အဆိုပြိုင်ပွဲတွေမှာ ဒိုင်လူကြီးအဖြစ်ဆောင်ရွက်ဖို့ ကမ်းလှမ်းမှုတွေရှိပေမယ့် ငြင်းဆိုခဲ့တဲ့ မာရဇ္ဇ

0
142

marriza

အဆိုတော်မာရဇ္ဇက သီချင်းခွေအသစ်စီစဉ်ဖြစ်ပြီး ၂ဝ၁၇ခုနှစ်၊ ဖေဖော်ဝါရီလပိုင်းတွင် မန္တလေးမှာဖျော်ဖြေပွဲလုပ်မယ်လို့ သိရပါတယ်။

” ကျွန်တော်ရဲ့ Live Show တွေဆိုထားတာကို အခွေပြန်ထုတ်ဖို့မရှိပါဘူး။ ကျွန်တော့်ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ “အချိန်အခါ” Audio အခွေကို DVD လုပ်ဖို့အတွက် ကမ်းလှမ်းတဲ့ လူတွေရှိတယ်။ ကျွန်တော်ကတော့ DVD အခွေပြန် မလုပ်ဘဲ နောက်တစ်ခွေလုပ်မှာဖြစ်တယ်။ အခွေအသစ်ထွက်ရှိဖို့အတွက် သီချင်း တွေရေးနေပြီဖြစ်တယ်။ ပရိသတ်တွေကို နောက်တစ်နှစ်လောက်ဆို ချပြသွားမှာပါ” လို့ ပြောပါတယ်။ အဆိုပြိုင်ပွဲတွေအတွက် ဒိုင်လူကြီးလုပ်ဖို့မာရဇ္ဇကို ကမ်း လှမ်းခဲ့တာရှိပေမယ့် အဆိုတော်မာရဇ္ဇက ငြင်းပယ်ခဲ့ကြောင်းပြောပါတယ်။

” ကျွန်တော့်ကို အဆိုပြိုင်ပွဲတွေမှာ ဒိုင်လူကြီးလုပ်ဖို့အတွက် ကမ်းလှမ်းခဲ့တာရှိတယ်။ ဒါပေမဲ့ ကျွန်တော်အမြဲတမ်းငြင်းတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အနုပညာသမားတစ်ယောက်ဖြစ်တဲ့အတွက် အနုပညာဆိုတာပြိုင်ရ မယ့်အရာမဟုတ်ဘူး။ အနုပညာကို ပြိုင်ဆိုင်ကြတယ်ဆိုတာ အဓိပ္ပာယ်မရှိတာ။ ဒါကြောင့် ကျွန်တော်အဲဒီလိုပြိုင်ပွဲတွေကို ဘယ်တုန်းကမှ အားမပေးခဲ့ဘူး။ နောက် လည်း အားပေးမှာမဟုတ်ဘူး။ ပြိုင်ပွဲဝင် လူငယ်တွေကလည်း သူများသီချင်းကို ကိုယ်ဘယ်လိုကောင်းအောင် ပြန်ဆိုရမလဲပဲ စဉ်းစားတယ်။ ဖန်တီးမှုပိုင်းကို မေ့ထား ကြတယ်။ ကျွန်တော်တို့ ဂီတလောကမှာ နှစ်ရှည်စွာရပ်တည်နိုင်တာကလည်း ကိုယ် တိုင်ဖန်တီးနိုင်လို့ပဲ။ ကိုယ့်သီချင်း ကိုယ်မှမရေးနိုင်ဘဲ ဂီတလောကမှာ ရပ်တည် မယ်ဆိုရင် မျက်နှာငယ်ရလိမ့်မယ်။ အဲဒါကြောင့် လူငယ်တွေ အနုပညာကို ချစ်တယ်ဆိုရင်ကြိုးစားပါ။ ဖန်တီးပါ။ ထိုက်တန်တဲ့အရည် အချင်းတွေနဲ့ နေရာယူနိုင်ပါစေလို့ ကျွန်တော်ဆုတောင်းနေပါတယ်” လို့ မာရဇ္ဇက ဆိုပါတယ်။ မာရဇ္ဇက အခွေအသစ်အတွက် သီချင်းတွေစရေးနေပြီး ၂ဝ၁၇ ခုနှစ်၊ ဖေ ဖော်ဝါရီလမှာ မန္တလေးမှာပြုလုပ်မယ့် ဖျော်ဖြေပွဲမှာလည်း Rock သီချင်းများစွာနဲ့ ဖျော်ဖြေမှာဖြစ်ကြောင်း သိရပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here