၂ဝ၁၇ အတွက် ဖြိုးလေး (Snare)ရဲ့ အနုပညာရေး၊ ကျန်းမာရေး၊ အချစ်ရေး

0
105

phyo-lay-1

သူတို့ Snare အဖွဲ့ရဲ့ တတိယစီးရီးခွေကိုတော့ ၂ဝ၁၇ ခုနှစ် နှစ်ဦး ပိုင်းထဲမှာထွက်ဖို့ ကတိပေးကြောင်း ဖြိုးလေးကဆိုပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်ထဲမှာ ဖက်ရှင်ဆိုင်ကိစ္စတွေ၊ ရှိုးပွဲတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် စီးရီး ခွေထွက်ရှိဖြစ်ရင်တောင် အရည်အသွေးပိုင်းကို လျော့သွားမှာစိုးလို့ အချိန် တွေ ကြာသွားတာဖြစ်ကြောင်း သူက ဆက်လက်ပြောပါတယ်။

” ၂ဝ၁၇ ခုနှစ်မှာ ကျွန်တော်တို့ ရဲ့ တတိယစီးရီးခွေ သေသေချာချာကို ထွက်မှာပါ။ သင်္ကြန်မတိုင်ခင်နဲ့ သင်္ကြန်အပြီးပေါ့။ အဲဒီထက် နောက် မကျတော့ပါဘူး။ Title ကတော့ “ပူးတွဲချန်ပီယံ” လို့ပေးထားပါတယ်။ အကြောင်းအရာတွေကတော့ Snare ပုံစံအတိုင်း အဆန်းကြီးတွေပါတယ်။ ပိုက်ဆံအကြောင်း ဆိုထားတဲ့ သီချင်းတစ်ပုဒ်ပါတယ်။ အဝေးရောက်သွားတဲ့ သူငယ်ချင်းတွေ အကြောင်းပါတယ်။ ကောင်မလေးကထားခဲ့တဲ့ အသည်းကွဲ သီချင်းတွေပါတယ်။ ထူးထူးဆန်းဆန်း အိုင်ဒီယာလေးတွေလည်း ပါပါတယ်” လို့ အနုပညာပိုင်းနဲ့ ပတ်သက်လို့ ဖြိုးလေးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်မှာ သူငယ်ချင်းဖြစ်သူ နေဝင်းတစ်ယောက်လည်း ကျန်းမာရေး ချူချာ နေသလို ဖြိုးလေးလည်း နေမကောင်း ခဏခဏဖြစ်နေတာတွေ့ရတာကြောင့် သူ့ရဲ့ကျန်းမာရေး နဲ့ပတ်သက်လို့လည်း မေးဖြစ်ခဲ့ပြန်ပါတယ်။

” ကျွန်တော်တို့ကတော့ အဓိကကတော့ အလုပ်တွေကများ၊ ခရီးတွေ ကသွား၊ သီချင်းတွေကဆိုတော့ ရာသီဥတုက အေးလိုက်၊ ပူလိုက်နဲ့ ခရီး ပန်းပြီးဖျားတာပါ။ အကြီးကြီး ဖြစ်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်က သွေးတိုးရောဂါရှိတယ်။ အဲဒီတော့ အစားအသောက်ဆင်ခြင်ရတယ်”လို့ သူကဆိုပါတယ်။ ဖြိုးလေးကို နောက်ဆုံးမေးဖြစ်တာက သူ့အချစ်ရေးပါ။ သူ့ချစ်သူကတော့ သရုပ်ဆောင်လည်းလုပ်သလို မကြာခင်မှာ တေးစီးရီးခွေလည်း ထွက်တော့မယ့် အနုပညာရှင်လေး ဆိုတာ အားလုံးလည်းသိပြီး လောက်ပါရဲ့။ ဖြိုးလေးက သူတို့နှစ်ယောက်အကြောင်းကိုလည်း..

” အချစ်ရေးကတော့ အခုချိန်မှာ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ပါပဲ” လို့ပြောပါတယ်။ သူမရဲ့စီးရီးခွေ အတွက်ကိုကော ဘယ်လိုတွေ ကူညီပေး ဖြစ်လဲလို့မေးတော့.. ” အလုပ်ကိစ္စတွေကတော့ တတ်နိုင်သလောက် ကူညီပေးဖြစ်ပါတယ်။ တချို့သီချင်းကိစ္စလေးတွေ စီစဉ်ပေးတယ်။ သူ့စီးရီးခွေအတွက် ကျွန်တော် တစ်ပုဒ်ဝင်ဆိုပေးထားပါတယ်” လို့ ဖြိုးလေး က ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here