အဆိုတော်ကြီးတွေရဲ့ တေးသီချင်းတွေကို ကိုယ်ပိုင်ဟန်နဲ့ ပြန်လည်သီဆိုထားတဲ့ နန်းစန္ဒီရဲ့ အခွေ

1
175

dsc_0266-copy

တေးသံရှင် နန်းစန္ဒီရဲ့ ‘ချစ်၍ရွာသောမိုး’ ဒီဗီဒီတေးစီးရီးသစ် မိတ်ဆက် ပွဲအခမ်းအနားကို နိုဝင်ဘာလ ၉ ရက်နေ့ မနက် ၁၁ နာရီက Orchid Hotel  မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ‘ချစ်၍ရွာသောမိုး’ တေး စီးရီးသစ်အကြောင်းကို တေးသံရှင် နန်းစန္ဒီက ပြောပြရာမှာတော့..

 “ဒီစီးရီးလေးဖြစ်မြောက်လာဖို့ ညီမအများကြီး အချိန်ယူကြိုးစားခဲ့ ရပါတယ်။ အရင်တုန်းက အဆိုတော်ကြီးတွေ သီဆိုအောင်မြင်ခဲ့ တဲ့ တေး သီချင်းတွေလည်းဖြစ်တော့ ညီမအနေနဲ့ ပြန်လည်သီဆိုရတာ အခက်အခဲရှိတာပေါ့နော်။ ဒါပေမဲ့ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင် အသံလေးနဲ့ အကောင်းဆုံးသီဆိုထားပါတယ်” လို့ တေးသံရှင် နန်းစန္ဒီက ပြောပြပါတယ်။ အဆိုပါ တေးစီးရီးမှာတော့ တေးရေးမြို့မငြိမ်း၊ တက္ကသိုလ်စိုး၊ စန္ဒရားချစ်ဆွေ၊ စန္ဒရား လှထွတ်၊ ညောင်တုန်းလှမောင်၊ စိန်တင်ဟန်၊ တက္ကသိုလ် တင်ထွဋ်နဲ့ အလွမ်းသီချင်းရေးတဲ့   မောင်ကျော်ဇောတို့ရဲ့ တေးသီချင်း ၉ ပုဒ်ပါဝင်ပြီး ရတနာစိန်ဗီဒီယို ထုတ်လုပ် ဖြန့်ချိရေးမှ နိုဝင်ဘာလ ၉ ရက်နေ့မှာ စတင် ဖြန့်ချိသွား မယ်လို့ သိရပါတယ်။

မျိုးကျော် (ကနောင်သွေး)


1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here