ပညာရေးမှာ ထူးချွန်တဲ့ လူငယ်တွေကို တတ်နိုင်သလောက် ပံ့ပိုးပေးချင်တဲ့ လင်းလင်း (Makeup Artist )

0
187

lin-linပညာရေးဘက်မှာ ထူးချွန်တဲ့ လူငယ်တွေကို ကိုယ်တတ်နိုင်သလောက် ပံ့ပိုး ပေးချင်တဲ့ အတွက် ပြေတီဦး ပညာရေး ဖောင်ဒေးရှင်းကို လင်းလင်း (Makeup Artist ) က အလှူငွေ ၃သိန်းကျပ် ပေးအပ် လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ပြေတီဦး ပညာရေး ဖောင်ဒေးရှင်း စတင် ထူထောင်စဉ် ကလည်း ဆေးကျောင်းသူ တစ်ဦးရဲ့ ပညာသင်စရိတ် ကိုလည်း ထောက်ပံ့ပေးအပ် ခဲ့ပြီး အခုဆိုရင် ဒီကျောင်းသူ က ဆေးကျောင်း နောက် ဆုံးနှစ်ကိုတောင် ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောပါတယ်။

“လင်း ငယ်ငယ်လေးကတည်းက မအူဝဲ ရှုတင်နောက်ကို အန်တီ မေသန်းတို့၊ မကြီးစန်း တို့နဲ့ လိုက်ခဲ့တော့ ကိုယ့်အစ်မ တစ်ယောက် လိုဖြစ်နေတော့ ကိုပြေတို့၊ မအူဝဲတို့ ဆိုတာ လေးစားရတဲ့ ပုဂ္ဂိုလ်တွေလည်းဖြစ်တယ်။ လင်းက ပညာရေး လည်း အားနည်းတော့ သူတို့ လုပ် တဲ့ ဖောင်ဒေးရှင်း မှာ ပညာရေးဘက်မှာ ထူးချွန်တဲ့ လူတွေကို ကိုယ်တတ်နိုင် သလောက် ပံ့ပိုးပေးတာပါ။ လင်းက လှူတိုင်း လှူတိုင်း မှာ ပြည့်စုံနေတဲ့ နေရာတွေကို လှူရတာထက် မပြည့် စုံတဲ့သူတွေကို လှူရတာ တအားမွန်မြတ်တယ် လို့ ထင်ပါတယ်။ လင်း တို့ ဂေါတမဘုရား ဟောထားတဲ့ အတိုင်းပေါ့။ ပြည့်စုံပြီးသား၊ ရှိပြီးသား နေရာမှာ လှူတယ် ဆိုတာ အရာရောက်ချင်မှ ရောက်တာလေ။ ဒါကြောင့် ပိုပြီးတော့ ကုသိုလ်ရမယ် လို့ ထင်ပါတယ်။ ဆရာဝန်ဖြစ်တော့ နယ်တွေမှာ သူတို့ တတ်ထားတဲ့ ဆေးပညာနဲ့ ဆင်းရဲနွမ်းပါးတဲ့ ပုဂ္ဂိုလ်တွေကို သူတို့ကုသပေးလို့ သက်သာ သွားတယ်ဆိုရင် သူတို့ ကုသိုလ် အပြင် လင်းနဲ့အတူ လင်းရဲ့ Customer တွေလည်း ကုသိုလ်ရမယ်လို့ ယုံကြည်ပါတယ်” လို့ လင်းလင်းက ပြောပါတယ်။ ဒါ့အပြင် လင်းလင်းက တစ်လတစ်ခါ အလှူအတန်း များ လည်း ပြု လုပ်လေ့ရှိပြီး ရန်ကုန်ဆေးရုံကြီး မှာလည်း ပဲထမင်းနဲ့ ရေသန့်ဘူး တစ်ရာကိုလည်း လှူဒါန်းခဲ့ကြောင်း သိရပါတယ်။  အခု လတ်တလော မှာ လင်းလင်းက မဂ္ဂဇင်း၊ ဂျာနယ်ကာဗာတွေ လည်း ရိုက်ကူးဖို့ ပြင်ဆင်ပေး ဖြစ်သလို အခုအချိန်က မင်္ဂလာဆောင် ရာသီဖြစ်တဲ့ အတွက် မင်္ဂလာပွဲတွေမှာ သတို့သား၊ သတို့သမီးတွေ အတွက် အချိန်ပေးပြီး မိတ်ကပ် လိမ်းခြယ် ပေးလျက် ရှိကြောင်း သိရပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here