စန္ဒီမြင့်လွင်နဲ့ သီဆိုထားတဲ့သီချင်းကို အွန်လိုင်းမှာ အရင်ဖြန့်မယ် စိုးပြည့်သဇင်

0
447

min_0332-copy

စိုးပြည့်သဇင်က သူ့ရဲ့အစ်မ စန္ဒီမြင့်လွင်နဲ့အတူ Mini Album  ထွက်ရှိဖို့ စီစဉ်နေပါတယ်။ ညီအစ်မ နှစ်ဦးတွဲဖက်ပြီး သီချင်းတွေ မဆိုဖူး တာကြောင့် အမှတ်တရအနေနဲ့ အခုလို သီချင်းအတူဖန်တီးခြင်းဖြစ်ကြောင်းကိုလည်း စိုးပြည့်သဇင် က..

“စိုးပြည့် အရင်သီချင်းခွေတွေထွက်တော့ စိုးပြည့်က Pop  သီချင်း တွေ၊Rock  သီချင်းတွေ ဆိုတာများတယ်။ မဒီနဲ့က လိုင်းမတူဘူး။ မဒီကHip Hop Music ဆိုတယ်ဆိုတော့ အခုကျတော့ စိုးပြည့်လည်း R&B ပုံစံမျိုးလေး ဆိုချင်တယ်။ ညီအစ်မ နှစ်ယောက်လည်း တွဲပြီး မဆိုဖူးဘူးဆိုတော့ အမှတ်တရလေးဖြစ်အောင် လုပ်ချင်တယ်ဆိုပြီးတော့ တိုင်တိုင်ပင်ပင်နဲ့ လုပ်ဖြစ်သွားတာပါ” လို့ Mini Album  ထွက်ဖို့ စီစဉ်ဖြစ်ပုံအကြောင်း ပြော ပါတယ်။   သူတို့နှစ်ဦး တွဲဖက်သီဆိုထားတဲ့ ပထမဦးဆုံးသီချင်းဖြစ်တဲ့ Don’t make me lonely
သီချင်းတစ်ပုဒ်ကိုလည်း ဇန်နဝါရီလမှာ အွန်လိုင်းပေါ်မှာ အရင်ဖြန့် ချိမှာဖြစ်ပါတယ်။ အွန်လိုင်းမှာ ဖြန့်ချိမယ့် သီချင်းနဲ့ ပတ်သက်ပြီး စိုးပြည့်သဇင်က ..

“အခုလောလောဆယ် သီချင်းလေးကို အွန်လိုင်းမှာပဲ Audio  အဖြစ်တင်ဖြစ်ပါမယ်။ မဒီကHip Hop  ဆိုမှာပါ။ စိုးပြည့်က မယ်လိုဒီ ဆိုဖြစ်မှာပါ။ သီချင်းလေးကို နှစ်ယောက်ပဲ တိုင်ပင်ပြီး နှစ်ယောက်စလုံး ကြိုက် တယ်ဆိုပြီး ရွေးချယ်ခဲ့တာပါ။ ဒီသီချင်းလေးရဲ့ပုံစံက သူ့ကို တစ် ယောက်တည်း အထီးကျန်အောင်မထားပါနဲ့ ဆိုပြီး တေးရေး ဆရာ မိုးထက်က ရေးပေးထားတာပါ။ စိုးပြည့်အနေနဲ့ကR&B သီချင်းကို ပထမဆုံးဆိုဖူးတာပါ။ ပြီးတော့ Rap နဲ့လည်း တွဲပြီး ပထမဦးဆုံး ဆိုဖူးတာပေါ့။ အစ်မနဲ့တွဲပြီး ဆိုရ တာဆိုတော့ အလုပ်လုပ်ရတာလည်း ပိုပြီးပျော်ဖို့ကောင်းတယ်” လို့ ပြောပါတယ်။ နောက်ထပ်လည်း စန္ဒီမြင့်လွင်နဲ့ သီချင်းတစ်ပုဒ် ထပ်လုပ်ဖို့ရှိပြီး သီချင်းနှစ်ပုဒ်စလုံးကို MTV  အဖြစ်ပုံဖော်ပြီးမှပဲMini Album  အနေနဲ့ ထွက်ရှိသွားမှာ ဖြစ်ကြောင်း စိုးပြည့်သဇင် က ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here