ရေကြောင်း Taxi စီမံကိန်း ဇန်နဝါရီလတွင် စတင်မည်

0
224

ရန်ကုန်မြစ်အတွင်း ပြေးဆွဲမည့် ရေကြောင်းတက္ကစီ စီမံကိန်းကို လာမည့် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလအတွင်း စတင်တည်ဆောက်တော့မည်ဖြစ်ပြီး တစ်နှစ်အတွင်း စတင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

” ရေကြောင်းတက္ကစီအတွက် တင်ဒါလျှောက်ထားတဲ့ ကုမ္ပဏီတွေကို ရွေးချယ်တော့မယ်။ ပြီးတာနဲ့ စဆောက်မယ်။ ဇန်နဝါလထဲမှာ စဆောက်မှာပါ။ ၂ဝ၁၇ ခုနှစ် အတွင်းမှာ အသုံးပြုလို့ရအောင် လုပ်ပါမယ်” ဟု ယင်းအဖွဲ့မှ ဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က ပြော သည်။ ယင်းစီမံကိန်းအတွက် လျှောက် ထားကြသည့် တင်ဒါများကို တင်ဒါ စိစစ်ရေးအဖွဲ့က ရွေးချယ် သွားမည် ဖြစ်ပြီး တင်ဒါအောင်သော ကုမ္ပဏီသည် ရေကြောင်းတက္ကစီစီမံကိန်းအတွက် အမြန်ရေယာဉ်ပြေးဆွဲ ခြင်းနှင့် ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ယင်းစီမံကိန်းအတွက် တင်ဒါလျှောက်လွှာများ ကို ၂ဝ၁၆ခုနှစ်နိုဝင်ဘာလ ၂ဝ ရက် နေ့မှစတင်ရောင်းချခဲ့ပြီး ဒီဇင် ဘာလ၂၆ရက်နေ့တွင် ပိတ်သိမ်းခဲ့ ရာတင်ဒါလျှောက်ထားသည့် ကုမ္ပဏီ နှစ်ခုသာရှိခဲ့ကြောင်းကို ဒေါက်တာ မောင်အောင်က..

” ဝန်ကြီးချုပ်က နာယကအဖြစ် ပါဝင်တဲ့ တင်ဒါစိစစ်ရေးအဖွဲ့က ရွေးချယ်သွားမှာပါ။ ကုမ္ပဏီ နှစ်ခုလုံးကို ရွေးရင်လည်းရွေးမယ်။ တစ်ခုပဲ ရွေးရင်ရွေးမယ်။ ပြောလို့တော့မရ သေးဘူး” ဟု ပြောသည်။ ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့နိုင်ရေးအတွက် အဆိုပါရေ ကြောင်းတက္ကစီ စီမံကိန်းကို အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့က စီစဉ်ခဲ့ ခြင်းဖြစ်ကြောင်း ဒေါက်တာမောင်အောင်က ပြောသည်။ ယင်းရေကြောင်း တက္ကစီကို လှိုင်မြစ်၊ ရန်ကုန်မြစ်နှင့် ငမိုးရိပ်ချောင်းတို့တွင် ပြေးဆွဲသွားမည်ဖြစ်ပြီး လှိုင်မြစ်၊ ရန်ကုန်မြစ်တစ်လျှောက် လှိုင်သာယာမှ ပန်းဆိုးတန်း အထိ ပြေးဆွဲမည့်ခရီးစဉ်တွင် ဆိပ်ကမ်း ၇ခု၊ ငမိုးရိပ်ချောင်းတစ် လျှောက်တွင် ပြေးဆွဲမည့် ခရီးစဉ်တွင် ဆိပ်ကမ်း ၁၁ ခုပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။ လှိုင် မြစ်၊ ရန်ကုန်မြစ် ကြောင်းတစ်လျှောက်တွင် ခရီးသည်အယောက်၅ဝမှ အယောက်၁ဝဝကြား တင်ဆောင်နိုင် သည့် ရေယာဉ်များဖြင့်
ပြေးဆွဲ မည်ဖြစ်ပြီး ငမိုးရိပ်ချောင်းတစ် လျှောက်တွင်ခရီးသည် ၃၅ ယောက်မှ အယောက် ၆ဝ ကြား တင်ဆောင်နိုင်မည့် ရေယာဉ်များဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့မှသိရသည်။ ရန်ကုန်တိုင်း ဒေသကြီး သယ် ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့သည် ရေကြောင်း တက္ကစီပြေးဆွဲနိုင်ရေးအတွက် မြစ်ကြောင်း တစ်လျှောက်ရှိ ဆိပ်ကမ်းတည်ဆောက်မည့်နေရာများကို ၂ဝ၁၆ခုနှစ် ဇူလိုင်လက စတင်လေ့လာခဲ့ခြင်းဖြစ်သည်။

လင်းဟိန်း


LEAVE A REPLY

Please enter your comment!
Please enter your name here