Friday, May 23, 2025

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomeArticlesမေရႊထား ပရဟိတ

မေရႊထား ပရဟိတ

myatminhlaing-3-copy

မြတ်မင်းလှိုင်

လုပ်ငန်းအဖွဲ့ များသည် မြန်မာ နိုင်ငံ၏ တစ်နံ တစ်လျား တွင်ကျယ်စွာလှုပ်ရှားနေကြ သည်။ ဖောင်ဒေးရှင်းအဖွဲ့အစည်းများ ဖွဲ့စည်းကာ အင်နှင့်အားနှင့် ဆောင် ရွက်နေကြသည်များ ရှိကြသလို တစ် နိုင်တစ်ပိုင် ဆောင်ရွက်နေကြသည်။ မြန်မာလူမျိုးတို့၏ အများအကျိုး
သယ်ပိုးလိုစိတ်၊ လိုအပ်နေသူတို့ကို ဖြည့်ဆည်းပေးလိုသည့် ချစ်စရာ စရိုက်ဖြစ်ပေသည်။

myatminhlaing-4-copy

ဖောင်ဒေးရှင်းအဖွဲ့ကြီးများကဲ့ သို့ ရန်ပုံငွေအင်အား မကောင်း သော်လည်း လူအင်အားစိုက်ထုတ် ကာ နီးစပ်ရာအပေါင်းအသင်း၊ မိတ် ဆွေတို့ ကူညီပံ့ပိုးမှုဖြင့် စွမ်းအားရှိ သမျှ ကြိုးပမ်းလုပ်ဆောင်နေကြ သည့် အဖွဲ့ငယ်များစွာကိုလည်း တွေ့ရှိရပေမည်။

ယင်းအဖွဲ့ငယ်များ သည် ယနေ့မျက်မှောက်ခေတ်၌ တွင်ကျယ်စွာ သုံးစွဲလျက်ရှိကြသည့်  ဖေ့စ်ဘုတ်ပေါ်တွင် သဒ္ဓါတူ၊ စိတ်တူ များ စုစည်းဆောင်ရွက်နေကြသည် ကို တွေ့ရပေမည်။

myatminhlaing-1-copy

မိမိကိုယ်တိုင်လည်း ဖေ့စ်ဘုတ် ပေါ်မှ အဖွဲ့အချို့ကို ဆက်သွယ် လှူဒါန်းပါဝင်ခဲ့ရာ ပြည်မြို့အခြေ စိုက် ‘မရွှေထား ပရဟိတအဖွဲ့’ နှင့် ချိတ်ဆက်မိခဲ့သည်။ မရွှေထားသည် ပြည်တက္ကသိုလ်မှ ဝန်ထမ်းတစ်ဦး ဖြစ် ကာ တက္ကသိုလ်မှ ဝန်ထမ်းအချို့အပြင် မောင်နှမအရင်း အချာများ၊ တစ် ရပ်ကွက်တည်းနေ မိတ်ရင်းဆွေရင်း ၁၅ ဦးခန့်ဖြင့် လှုပ်ရှားနေသော အဖွဲ့ ဖြစ်သည်။

‘မရွှေထား ပရဟိတအဖွဲ့’ သည် ရောက်လေရာအရပ်တွင် ပရဟိတ စိတ်အရင်းခံနှင့် ကြည့်တတ်ပြီး လို အပ်သမျှဖြည့်ဆည်းရန် သာ ရှေ့ တန်းတင်သည့် ပို့စ်များက နေ့စဉ်လို တွေ့နေရသည်။ ကိုယ်တိုင်လည်း စွမ်းအားရှိသမျှ ပါဝင်လှူဒါန်းခဲ့ သည့်အပြင် ယင်းအဖွဲ့ အရှိန်အဟုန် တိုးတက်စွာ ဆောင်ရွက်နိုင်စေလို သည့် စိတ်ရင်းစေတနာဖြင့် ဆက် သွယ်မေးမြန်း သိရှိရသည်များကို ပြန်လည်ဖော်ပြေ ပးခြင်းဖြစ်ပေသည်။

myatminhlaing-2-copy

၂ဝ၁၄ ခုနှစ်တွင် ပြည်ခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ရှိ သင်္ခရိုင် မိဘမဲ့ကျောင်းသို့ မရွှေထား အမှတ် မထင် ရောက်ခဲ့သည်။ မိဘမဲ့ ကလေး ၁၈ဝ ခန့်တို့ ချို့တဲ့မှုကိုမြင်တွေ့ရချိန် တွင် ရင်ထုမနာဖြစ်ခဲ့မိသည်။ နေ အိမ်သို့ ပြန်ရောက်သည်နှင့် မိဘ၊ ညီအစ်ကို၊ မောင်နှ မများကို တိုင်ပင် ဆွေးနွေးကာ မိသားစု စုပေါင်းအလှူ ငွေဖြင့် ဆန် ၂၈ လုံး၊ ငါးပိ၊ ငါး ခြောက်၊ ပဲလှူဒါန်းခဲ့သည်။ မှန်ကန် သည့် စေတနာ အရင်းခံကြောင့် ဤ သို့လှူဒါန်းမှုကို နီးစပ်ရာအပေါင်း အသင်းများ သဒ္ဓါစိတ်ကို ဆွဲဆောင် နိုင်၍ အားတက်သရော ပါဝင်လာကြ သည်ကြောင့် တစ်နှစ်အတွင်းမှာပင် ဒုတိယအကြိမ် ထပ်မံလှူဒါန်းနိုင်ခဲ့ သည်။ ဒုတိယအကြိမ်တွင် ကျောင်းရှိ မိဘမဲ့ကလေး ၁၈ဝ အား နံနက်စာ ကျွေးခြင်းအပြင် မုန့်၊ စာရေးကိရိယာ များနှင့်အတူ ကျောင်းသို့ ငွေကျပ် ၁၈ သိန်းအထိ လှူဒါန်းနိုင်ခဲ့သည်။

ယင်းနောက် အဖွဲ့သည် သဲကုန်းနှင့် ပုတီးကုန်းကြားရှိ ရေစုပ္ပင် မိဘမဲ့ ဘုန်းကြီးကျောင်းရှိ ကျောင်းသား ၂ဝဝ ကို နံနက်စာကျွေး ပြီး စာရေး ကိရိယာ ၅ သိန်းဖိုး နှစ်ကြိမ်လှူဒါန်းခဲ့ သည်။

myatminhlaing-5-copy

ချို့တဲ့ကျောင်းများ ဖွံ့ဖြိုးရေး ကြိုးပမ်းဆောင်ရွက်မှု အရှိန်ရရှိလာ သည့်အလျောက် ပေါက်ခေါင်းမြို့ နယ်၊ ထုံးတောင်အုပ်စု နာလန်   တောင်ကျေးရွာတွင်းရှိ နာလန် တောင် အလယ်တန်းကျောင်း ယိမ်းယိုင်ယိုယွင်းသည်ကို ဆက်သွယ် သိရှိလာချိန် ၂ဝ၁၅ ခုနှစ်တွင် စေ တနာရှင်များအင်အားဖြင့် ငွေကျပ် ၅၂ သိန်းတန် ကျောင်း ဆောင်သစ်ကို ဆောက်လုပ်ပေးခဲ့ သည့်အပြင် ဆရာ ၅ ဦးကို ကျောင်း သား ၁၂ဝ အား တာဝန်ယူသင် ကြားရန် ၂ဝ၁၆- ၂ဝ၁၇ ပညာသင် နှစ် တစ်နှစ်အတွက် စေတနာရှင် များ၏ လစဉ်လှူဒါန်းငွေဖြင့် လစာ ငွေများ စီစဉ်ပေးထားနိုင်ခဲ့သည်။

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ နယ်၊ ညောင်ဝန်းအုပ်စု ဂုံးပုလဲ ကျေးရွာရှိ မူလတန်းကျောင်းသည် လည်း ယိုင်နဲ့နေကြောင်း မရွှေထား အဖွဲ့ထံ သတင်းရောက်ရှိ၍ ငွေကျပ် သိန်း ၄ဝ ကုန်ကျခံကာ ပြုပြင်ပေး လျက်ရှိသည်။ ထိုသို့ ရွာများသို့ ကွင်းဆင်း ဆောင်ရွက်ရာမှ ပန်း တောင်းမြို့နယ်၊ ရွှေဘုံသာအုပ်စု မကျည်းစန်းရွာနှင့် ဒီပါအေး (ဗောဓိ တစ်ထောင်) ကြားတောင်ရိုးပေါ်ရှိ ရေပြာစမ်းတောရကျောင်း သို့ ရောက် ရှိခဲ့သည်။ ကျောင်းထိုင်ဆရာတော် သည် သိမ်ကျောင်းမဲ့ သီတင်းသုံးနေ ရသည်ကို တွေ့ရှိခဲ့ကြသဖြင့် အဖွဲ့ ဝင်များသည် သိမ်ကျောင်းဆောက် လုပ်ပေးနိုင်ရေး ကြိုးပမ်းစိုင်းပြင်းကြ လျက်ရှိသည်။

အဖွဲ့သည် ချို့တဲ့ကျောင်းများ ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် အခါ အားလျော်စွာ ပရဟိတလုပ်ငန်းများ ကို အလျဉ်းသင့်သလို ပါဝင်ဆောင် ရွက်ခဲ့ကြသည်။ ပရဟိတလုပ်ငန်း တည်ရာ တောရွာသို့သွားသည့်လမ်း တစ်လျှောက် လိုအပ်ချက်တွေ့လျှင် ဖြည့်ဆည်းပေးရန် ကြိုးပမ်း သည်။ အချို့ရွာများတွင် ပိုး (မြွေပွေး) အန္တရာယ် ကြီးမားသဖြင့် အသက်တစ်ချောင်း ငွေ၂ဝဝဝဝ နဲ့ ကယ်ကြရအောင်ဟူ၍ ဦးဆောင်ကာ ကာကွယ်ဆေးတစ်လုံးလျှင် ကျပ် ၂ဝဝဝဝ တန် ကာကွယ်ဆေးများကို  နိုင်ငံတစ်ဝန်းမှ အွန်လိုင်းမိတ်ဆွေ များ၊ စေတနာရှင်များ စုပေါင်းငွေဖြင့် လှူဒါန်းပေးခဲ့၊ ပေးနေဆဲဖြစ်သည်။

ထို့အပြင် ရေရှားပါးသည့် ပေါက်ခေါင်းမြို့နယ်၊ ရိုးမအစပ်ရှိ ဖျားတန်းကုန်း ကျေးရွာတွင် ကျပ် ၈ သိန်းခွဲ တန်ဖိုး ရှိ (အဝီစိတွင်း) ရေတွင်း တစ်တွင်း၊ မကွေးတိုင်း၊ သရက်မြို့နယ်၊ မြောက် တောရွာတွင် ကျပ် ၈ သိန်းတန် (အဝီစိတွင်း) ရေတွင်းတစ်တွင်းတို့ကို လက်ဆွဲ တုံကင်နှင့်အတူ လှူဒါန်းပေးခဲ့သည်။

သို့ပါ၍ ပရဟိတလုပ်ငန်း ဆောင်ရွက်ခဲ့သည့် ကာလအတွင်း မမေ့နိုင်သည့်ဖြစ်ရပ်ကို မေးမြန်းခဲ့ ရာ ၂ဝ၁၅ ခုနှစ် ရေဘေးကယ်ဆယ်   ရေးလုပ်ငန်းအတွက် ရွှေတောင်မြို့ နယ်၊ ကျီးသဲမြို့သို့ သွားရောက်၍ ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင် ရာတွင် ကျီးသဲချောင်းထောင့် တွင် စက်လှေတိမ်းမှောက်၍ အသက် ဘေးမှ သီသီလေးလွတ်ခဲ့ရပုံကို သိရှိ ရသည်။

ငှားရမ်းသည့် စက်လှေသမား ၏ ကျွမ်းကျင်မှုအားနည်း၍ ရုတ် တရက် တိမ်းမှောက်သွားခဲ့ရာ စက် လှေပေါ်ပါ အဖွဲ့ဝင် ၅ ဦးစလုံး ရေ ထဲမြုပ်သွားခဲ့သည်။ ရေကူးမကျွမ်း ကျင်သဖြင့် ရေပေါ်သို့ နှစ်ကြိမ် ပေါ်ပြီးသည့်နောက် မရွှေထား ရေ ထဲပြန်အကျတွင် ရေနစ်သူတို့ သဘာဝအတိုင်း နောက်ဆုံး အင် အားဖြင့် မီရာကိုဆွဲလိုက်ရာ ကံအား လျော်စွာ စက်လှေသမား၏ ခြေကိုဆွဲ ကိုင်မိ၍ အသက်ရှင်ခွင့် ရရှိခဲ့သည်။ အစ်မဖြစ်သူမှာလည်း ရေထဲမြုပ်နေ ချိန်ဖြစ်ရာ လှေများလာပြီဟု အသံ ကြားလိုက်ရချိန်တွင် စိတ်ကိုလုံးလုံး လျှော့လိုက်မိေ တာ့သည်။

ဤသို့ သေဘေးနှင့်ကြုံတွေ့ရ ၍ ကြောက်လန့်မှုသည် တဒင်္ဂမျှသာ ဖြစ်ပေသည်။ ယခုနှစ် ၂ဝ၁၆ ခုနှစ်  ရေဘေးကယ်ဆယ်ရေးလု ပ်ငန်းကို ပိုမိုသော သတိ၊ ဝီရိယဖြင့် ဆောင် ရွက်နိုင်ခဲ့သည်။ ကယ်ဆယ်ရေးလုပ် ငန်းများ ပြီးဆုံးသည်နှင့် အဖွဲ့သည် ဂုံးပုလဲကျေး ရွာ ကျောင်းဆောက်လုပ် ရေးကို အားပြန်ထည့်ကြလျက်ရှိ သည်။ ကျောင်းကို ဆောက်လုပ်ရန် ငွေကျပ် သိန်း ၄ဝ ခန့်ကုန်ကျမည် ဟု ခန့်မှန်းတည်ဆောက်လျက်ရှိ သည်။ ထို့အပြင် ရေပြာစမ်းတောရ ကျောင်းလေးကို ပြန်လည်ပြုပြင်ရန် အတွက် အလှူရှင်များ ရှာဖွေလျက် ရှိသည်။ ယင်းသို့ လုပ်ငန်းများ အောင်မြင်စေရေးအတွက် လိုအပ် သည့် ရန်ပုံငွေတွေ အလုံအလောက် ရှိရန် အထူးလိုအပ်သည်ဖြစ်၍ စိတ် ပါဝင်စား၍ ပါဝင်လှူဒါန်းကူညီလို သူများသည် ပြည်မြို့၊ ကမ္ဘောဇ ဘဏ် ၂ တွင် ဖွင့်လှစ်ထားသည့် ငွေစာရင်း အမှတ်- ဝ၉၅၁၂၁ဝဝ ၃၅၅၇၄၁ ဒေါ် သီသီဝင်းသို့ ထည့်ဝင်လှူဒါန်းနိုင် ကြောင်း ၄င်း၏ ဖေ့စ်ဘုတ်တွင် ဖော် ပြထားသည်ကို တွေ့ရှိရသည်။

ယင်းကဲ့သို့ ခေါင်သီသော အရပ် ဒေသရှိ ချို့တဲ့နေသော ဘုန်းတော်ကြီး ကျောင်း၊ စာသင်ကျောင်းများ ဖွံ့ဖြိုး ရေးလုပ်ငန်းများတွင်   စေတနာရှင် ပေါင်းများစွာတို့ ပေါ်ထွန်းပါဝင် ကူ ညီကြလိမ့်မည်ဟု မျှော်လင့်မိပါ သည်။

မြတ်မင်းလှိုင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071