ကလေးတွေရဲ့ ရင်ထဲကို အနုပညာချစ်စိတ်တွေ သွင်းပေးနေတဲ့ သဘင်မင်းသားကြီး ဦးနန်းဝင်း

0
152

nan-win-copy

ကလေးငယ်တွေနဲ့ပတ်သက်လို့ အနုပညာပိုင်းဆိုင်ရာတွေကို အမြဲသင်ကြားပေးလေ့ရှိသူတစ်ဦး ကတော့ သဘင်မင်းသားကြီးဦးနန်းဝင်း ပဲဖြစ်ပါတယ်။ သူ့အနေနဲ့ ကလေးတွေကိုချစ်တဲ့အတွက် ကလေးတွေနဲ့ သက်ဆိုင်တဲ့ကဏ္ဍတွေမှာလည်း ပါဝင်ကူညီလုပ်ဆောင်ပေးနေ သူ တစ်ဦးလည်းဖြစ်ပါတယ်။

“ကိုမင်းကိုနိုင်ပြောခဲ့တာရှိတယ်။ အနုပညာတွေပဲဖြစ်ဖြစ်၊ လုပ်ငန်းဆောင်တာတွေပဲဖြစ်ဖြစ် ပြန်ပြီး ပျိုးရမှာကတော့ ကလေးတွေ ကိုစပြီးပျိုးရမှာ လေးလေးကြီးရေလို့ ပြောတယ်။ လူငယ်မပါတဲ့ စာမျက်နှာ၊ လူငယ်မပါတဲ့ အုတ်မြစ်၊ လူငယ်မပါတဲ့ ကမ္ဘာ့အရေး၊ နိုင်ငံ့ အရေးတွေမှာကလေးဆိုတဲ့ လူငယ်တွေမပါလို့ မဖြစ်ပါဘူး။ ထိုနည်းတူစွာလူကြီးဆိုတဲ့ဘဝကလည်း လူငယ်ကလာခဲ့ရတာလေ။ အစ မကောင်းတော့ အနှောင်း မသေချာဘူးတဲ့။ကလေးတွေ အစကောင်းခဲ့မှသာလျှင် နောင်အနှောင်းသေချာအောင်ဦးတို့ မရှိတဲ့ နောက်
အနှစ်၃ဝ၊၄ဝမှာ အချိုးကျသွားအောင်ပေါ့။ ပြီးတော့ ဦး အနေနဲ့လည်း ကလေးတွေကို အနု ပညာနဲ့ပတ်သက်ပြီး အဆိုထက် အငိုခက် တယ်၊အငိုထက်အပြော ခက်တယ်၊ အပြောထက်မနောခက် တယ်။ အဲဒီ့အကြောင်းတွေကို ကလေးတွေကို အခြေခံလေးတွေကစပြီးေ တာ့ အတီးပညာတွေ  International Note တွေ ကဗျာလွတ် အခြေခံ တွေကို သင်တန်းပေးပြီးတော့ သင်ကြားပေးပါတယ်။ ပြီးတော့   ကျောင်းတွေမှာလည်း ဦးနန်း လိုက်ပြီး သင်ကြားပေးတယ်။ ကိုယ့်သားသမီးတင်မဟုတ်ဘဲနဲ့သူများ သားသမီးကိုလည်း ကိုယ့်သားသမီး လို ချစ်ပြီး သင်ပြပေးရတာကလည်း အရသာတစ်ခုပါပဲ” လို့ သဘင်မင်းသားကြီးဦးနန်းဝင်းက ပြောပါတယ်။

ဦးနန်းဝင်းကအရင်တုန်းက ကန့်လန့်ကာရှေ့မှာ မင်းသားအနေနဲ့ ကပြဖြစ်ခဲ့ရတာကလည်း အရသာ တစ်မျိုးဖြစ်သလို အခုအချိန်မှာ ကန့်လန့်ကာနောက်ကွယ်ကနေ ကလေးတွေကို သင်ကြားပေးရတာကလည်း ခံစားမှုတစ်မျိုး ပါပဲလို့ သူက ဆိုပါတယ်။

သားဖြစ်သူသော်သော်နန်းဝင်းကလည်းအခုဆိုရင် တတိယတန်း တက်ရောက်နေပြီဖြစ်ပြီး တစ်ဖက် မှာလည်း သားဖြစ်သူကို အနု ပညာနဲ့ ပတ်သက်လို့တတ်သင့်တာမှန်သမျှကို ဦးနန်းဝင်းက သင်ကြားပေး လျက်ရှိပါတယ်။ သော်သော်နန်းဝင်းကလည်း ကလေးအ ရွယ်လေးနဲ့ပင် စတိတ်စင်မြင့်တွေအပေါ်မှာ ကပြ ဖျော်ဖြေခဲ့တဲ့ အတွေ့အကြုံတွေလည်းတော်တော်များများရှိနေပါပြီ။ ဦးနန်း ဝင်းကတော့ သားဖြစ်သူကိုပညာ တတ်ကြီးဖြစ်အောင်အရင်ဆုံးကြိုးစားခိုင်းဦးမှာဖြစ်တယ်လို့လည်း သူ့ရဲ့ဆန္ဒကိုပြောပြပါတယ်။

“သူကျခေတ်ကျရင် ဦးနန်းတို့ ခေတ်နဲ့မတူတော့ဘူး။ သူ့ကိုပညာ တတ်အောင်တော့သင်ခိုင်းရမယ်။ပြီးတော့ နန်းမျိုးဆက်မှာလည်း သူကအငယ်ဆုံးဆိုတော့ သူ့ ကိုတောံ့ငါူ့ငါ့အ လုပ်ရမှာပေါ့နော်။ ဦးတို့ ရဲ့ ရွှေနန်းမျိုးဆက်မပြတ်အောင်တော့ ဒီကလေးကို လုပ်ဆော င်ပေးသွားမှာပါ။အနုပညာနဲ့ပတ်သက်ပြီး ဦးနန်း ရဲ့ အမွေတွေ အကုန်လုံးကိုပေးသွားမှာပါ” လို့ သားဖြစ်သူနဲ့ပတ်သက်ပြီး ဖခင်တစ်ေ ယာက်ရဲ့ဖြစ်စေလိုမှုကို ဦးနန်းဝင်းကပြောပါတယ်။ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှာတော့ မန္တလေးသိန်းဇော်နဲ့ ဦးနန်းဝင်းတို့က

ဂျာမနီနဲ့အမေရိကကို သွားရောက်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here