ချွေးနှဲစာထဲက ငွေကျပ် ၃၆သိန်း အကုန်အကျခံ အလှူဒါနပြုလုပ်ခဲ့တဲ့ ရွှေထူး

0
119

shwe-htoo-copy

ဒီဇင်ဘာလ ၁၃ရက်နေ့က အဆို တော်ရွှေထူးရဲ့ ‘စိတ်ကူးယဉ်စာအုပ်’ တစ်ကိုယ် တော်အခွေထွက်ရှိတာ တစ်နှစ်ပြည့်တဲ့နေ့ပါ။အဲဒီနေ့ မှာ ရွှေထူးက သူ့မိသားစု၊ သူငယ်ချင်း တွေ၊ ပရိသတ်တွေနဲ့ ကျောက်တန်း၊ ခရမ်းသုံးခွအကျော်က မဟာဘုံဘုန်းတော်ကြီး ကျောင်း မှာအလှူဒါနတွေပြုလုပ်ခဲ့ပါတယ်။ လှူဒါန်းငွေစုစုပေါင်း ငွေကျပ်၃၆သိန်း ပမာဏ လောက် ရှိတယ်လို့ဆိုတဲ့ ရွှေထူးက “ကလေးတွေအ တွက် ၁၃ရက်နေ့ကနေ ၁၅ရက်နေ့အထိ ၃ရက် ဆက်တိုက် နေ့လယ်စာလှူခဲ့တယ်။ သူတို့အတွက် လိုအပ်နေတဲ့ အိမ်သာ ၆လုံးစာ လှူခဲ့တယ်။ ဘုန်းဘုန်းအတွက် ဝတ္ထုငွေလှူခဲ့တယ်။ ကလေးတွေကို စာသင်ပေးတဲ့ ဆရာ၊ ဆရာမတွေအတွက်ကိုလည်း လှူခဲ့တယ်။ အားလုံးပေါင်းကျွန်တော် ၃၆ သိန်းလောက်ကျခဲ့တယ်။ ကျွန်တော်က ကျွန်တော်ရှာတဲ့ အနုပညာကြေးထဲက တချို့တစ်ဝက်ကို လှူဒါန်းဖို့ အတွက်ဖယ်ထားတယ်။ ပီတိကတော့ ကျွန်တော်ရတဲ့ အနုပညာကြေးလေးတွေထဲကရသလောက် လှူခွင့်ရတဲ့အတွက် ပျော်တယ်။ အားလုံးလည်း ကုသိုလ်ယူရတဲ့အတွက် ဝမ်းသာပါတယ်” လို့ပြောပါတယ်။ သူ့ရဲ့ အမှတ်တရနေ့တစ်နေ့မှာ အလှူလုပ်ဖို့စိတ်ကူးဖြစ်ပုံကို လည်း “ကျွန်တော်က အစောကြီးကတည်းက လှူဖို့အစီ အစဉ်ကရှိထားပြီးသား။ ကိုယ့်ပရိ သတ်တွေနဲ့ လည်း လူသူအရောက်အပေါက် နည်းတဲ့နေရာ၊ တကယ့်ကို လိုအပ်နေတဲ့နေရာ တွေမှာ သွားပြီးလှူချင်တယ်။ အဲဒါနဲ့ သူငယ်ချင်းတွေ နဲ့တိုင်ပင်ပြီး ကျွန်တော့် မိသား စုရော၊ ကျွန်တော့် အစ်မတစ်ယောက်ရော၊ ပြီးတော့ ကျွန်တော့်ပရိသတ် အယောက် ၃ဝနဲ့ သွားလှူဖြစ်တာ” လို့ ရွှေထူးကပြောပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here