ပုံစံသစ်တွေနဲ့ ပွဲထွက်လာတဲ့ ခင်ဆုသျှင်

0
133

dsc_0294-copy

တေးသံရှင် ခင်ဆုသျှင်ရဲ့ ‘စိတ် ကြီးတယ်’ တေးစီးရီးသစ်မိတ်ဆက် ပွဲကိုတော့ နိုဝင်ဘာလ ၉ ရက်နေ့ နေ့ခင်း ၁ နာရီက Orchid Hotel   မှာ ပြုလုပ်ခဲ့ပါတယ်။ ‘စိတ် ကြီးတယ်’ လို့ အမည်ပေးထားတဲ့ တေးစီးရီး အကြောင်းကို တေးသံရှင် ခင်ဆုသျှင် က ပြောကြားရာမှာတော့..

“ဒီတေးစီးရီးက ပထမထွက်ရှိခဲ့ တဲ့ မြန်မာမိုနိုတေးစီးရီးဖြစ်တဲ့ ‘ကိုကို့ ကိုချစ်လို့’ ဆိုတဲ့ တေးစီးရီးနဲ့ မတူပါ ဘူး။ ခေတ်ပေါ်မြူးဇစ် သံတွေနဲ့ အတတ်နိုင်ဆုံး အားလုံးပြည့်စုံအောင် ကြိုးစားထားတဲ့ စီးရီးဖြစ်ပါတယ်။ အခု ဒီတေးစီးရီးလေးမှာ Rock ၊ Rock N Roll
၊  Slow Pop စတဲ့ ခေတ်ပေါ်ဂီတအမျိုးအစားတွေနဲ့ အကောင်းဆုံးဖြစ်အောင် ဖန်တီး ထားပါတယ်။ ကိုယ်တအားချစ်တဲ့ ဂီတအမျိုး အစားတွေကို ကိုယ်တအား နှစ်သက်မြတ်နိုးတဲ့ ဂီတတေးစီးရီး သစ်တွေ ကြိုးစားဖန်တီးသွားပါမယ်” လို့ ပြောပြခဲ့ပါတယ်။ ‘စိတ်ကြီးတယ်’
တေးစီးရီးသစ်မှာတော့ တေးရေး မင်းချစ်သူ၊ ဗျူဟာ၊Rခိုင်၊ စိမ့်၊ Aသင်၊ Kio  တို့ရဲ့ တေးသီချင်း ၁၂ ပုဒ် ပါဝင်ပြီး ဘိုဘို မြူးဇစ်အင်တာ တိန်းမန့်မှ အောက်တိုဘာလ ၂ဝ ရက်နေ့မှာ ဖြန့်ချိသွားမယ်လို့ သိရပါ တယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here