ခန္ဓာကိုယ်ကောက်ကြောင်း ကို ဘယ်လို ထိန်းသိမ်းလဲဆိုတာ ပြောပြခဲ့တဲ့ Seolhyun

0
214

seolhyun-01-copy

AOA ရဲ့ အဖွဲ့ဝင် ချစ်စရာကောင်းတဲ့ အဆိုတော်မလေး ဆိုဟွန်း (Seolhyun) က JTBC  ရဲ့ ‘please take care of my refrigerator’  အစီ အစဉ်မှာပါဝင်ခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ သူမဟာ သူမရဲ့ ခန္ဓာကိုယ် ကောက် ကြောင်းကို ဘယ်လို ထိန်းသိမ်းခဲ့လဲဆိုတာကို ပြောပြ ခဲ့တယ်။

“ကျွန်မဟာ စားချင်တဲ့ အစားအစာကို ဘယ်တော့မှ ကျော်မသွားပါဘူး။ အနည်းငယ်တော့ စားပါတယ်” လို့ သူမရဲ့ အာသာဖြေ နည်းကို ဝေမျှခဲ့ပါတယ်။ အဲ့ဒီနောက် သူမက အခုလို ဆက်ပြောပါတယ်။ “ညစာမစားတာထက်စာရင် မနက်စာကို ရှောင်လိုက်တယ်။ တခြားသူတွေက မနက်ကို အာဟာရ ရှိရှိစား သင့်ပြီး ညပိုင်းကို အစားလျှော့ စားသင့်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ကျွန်မ အတွက် ကတော့ မနက်စာကို အာဟာရရှိရှိ စားမိရင် ညစာကိုလည်း မနက်စာ လို့ပဲ စားမိပါတယ်။ ဒါကြောင့် မနက်စာကို လျှော့စားပြီး ညစာကို အာဟာရ ရှိရှိစားပါတယ်။Lemon detox ၊ အစာလျှော့စားတဲ့ အစီအစဉ်တွေ အစရှိတဲ့ နည်းလမ်း အားလုံးကို ကြိုးစားခဲ့တယ်။ အဲ့ဒါ တွေ က ကျွန်မနဲ့ လုံးဝ အံမဝင်ခဲ့ ဘူး။ သင်စားချင်သမျှ အားလုံးကို စားတာ က သင့်ကို ပိုပြီး ဝိတ်ကျစေပါတယ်။ အချိန်ရှိသလောက် အားကစား   တွေလုပ်လည်း အလကားပါပဲ” လို့ သူမရဲ့ နည်းဗျူဟာတွေကို ပြောပြ သွားပါတယ်။

ဆိုဟွန်း က ၂ဝ၁၆ မှာ Hazzys Accessories, G-Market ၊ Mind Bridge တို့ရဲ့ ပင်တိုင် မော်ဒယ်ဖြစ်လာခဲ့ပြီး ၂ဝ၁၆ ခုနှစ်မှာတော့ Law of the Jungle  မှာ ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here