၂ဝ၁၇ ခုနှစ်မှာပြုလုပ်မယ့် နှင်းဆီအဖွဲ့သားတွေရဲ့အစီအစဉ်

0
209

rose

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ဦးစီးတဲ့ နှင်းဆီအဖွဲ့သားတွေဟာ လာမယ့် ၂ဝ၁၇ ခုနှစ် ဇွန်လလောက်မှာကပြမယ့် နှင်းဆီအငြိမ့်အတွက် အခုကတည်းက Meeting တွေထိုင်ပြီး ကြိုတင်ပြင်ဆင်နေကြတာကို တွေ့ရပါတယ်။ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)က “ကျွန်တော်တို့က ဒီတစ်ခေါက် အငြိမ့်ကဖို့တင်မဟုတ်ပါဘူး။ ရုပ်ရှင်ရိုက်ဖို့အထိပါ အစီအစဉ်ရှိပါတယ်။ ကျွန်တော်တို့ နှင်းဆီအဖွဲ့သားတွေ ပူးပေါင်းပြီး ပြုလုပ်မှာဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ လည်း ထူးခြားတဲ့ ရုပ်ရှင်ဖြစ်လာပါလိမ့်မယ်။ နှင်းဆီရင်ခွင်ဖောင်းဒေးရှင်းအတွက် ရိုက်တာမျိုး တော့မဟုတ်ဘူးပေါ့။ ကျွန်တော်တို့နှင်းဆီအဖွဲ့သားတွေအားလုံး စုပေါင်းပြီးထုတ်လုပ်မယ့် ရုပ်ရှင် ဇာတ်ကားပေါ့။ ဖောင်းဒေးရှင်းအတွက်ကိုတော့အငြိမ့်က သီးသန့်က ဖြစ်ပါမယ်”လို့ ပြောပြပေးပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here