တစ်နှစ်လုံးကြိုးစားခဲ့တာ အခက်အခဲတွေလည်း အများကြီးရှိတယ် ဝါဆိုမိုးဦး

0
140

warso

၂ဝ၁၇ ခုနှစ် နှစ်သစ်ကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် အနုပညာရှင်တွေက သူတို့လုပ်ဆောင်မယ့် အနုပညာအစီအစဉ်တွေကိုလည်း ကြိုတင် plan ချပြီး အကောင်အထည်ဖော်ဆောင်ရွက်နေကြပါတယ်။ သရုပ်ဆောင်၊ အဆိုတော် ဝါဆိုမိုးဦးတစ်ယောက်ကလည်း သူ့ရဲ့အနုပညာကို ပရိသတ်တွေ အသိအမှတ်ပြုဖို့အတွက် ကြိုးစား နေသူတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ မိုက်လားပြောကြည့် ပထမဦးဆုံး တစ်ကိုယ်တော် စီးရီးခွေ MTV ကိုလည်း အကောင်းဆုံး ပုံဖော်နေပြီး မကြာမီထွက်ရှိတော့မယ်လို့ သိရပါတယ်။ တစ်ကိုယ်တော်အခွေထွက်ရှိ နိုင်ဖို့အတွက်ကို အားသွန် ခွန်စိုက်နဲ့ စီစဉ်နေတဲ့ ဝါဆိုမိုးဦးက …

” ၂ဝ၁၆ခုနှစ် တစ်နှစ်လုံး ဝါဆိုအခွေနဲ့ပဲ အလုပ်ရှုပ်နေတာ။ အခု ပြီးတော့မယ်။ ၂ လပိုင်း ကုန်လောက် ထွက်ရှိဖို့မှန်းထားပါတယ်။ သီချင်း ၆ ပုဒ် ပြီးသွားပြီ။ ၃ပုဒ်လောက်ပဲ ကျန်တော့တယ်။ အဆုံးသတ်တော့ မယ်။ အခွေနာမည်ကို “မိုက်လား ပြောကြည့်” လို့ ပေးထားပါတယ်။ အဲဒီသီချင်းကို snare က ကိုဖြိုးလေး၊ ကိုအောင်သူတို့ ရေးပေးထားတာပါ။ ဆိုတာကတော့ ဝါဆိုနဲ့ မစန္ဒီမြင့်လွင် ဆိုထားတာပါ။ သီချင်းက ကောင်မလေးတွေတစ်ယောက်နဲ့တစ်ယောက် ဂေါ် တဲ့အကြောင်းကို ရေးထားတာပေါ့။ နင်ရော မိုက်လား ငါက ဒီလို brand တွေ ကိုင်တယ်ပေါ့။ ကောင်မလေး တွေအချင်းချင်းပြိုင်တဲ့အနေနဲ့ ဆိုထားတဲ့ ပုံစံမျိုးပါ။ ကျန်တဲ့သီချင်း ခေါင်းစဉ်တွေက ရိုးရိုးလေးပဲ ပေးထားတာဆိုတော့ ခေါင်းစဉ်တင်ဖို့ သိပ် အဆင်မပြေဘူး။ နောက်ပြီးကျတော့ “မိုက်လားပြောကြည့်” သီချင်းက ဝါဆို ငွေအင်အားအများကြီးနဲ့ သေချာ ရိုက်ကူးထားတာဖြစ်တဲ့အတွက် ဒီခေါင်းစဉ်ကလည်း မဆိုးဘူး ဆန်းတယ်ဆိုပြီးပေး ဖြစ်သွားတာပါ။ ဒီသီချင်းကိုလည်း ၂ရက် ရိုက်ကူးထားရတယ်။ စတူဒီယိုမှာပဲ အက အဖွဲ့လည်းပါတယ်။ ဆက်တင်တွေ အဝတ်အစား တွေကအစ သေချာပြင်ဆင်ပြီးမှ ရိုက်ကူးထားတာပါ” လို့ပြောပါတယ်။ အခု ၂ဝ၁၇ ခုနှစ်မှာ ဒီအခွေနဲ့ ပတ်သက်ပြီး ပရိသတ်အသိအမှတ်ပြုမှုကို လိုချင်ပါတယ်လို့ဆိုတဲ့ ဝါဆိုမိုးဦးက ..

warso2

” မျှော်လင့်မိတာတော့ ၂ဝ၁၆ ခုနှစ်တစ်နှစ်လုံး မှာ ဝါဆိုဒီအခွေကို လုပ်နေတာပါ။ ၂ဝ၁၇ခုနှစ် လအစမှာပဲ ပရိသတ်တွေကိုချပြမယ်။ ဝါဆို တစ်နှစ် လုံးကြိုးစားခဲ့တာ အခက်အခဲတွေလည်း အများကြီး ရှိတယ်။ ဒီအခွေလုပ်မှ အတွေ့အကြုံတွေလည်း အများ ကြီးရတယ်။ ဒီအခွေမှာပဲ ဝါဆို စိတ်ရော လူရော နှစ်ထားတယ်။ အကောင်းဆုံးဖြစ်အောင် လည်း လုပ်ထားတဲ့အတွက် ဝါဆို့ကြိုးစားမှုကို အသိအမှတ် ပြုပေးတာပဲ လိုချင်ပါတယ်” လို့ပြောပါတယ်။ ဝါဆိုမိုးဦးက ၂ဝ၁၇ခုနှစ် နှစ်ကုန် လောက်မှာ ရုပ်ရှင် ဇာတ်ကားကြီးရိုက်ကူးဖို့လည်း အစီအစဉ်ရှိကြောင်းပြောပြီး အချစ်ရေးအနေ နဲ့ သူ့ရဲ့ချစ်သူ အဆိုတော် တစ်ဦးနဲ့ ပြန် လည် အဆင်ပြေသွားပြီလို့ သိရပါတယ်။ ” အချစ်ရေးကတော့ ကြော်ငြာ ရိုက်မှာ ပြန်ဆုံတော့ပြန်အဆင်ပြေသွားကြ ပါတယ်။ အခုတော့ အေးအေးဆေးဆေးပါပဲ” လို့ အချစ်ရေးနဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here