ယခုနှစ် ကျိုက်ခေါက်စေတီတော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖိုးချစ်၊ ဟန်ဇာမိုးဝင်း၊ စွမ်း တို့ ကပြမည်

0
168

swan

ဖေဖော်ဝါရီ ၄ရက်နေ့မှာ စတင်မယ့် ကျိုက်ခေါက်စေတီတော် မြတ်ကြီးဗုဒ္ဓပူဇနိယပွဲတော်မှာ မြို့ရွှေမန်းသား ဖိုးချစ်၊ဟန်ဇာမိုးဝင်း တို့စံပြသဘင်၊စွမ်းသဘင်တို့က ကပြ ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ ယခင် ကတော့ ကျိုက်ခေါက်ပွဲရဲ့ ဇာတ်ရုံမြေနေရာကို ဇာတ်အဖွဲ့တွေရဲ့ ကန်ထရိုက်တွေက ကိုယ်စီအပြိုင်လေလံ ဆွဲခဲ့ကြတဲ့အတွက် လေလံကြေး မြင့် မားခဲ့တဲ့ နှစ်တွေလည်းရှိခဲ့ပါတယ်။ အခုနောက်ပိုင်း မြန်မာနိုင်ငံသဘင် ပညာရှင်များအစည်းအရုံး(ဗဟို) အမှုဆောင်သစ်လက်ထက်မှာတော့ အမှုဆောင်သစ်မှ ဖွဲ့စည်းပေးထားတဲ့ ဇာတ်ပွဲစီစဉ်သူများအလွှာမှ ဇာတ် အဖွဲ့တွေအားလုံးရဲ့ ကိုယ်စားဇာတ် ရုံမြေနေရာဈေးကို ဂေါပကအဖွဲ့နဲ့ သွားရောက်ညှိနှိုင်းမှုတွေလုပ် ဆောင်ခဲ့ကြပါတယ်။ အဲဒီ့အတွက် အခုနှစ်မှာတော့ ဇာတ်ရုံတစ်ရုံကို ၄၅ သိန်းနဲ့ညှိနှိုင်းအဆင်ပြေခဲ့တယ်လို့သိရပါတယ်။

” ဒီနှစ်ညှိနှိုင်းမှုက မနှစ်ကထက် စာရင်ပိုပြီးတော့ အဆင်ပြေလာတယ်။ လွှတ်တော်ကိုယ်စားလှယ် တွေလည်း ညှိနှိုင်းမှုကိုတက်တယ်။ ကျန်တဲ့လူကြီးတွေလည်းစုံတယ်။ ကျွန်တော်တို့ဇာတ်ပွဲစီစဉ်သူများ အလွှာကတော့ သဘင်အစည်းအရုံး ကိုယ်စားသွားတက်တာပါ။ ကျိုက် ခေါက်မှာက ဇာတ်ရုံ၎ရုံ ရှိတယ်။ ဒါပေမဲ့ ကမယ့်ဇာတ်က ၃ဖွဲ့ပဲရှိ တယ်။ ဒါကြောင့် ခေါ်ယူ ညှိနှိုင်းကြ တယ်။ လေလံဆွဲတဲ့သဘောမျိုး တော့မဟုတ်ဘူးပေါ့။ ဈေးကိုညှိနှိုင်း ပြီးတော့နေရာချပေးတာပေါ့။ ရုံနေ ရာကျတော့ကမယ့်ဇာတ် ၃ ဇာတ်က မဲနှိုက်ပြီးတော့ ကိုယ်မဲပေါက်တဲ့ ရုံမှာကရတာပေါ့။ ဒီဘက်နောက် ပိုင်းနှစ်တွေမှာတော့ ဇာတ်တွေက အားလုံးညှိညှိနှိုင်းနှိုင်းနဲ့လုပ်ကြ တယ်။ အရင်လိုလေလံ အပြိုင် ဆွဲတာတို့တွေကိုသိပ်မလုပ်တော့ဘဲနဲ့ အားလုံးညှိနှိုင်းတိုင်ပင်ပြီးတော့ အလုပ်လုပ်တဲ့အခါကျတော့ ပိုပြီး တော့အဆင်ပြေသွားတာပေါ့” လို့ ကျိုက်ခေါက်ဇာတ်ရုံမြေနေရာ ညှိနှိုင်းမှုကို တက်ရောက်ခဲ့တဲ့ ဇာတ် ပွဲစီစဉ်သူများအလွှာမှကိုကျော်ဇေယျ ကပြောပါတယ်။ အခုနှစ်မှာတော့ ဇာတ်ရုံ(၁)မှာ မြို့ရွှေမန်းသားဖိုးချစ်၊ ဇာတ်ရုံ (၃)မှာစံပြသဘင်၊ ဇာတ်ရုံ(၄)တွင် စွမ်း သဘင်တို့က ဖေဖော်ဝါရီလ ၇ရက် နေ့မှ ၁၂ရက်နေ့အထိ ကပြသွားမှာ ဖြစ်ပြီးဇာတ်ရုံ(၂)က တော့ ကပြမယ့် ဇာတ်မရှိကြောင်း သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here