ဗေလုဝ၊ ခင်လှိုင် တို့နဲ့ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးမယ့် ဒါရိုက်တာ ကြည်ဖြူသျှင်

0
123

kyi-phyu-shinဒါရိုက်တာ ကြည်ဖြူသျှင်က ရုပ်ရှင် မရိုက်ကူးဖြစ်တာ ၄ နှစ် နီးပါး ကြာမြင့်ခဲ့ ရာကနေ ဇန်နဝါရီလထဲမှာ ဟာသရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကြီး မှာတော့ အလင်း ရောင်၊ ဗေလုဝ၊ ခင်လှိုင်၊ ပက်ထရစ်ရှာ၊ ဂွမ်းပုံ၊ ပွင့်တို့က ပါဝင် သရုပ် ဆောင် သွားမှာဖြစ်ပါတယ်။ ဇာတ်ကား နာမည် ကတော့ “မိန်းမဟူ သရွေ့ ငါတို့၏စကားမြစ်၌  မျောကြစေ သ တည်း” လို့ အမည်ပေးထား ပါ တယ်။ ဒီ ဟာသ ဇာတ်ကား ရိုက်ကူးဖြစ်ခြင်း အကြောင်းကို တော့..

“အစ်မရဲ့ ပထမဆုံး စရိုက်ကူးတဲ့ ရုပ်ရှင် ဇာတ်ကားကြီး က ဟာသ ဇာတ်ကား ကြီးပါ။ အဲဒီ ခေတ် တုန်းကလည်း အစ်မ သည် ဒရာမာ ရိုက်ကူးတဲ့ ဒါရိုက်တာပါ။ ဒါပေမဲ့ ရုပ်ရှင် ကိုဟာသ နဲ့ စဖွင့် တယ်။ အခု လည်း အစ်မ အနေ နဲ့ ရုပ်ရှင် ဇာတ်ကားကြီး မရိုက် ကူး ဖြစ်တာ ၄ နှစ် နီးပါး ရှိပြီ။ ပြန်ရိုက်ကူး တဲ့ အချိန် မှာ ဟာသ နဲ့ပြန်စတယ်။ ဒါ လည်း မထင် မှတ် တဲ့ တိုက်ဆိုင် မှု တစ်ခုပေါ့။ အစ်မ အနေနဲ့ ဟာသ ဇာတ်ကား ရိုက်ကူး တာ နည်းပါ တယ်။ ရုပ်ရှင်မှာ ဟာသ အနေနဲ့ “နှလုံးသား လျှို့ဝှက်ခန်း” ရယ်၊ “သင်ချစ်လျှင် ကျွန်ုပ်မမုန်းပါ” ရယ် ရုပ်ရှင်နှစ်ကား ရိုက်ကူးခဲ့တယ်။ နှစ်ကားစလုံး အောင်မြင် မှုရ ခဲ့တယ်။ ဒါကြောင့် ပရိသတ် နဲ့အစ်မ ကတော့ သဟဇာတ ဖြစ်တယ် လို့ အစ်မမြင်တယ်။ ပရိသတ် အတွက်လည်း အကောင်း ဆုံး ဖြစ်အောင် အစ်မ အနေနဲ့ ရိုက်ကူးပြမှာပါ။ ပရိသတ် အတွက် Message  တစ်ခုခုတော့ ကျန်ခဲ့မှာပါ။ ကြည့်ပြီးတော့ ပျော်စရာလည်း ကောင်းမယ်။ ပြီး တော့သူတို့ အတွက် တွေးစရာ အတွေးလေး တစ်ခုလည်း ကျန်ခဲ့ရအောင် အစ်မ အနေနဲ့ ရိုက်ကူးသွား မယ်လို့ ပြောချင် ပါတယ်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပြ ပါတယ်။ လက်ရှိ ဈေးကွက်မှာတော့ ပရိသတ်တွေ အနေ နဲ့လည်း ဒရာမာနဲ့ ရိုမန့်ဘက်ကို ပြန်ဦးလှည့်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် လည်း ရုပ်ရှင် လောကမှာ ဒရာမာနဲ့ ရိုမန့် ဇာတ်ကား တွေကို အဓိကထား ပြန်လည် ရိုက်ကူး လာကြပါ တယ်။ ဒီလိုကာလ မှာ ဒါရိုက်တာ ကြည်ဖြူသျှင် အနေနဲ့ ဟာသ ဇာတ်ကားကြီး ရိုက်ကူးမှာဖြစ်တဲ့ အတွက် ဟာသကို ပရိသတ် တွေ ကြိုက်နှစ် သက်မှု အနေအထား ကိုမေးတော့..

“ဘာပဲပြောပြော အစ်မတို့  အနုပညာ သမားတွေ ကတော့  ပရိသတ်တွေ ကြိုက်မယ် လို့ မျှော်လင့် ပြီးတော့ ရိုက်ကူးကြတာ ပေါ့။ အခု ဒီဇာတ် ဆိုရင်  အစ်မ ကိုယ်တိုင်လည်း ကြိုက်တယ်။ ပရိသတ်တွေ ကြိုက်မယ် လို့လည်း အစ်မမြင်တယ်။ ဒါကြောင့်မို့ အစ်မ ရိုက်ကူးဖို့ တည် တယ်။ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း ကတော့ ရုံတင်မှပဲ သိမှာ ပေါ့နော်။ အဓိကတော့ ကိုယ် ကိုယ်တိုင် ကြိုက်လို့ ရိုက်ကူးတဲ့ ဇာတ်ပါ” လို့ ပြောပါတယ်။ ဒါရိုက်တာ ကြည်ဖြူသျှင် အနေနဲ့ ဒီရုပ်ရှင် ဇာတ်ကားကြီးကို ၁၅ ရက် ကြာ ရိုက်ကူး မှာဖြစ်ပြီး ရိုက်ကူးပြီး တဲ့အခါ မှာတော့ B ချန်နယ်မှာ ရုံတင်ပြသ သွားမယ်လို့လည်း ပြောပါ တယ်။

“ဟာသ ဆိုတာက Plot တွေက ကြာသွားလို့ ခေတ် နဲ့မညီတော့ရင် အီသွားတတ်တယ်။ ခေတ် နဲ့ညီနေမှ ဆိုတော့ B ချန်နယ် ကနေပဲ တင်မယ် လို့ စဉ်းစားထားတာ။ ရိုက်ကူးပြီးတာနဲ့ အမြန်ဆုံး တင်နိုင်ဖို့ အတွက်ကို ကြိုးစားသွားမှာပါ” လို့ သူကပြောပါတယ်။ ဒါရိုက်တာ ကြည်ဖြူသျှင် က ရုပ်ရှင် ဇာတ်ကားကြီး ၆ ကား ရိုက်ကူး ပြီးခဲ့ပြီဖြစ်ပြီး အခုလက်ရှိ ရိုက်ကူးမယ့် ဇာတ်ကား ကတော့ သူ့ရဲ့ ၇ ကားမြောက် ရုပ်ရှင်ဇာတ် ကားပဲ ဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here