မြန်မာနိုင်ငံက ထုတ်ကုန်တွေကို တစ်စုတစည်းတည်း မြင်တွေ့ရမယ့် Bagan Trade Show

0
1389

bagan-copy

မြန်မာတို့ရဲ့ တန်ဖိုးအထားရ ဆုံးသော ပုဂံမြေရဲ့ အထင်ကရ ရွှေစည်းခုံဘုရားဝင်းအတွင်းမှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ် မယ့်   မြန်မာ့ထုတ်ကုန်များ ဈေးကွက် မြှင့်တင်ခြင်းပွဲတော်နဲ့ အောင်မြင် ကျော်ကြား ထုတ်ကုန်များ အစီ အစဉ်အတွက် စာနယ်ဇင်းရှင်းလင်း ပွဲကို နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့ခင်း ၂ နာရီကUMFCCI မှာ ပြုလုပ် ခဲ့ပါတယ်။ ဒီပွဲက ဂင်္ဂါရွှေနဒီမှ ပထမ ဆုံးကျင်းပတဲ့ပွဲဖြစ်ပြီး ပွဲ ကျင်းပရ ခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ဂင်္ဂါရွှေနဒီရဲ့ Founder  ကိုကျော် ထက်နိုင်က..

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ထုတ်ကုန်တွေအကုန်လုံးကို စုစည်းပြီးတော့ ကျင်းပချင်တဲ့ ရည် ရွယ်ချက်ဖြစ်ပါတယ်။

ကျွန်တော်တို့ ခေါင်းစဉ်ကတော့Bagan Trade Show   ပေါ့နော်။ ကျွန်တော်တို့ စီစဉ်ထားတာက တချို့ကျတော့ ဘုရားမှာလုပ်လို့ ဘုရားပွဲလားလို့ မေးကြတယ်။ ဘုရားပွဲတော့မဟုတ် ပါဘူး။ အဓိကကတော့ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ ထုတ်ကုန်တွေအကုန် လုံးကို စုစည်းပြီးကျင်းပတယ်။ နိုင်ငံ ခြားထုတ်ကုန်ရော၊ မြန်မာထုတ်ကုန် ပါ ပေါင်းပြီးတော့ကျင်းပမယ့်ပွဲ ဖြစ် ပါတယ်။ ဒါပေမဲ့ အဓိကကတော့ Brand  တစ်ခုတော့ ရှိတာပေါ့။ အဲဒီ မှာ မြန်မာနိုင်ငံသားတွေသာမက ကမ္ဘာကပါ လာရောက်လည်ပတ်ကြ တဲ့ နိုင်ငံခြားသားတွေကို ဆွဲဆောင် နိုင်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး ဈေးကွက် ဖော်ဆောင်နိုင်မှုမျိုးကို လည်း ရည်ရွယ်ပါတယ်။ ဒီလိုမျိုး ကျင်းပလို့ အကျိုးအမြတ် ရလဒ်တွေ ကတော့ အများကြီးရှိလာနိုင်ပါ တယ်။ နံပါတ်တစ်အနေနဲ့ကတော့ မြန်မာနိုင်ငံက ပြည်တွင်းထုတ်ကုန် တွေကို စုစည်းမိသွား မယ်။ အဲလို စုစည်းမိလိုက်တဲ့အတွက် ငါ့ထုတ် ကုန်ရဲ့ အားနည်းချက်၊ သူ့ထုတ်ကုန် ရဲ့ အားနည်းချက်က ဘာလဲဆိုတာ သိရှိသွားမယ်။ အဲဒီလိုဆိုရင် ပြင်လို့ ရသွားမယ်။ နောက်တစ်ခုက နိုင်ငံ ခြားထုတ်ကုန်တွေပါ ယှဉ်ပြမယ်ဆို တော့ ကျွန်တော်တို့မြန်မာနိုင်ငံက ထုတ် ကုန်တွေသည် နိုင်ငံခြားထုတ် ကုန်တွေနဲ့ ဘာတွေကွာခြားမှုရှိလဲ၊ သူတို့ထုတ်ကုန်တွေက ဘာကြောင့် အောင်မြင်နေသလဲ ဆိုတာတွေ က အစ ကျွန်တော်တို့ အများကြီးစဉ်းစား လို့ရသွားပြီ။ ဒီပွဲကနေ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဈေးကွက် ဖော်ဆောင်နိုင်မှု နည်းလမ်းတွေ အများကြီးရရှိလာလိမ့်မယ်လို့ ယုံကြည်ပါတယ်”

လို့ ပြောပါတယ်။ မြန်မာ့ထုတ်ကုန်များ ဈေးကွက် မြှင့်တင်ခြင်းပွဲတော်နဲ့ အောင်မြင် ကျော်ကြား ထုတ်ကုန်များပွဲတော်ကို ပုဂံမြို့ ရွှေစည်း ခုံဘုရားဝင်းအတွင်း မှာ ဒီဇင်ဘာလ ၃ဝ ရက်နေ့မှ ဇန်နဝါရီလ ၄ ရက်နေ့အထိ မနက် ၉ နာရီမှ ည ၉ နာရီအထိ ၆ ရက် တိုင်တိုင် ကျင်းပသွားမှာဖြစ်ပါ တယ်။ ဒီပွဲတော်မှာ ဆိုင်ခန်းပေါင်း ၆၁၈ ခန်း ပါဝင်ပြသသွားမှာဖြစ်ပြီး   ဖျော်ဖြေရေးအစီအစဉ်များ အနေနဲ့ မြန် မာ့ နိုင်ငံတကာအဆင့်မီ ဟိုတယ် ကြီးများမှာ ဖျော်ဖြေနေတဲ့ ရွှေတံဆိပ် ၄ ဆုရှင် ရွှေလဝန်း အနုသုခုမ အလင်္ကာဥယျာဉ် ဂီတအက ပဒေသာ ဖျော်ဖြေရေးအင်အားစုမှလည်း မြန်မာ့ ရှေးမြေဝိုင်းဇာတ်ပွဲများနဲ့ ဖျော်ဖြေတင်ဆက် ကပြသွားမှာဖြစ် ပြီး မြန်မာနိုင်ငံရဲ့ Professional  Chef တစ်ဦးဖြစ်တဲ့Syilwin (Foods Garden)  မှဦးစီးကာ မြန်မာ့ရိုးရာဟင်းပွဲနဲ့ အစားအစာ တွေကို ချက်ပြုတ်ပြင်ဆင် မိတ်ဆက် ပြသသွားမှာဖြစ်ပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here