ကျွန်တော့် ရုပ်ကိုမြင်တာနဲ့ ရယ်ကြတော့တာပါပဲ ဂျိုကာ

0
135

jo-kar-copy

ဂျိုကာ ပါဝင်သရုပ်ဆောင် ထားတဲ့ ဟာသဇာတ်လမ်းတွဲ ‘ရွှေမိုး ငွေမိုးရွာသွန်းဖြိုး’ ရုပ်သံ ဇာတ်လမ်း တွဲကို MNTV  အခမဲ့ ရုပ်သံလိုင်း က နေပြသနေတာဖြစ်ပြီး ပရိသတ်တွေ ရဲ့ စောင့်ကြည့်အားပေးခြင်း ခံရ တဲ့အထိကို အောင်မြင်နေခဲ့ပါတယ်။

“လက်ရှိအထိလည်း ပြသနေ ဆဲ ဖြစ်ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အတော်လေးကို အားရနေပါတယ်။ ကျွန်တော် နယ်ဘက်တွေ ရောက်ရှိသွားရင် တောင် ကလေးတွေကအစ ဂျိုကာ ဆိုပြီးတော့ လှမ်းခေါ်တယ်။ ဘာပဲပြောပြော ဒီဇာတ်လမ်းတွဲေ လး အောင်မြင်တာဟာ အဖွဲ့သားတွေ အားလုံးရဲ့ ကြိုးစားအားထုတ်မှု ကြောင့်သာ ဖြစ်ပါတယ်။ ကျွန်တော် တို့ ကြိုးစားခဲ့တဲ့ ရလဒ်က ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်း ကို ခံရတဲ့အတွက် ပိုပျော်ခဲ့ရပါတယ်။ ဒီဇာတ်လမ်းတွဲလေးက အဆိုတော်သရုပ်ဆောင်တွေ များတယ်။ အဓိက က အဲဒါပါပဲ။ အားလုံးရဲ့အမြင်မှာ ပြောင်းသွားတာပါ။ သမားရိုးကျ မြင်နေရမှုထက် အခုလို ခွဲထွက် လာတဲ့အပိုင်းကို ပရိသတ်က လိုချင် ပုံရပါတယ်။ ပရိသတ်က သူတို့ မမြင်ဖူးတဲ့သူတွေ ထူးထူးခြားခြား လုပ်ပြတာကို စိတ်ဝင်စားလာ ကြတယ်လို့ မြင် တယ်ဗျ။ ကျွန်တော် ဆိုရင် အရင်တုန်းက ကိုရဲလေးနဲ့ပဲ ရှိုးပွဲကို ဆိုဖူးတယ်လေ။ နောက်ပိုင်း မှာ ကျွန်တော်က ဖေ့စ်ဘုတ်အကောင့် မှာ ဟာသတွေ၊ မျက်နှာပြောင် တာတွေ တင်ရင်းနဲ့ ပရိသတ်တွေက စိတ်ဝင်စားလာကြတယ်” လို့ ဂျိုကာ က ပြောပြပေးပါတယ်။  ဂျိုကာ ကတော့ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာ ထက်မှာတင်နေတဲ့ ဟာသပုံစံ မျက်နှာပြောင်မှုတွေဟာ ပရိသတ် တွေကို ဆွဲဆောင်မှုလုပ်တာမျိုး မဟုတ်ဘဲနဲ့ တစ်ခါတလေမှာ စိတ် ညစ်ညူးနေတဲ့ ဖေ့စ်ဘုတ်သုံးနေ သူတွေကို ပျော်ရွှင်သွားစေချင်တဲ့ဆန္ဒကြောင့်သာ လုပ်ဖြစ်ခဲ့ခြင်းဖြစ် တယ်လို့ ဆိုပါတယ်။

“ကိုယ်နဲ့လည်းFeel  ချင်း တိုက်ဆိုင်မယ့် သူတွေအတွက် တင် ဖြစ်ရာကနေ အားပေးမှုကို မထင် မှတ်ဘဲ ရသွားခဲ့တာပေါ့” လို့ ဆိုပါ တယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here