွေ ပိုမိုပြီး တော့ များပြားစွာ ထိုးဖောက်နိုင်ဖို့ စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here