
အခုနောက်ပိုင်းမှာ ကိုယ်ကြိုက်တဲ့ ကာရိုက်တာမျိုးဖြစ်ရင်တော့ လက်ခံရိုက်ကူးဖြစ်တဲ့ အေးဝတ်ရည်သောင်းက ဇာတ်ကားရိုက်ကူးမှု အပိုင်းမှာ အရင်တုန်းကနဲ့ ထွေထွေထူးထူး မကွာခြားဘူးလို့ ပြောပါတယ်။
“အစ်မက ဇာတ်လမ်းကြည့်တယ်။ ကိုယ်ကြိုက်တဲ့ ကာရိုက်တာမျိုး မဖြစ်ရင်တော့ လက်ခံဖြစ်သွားတယ်။
အရင်တုန်းကနဲ့ ထွေထွေထူးထူး မကွာခြားဘူး။ လူသစ်တွေလည်း တွေ့ရင်တွေ့ရမှာပေါ့။ ဒီလောက်ပဲ ကွာ ခြားမယ်။
ကျန်တဲ့ဟာကတော့ အစ်မဘက်က ကြိုတင်ပြင်ဆင်တဲ့အပိုင်း အိုက်တင်လုပ်တဲ့ အပိုင်းကတော့ ကိုယ်က အားထည့်ထားလား ပုံမှန်အ တိုင်းပဲ၊အစ်မဘက်က သေသေချာချာ လုပ်တယ်” လို့ ပြောပါတယ်။
မင်္ဂလာသတင်းကြားရဖို့က လိုသေး တယ်လို့ ပြောလာတဲ့ အေး ဝတ်ရည် သောင်း က … “အိမ်ထောင်ပြုဖို့က လောလော ဆယ်တော့ အစီအစဉ် မရှိသေးဘူး၊ အိမ်ထောင်တစ်ခု ထူ ထောင်တော့မယ်ဆိုရင် အများကြီး လိုအပ်ပါတယ်။ အဘက်ဘက်က တစ်ခုမှ ချို့ယွင်းလို့ မရဘူး။ လူ့ခန္ဓာကိုယ်လိုပဲ မျက် လုံးနာရင်လည်း သိ သာတယ်။ သွားနာ နေရင်လည်း သိ သာတယ်။ ခေါင်း ကိုက် ရင်လည်း သိသာတယ်။ အဲ ဒီလိုမျိုးပဲ ခန္ဓာ ကိုယ်လိုပဲ၊ အစိတ် အပိုင်းလေးတစ်ခု အပ်ဆူး ရင်တောင် သိသာတယ်။ သေး သေး လေးတွေက အစ ဂရုစိုက် ဖို့လို တယ်။ အစ်မက ကိုယ့်အပေါ် အ တတ်နိုင်ဆုံး အနွံ တာခံတယ်၊ နား လည်တယ်၊ ချစ် တယ်၊ သံယောဇဉ် ရှိတယ်၊ ယုံကြည် ရတဲ့ ယော က်ျားမျိုး ဆိုရင် အမရွေးဖြစ် မယ်ထင်တယ်” လို့ ပြောပါတယ်။
တွယ်တာ
ဓာတ်ပုံ- အောင်ဇော်မင်း
