ဒါရိုက်တာ၊ ဟာသသရုပ်ဆောင် ဒိန်းဒေါင် အပေါ် စိုးမြတ်သူဇာ ရဲ့ အမြင်

0
453

soe-myat-2-copy

အကယ်ဒမီ စိုးမြတ်သူဇာက ‘မယုံရင်တော့ ပုံပြင်ပေါ့’ ရုပ်ရှင် ဇာတ်ကားကြီးမှာ စိုင်းလွှမ်း၊ နန်း ထက်ထက်ဦး၊ ဇင်ဝိုင်း၊ ဒိန်းဒေါင် တို့နဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ စိုးမြတ်သူဇာက ဆင်းရဲချို့တဲ့တဲ့ အိမ်နီး ချင်းတွေကို ကူညီထောက်ပံ့ပေးတဲ့ အပျိုကြီး သူဌေးမ တစ်ဦးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပြီး ဒီ ဇာတ်ကားမှာ မေတ္တာနဲ့ ပါဝင်ရိုက် ကူးပေးထားကြောင်း သိရပါတယ်။ ဒီဇာတ် ကားက ခေါင်းဆောင် မင်းသား စိုင်းလွှမ်း အတွက် အထောက်အကူပြုနိုင်မယ့် ဇာတ် ကားတစ်ကားလို့ ယူဆကြောင်းကို စိုးမြတ် သူဇာက..

“ဒီဇာတ်ကားရိုက်ကူးဖို့ အတွက် မကြီးကိုပြောတုန်းက မကြီး အချိန်ပေး နိုင်လား၊ ကူညီနိုင်လား ဆိုပြီး စဉ်းစား တယ်။ ကူညီနိုင်တဲ့ အတွက် မကြီးကူညီ ပေးလိုက်တယ်။ အဲဒီအထဲမှာ အခန်းများတာ၊ နည်းတာ မကြီးမသိဘူး။ မင်းသားတစ် ယောက် ကို ဘယ်နေရာကနေ အတတ်နိုင်ဆုံး အထောက် အပံ့ပေး နိုင်မလဲ၊ ကူညီနိုင်မလဲကို စဉ်းစားပြီး သရုပ်ဆောင်ပေးခဲ့တာပါ။ ဒီ ဇာတ်ကားနဲ့ပတ် သက်ပြီး မကြီးရဲ့ လုပ်ကွက်ကိုပြောပါဆိုရင်တော့ ဘာမှ ထွေထွေထူးထူးမရှိပါဘူး။ သာမန်ပါပဲ။ ဒီဇာတ်ကားထဲမှာပါတဲ့ မထက်ရဲ့ခင်ပွန်း စိုင်းလွှမ်းနဲ့တော့ မကြီး တစ်ခါမှ ဇာတ်ကား မရိုက်ကူး ဖူးဘူး။ ဒါပေမဲ့ ဒီဇာတ်ကားမှာတော့ သူ တအားကြီးကို ကြိုးစားထားပါ တယ်။ သူက မကြီးနဲ့ တစ်ခါ မှသာ မရိုက်ကူးဖူးသေးတာ၊ သူ့မှာ အတွေ့ အကြုံတွေရှိတယ်။ ဇာတ်ကားတွေ လည်း ရိုက်ကူးဖူးတယ်ဆိုတော့ မကြီးအတွက် အသစ်ဖြစ်   နေပေမယ့် တွဲခေါ်စရာမလိုလောက်အောင် သူ သရုပ်ဆောင်နိုင်ပါတယ်။ သူ့ အတွက်တော့ ဒီဇာတ်ကားက အထောက်အကူပြုနိုင်မယ့် ဇာတ် ကားတစ်ကားလို့ ယူဆပါတယ်။ ဆက်လက်ပြီး တော့လည်း ကြိုးစား သွားစေချင်ပါတယ်” လို့ ပြောပြပါ တယ်။ ‘မယုံရင်တော့ပုံပြင်ေ ပါ့’ ရုပ်ရှင် ဇာတ်ကားကြီးကို ပထမဆုံး ဒါရိုက်တာအဖြစ် ရိုက် ကူးတဲ့ ဟာသသရုပ်ဆောင် ဒိန်းဒေါင်အပေါ်ကို တော့ စိုးမြတ်သူဇာက..

“ကိုဒိန်းကျတော့ ရှေ့မှာ သားအမိဇာတ်ကား တစ်ကားလည်း ရိုက်ကူးဖူးတယ်။ ပြီးတော့ ကိုဒိန်း ကို သရုပ်ဆောင်တစ်ယောက် လိုလည်း မကြီးချစ်တယ်။ မကြီးတို့ အငြိမ့် ကကြတုန်းကဆိုရင် သင်ပြဖူးတော့ ဆရာတစ်ယောက်ဆိုလည်း မမှားပါဘူး။ အခု ဒါရိုက်
တာအဖြစ် ရုပ်ရှင်ရိုက်ကူးပြန်တော့ သူ့အနေနဲ့ မခက် ခဲဘဲ ပိုင်ပိုင်နိုင်နိုင် သူလုပ်နိုင်ပါတယ်” လို့ ဒိန်းဒေါင် အတွက် သုံးသပ်စကား ဆိုခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-အောင်ဇော်မင်း