သရုပ်ဆောင် အလုပ်ဘက်ကိုပါ ခြေချမိလာတဲ့ ဆိုဖီယာ (Sofia Everest)

0
133

sofera-1Myanmar Idol  ကနေ ပရိသတ် အသိအမှတ်ပြု လက်ခံလာတဲ့ တေးသံရှင် ဆိုဖီယာကတော့ လက်ရှိမှာ ဗီဒီယို ဇာတ်ကား နှစ်ကား အထိ ရိုက်ကူး လာနေခဲ့ပြီ ဖြစ်ပါတယ်။ ဆိုဖီယာဟာ Myanmar Idol  ပြိုင်ပွဲပြီးတဲ့ နောက်ပိုင်းမှာ ဂီတ လှုပ်ရှားမှုတွေ ခပ်စိပ်စိပ် ပြု လုပ်လာ ခဲ့တာကို တွေ့လာရပြီး  X-Box  ရဲ့ Snapshop  သီချင်းထဲမှာ ဖီးချားရင်း အနေနဲ့ သီဆို ပေးထားခဲ့ပါတယ်။ အဲဒီနောက် မှာတော့ Crush On You ဆိုတဲ့ R & B ပုံစံဘက်ကို အသားပေးထားတဲ့ အမ်တီဗီ သီချင်းသစ် တစ်ပုဒ် ထွက်ရှိလာခဲ့ပြီး ပရိသတ်တွေ အများ အပြား ကြိုက်နှစ်သက် ခဲ့တာမို့ ဆိုဖီယာရဲ့ ဂီတ လမ်းကြောင်းတွေဟာ ပိုမို ဖြောင့်ဖြူးလာပါတယ်။

“အခုနောက်ပိုင်း မှာလည်း ဖီးချားရင်းတွေ ဆိုထားတာတွေ အများ ကြီး ရှိပါသေးတယ်။ ထွက်ရှိလာဦးမှာပါ။ Crush On You သီချင်း ကတော့ ပရိသတ် အားပေးမှုကို အများဆုံး ရရှိခဲ့တာပါ။ တအားကို ကျေနပ် ခဲ့ပါတယ်။ ကိုယ်ပိုင်  Solo  သီချင်းလည်း ဖြစ်တယ်။ ပြီးတော့ ညီမ တအားကြိုက်တဲ့ R & B မြူးဇစ်လည်း ဖြစ်တယ်။ ပရိသတ် လက်ခံသွားတဲ့ အတွက် တအားကို ဝမ်းသာမိပါတယ်။ မိန်းကလေးထဲမှာ R & B  စတိုင်နဲ့ သီဆိုတဲ့ သူကလည်း နည်းသေးတော့ ပရိသတ်တွေ စိတ်ဝင်စား သွားတာလည်း ပါပါ တယ်။ သီချင်း ဖွဲ့စည်းပုံနဲ့ စာသား တွေကလည်း နည်းနည်း ဆန်းသွားလို့ ပရိ သတ် လက်ခံခဲ့တာလို့ မြင်ပါတယ်”လို့ ဆိုဖီယာ က ဆိုပါတယ်။

လက်ရှိ မှာတော့ တစ်ကိုယ်တော် စီးရီး ခွေ အတွက် ကြိုးစားနေပြီး သရုပ်ဆောင် အလုပ်ဘက် ကိုလည်း အချိန်ပေးထား တာမို့ ဇာတ်ကား ရိုက်ကူးနေစဉ်မှာ ဂီတနဲ့ ပတ်သက်ပြီး ဘာမှမလုပ်ဘဲ အချိန်ကိုတော့ စီမံခန့်ခွဲ ထားတယ်လို့ ဆို ပါတယ်။ ဆိုဖီယာအနေနဲ့ ပထမဦးဆုံး ရိုက် ကူးထားတဲ့ ဇာတ်ကားက “နောက်ဘယ်တော့မှမမုန်း ဘူး” ဆိုတဲ့ ဇာတ်ကားဖြစ်ပြီး လက်ရှိမှာတော့ “နောက် ကျော ကဓား” ဆိုတဲ့ ဇာတ်ကားကို ဒါရိုက်တာ ရာဇဝင်ကို၊ သူရိယ၊ မေကြည် (Myanmar Idol) တို့နဲ့အတူ ရိုက်ကူး လျက်ရှိနေပါတယ်။

“နှစ်ကားမြောက် ဖြစ်လာပြီ ဆိုတော့ လုပ်တော့ လုပ်ရဲ လာပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေ များစွာတော့ ရှိပါသေးတယ်။ ပရိသတ်တွေ ရဲ့ ဝေဖန်မှုတွေ အပေါ် မူတည်ပြီးတော့ ဆက်လက် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဂီတဘက် မှာလည်း ဆက်လက် ကြိုးစားသွား မှာ  ဖြစ် သလို သရုပ်ဆောင်ဘက်မှာလည်း ဆက်လတ် ကြိုးစားသွားမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ထက်လူ၊
ဓာတ်ပုံ-မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here