မကပြဖြစ်တာ ကြာပြီဖြစ်တဲ့ ရန်ကုန်မိုးကောင်းဘုရားပွဲတော်ကြီးမှာ ကပြတော့မယ် ဇံဟိန်း

0
256

1-copy

စိန်မဟာသဘင်အနေနဲ့  အခုနှစ် ဇာတ်သဘင်ရာသီမှာတော့ အောက်တိုဘာလကစတင်ကာ သာစည်၊ ညောင်ရမ်းနဲ့ ရှမ်းပြည်ဘက်ေ တွဖြစ်တဲ့ သီပေါ၊ လားရှိုးတို့မှာ ကပြခဲ့ပြီးပြီဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့ စကုမြို့မှာ ကပြလျက်ရှိနေပါတယ်။

နယ်ပရိသတ် တွေအနေနဲ့ကတော့ စတိတ်ရှိုး၊ နှစ်ပါးသွား၊ အော်ပရာတို့ကို အဓိကထား တောင်းဆိုကြပြီး ပြဇာတ်တွေ ကတော့ သိပ်မကြိုက်ကြတာ တွေ့ရတယ်လို့ ဇံဟိန်းကပြောပါတယ်။

“ကျွန်တော်ကတော့ နှစ်ပါးသွားနဲ့ စတိတ်ရှိုးကို အဓိကထားတင်ဆက်ပါတယ်။ ပြီးတော့ နောက်ပိုင်းဇာတ်တော်ကြီး ဆန်ဆန် အော် ပရာလေးတွေကိုလည်း ကပြဖြစ်တယ်။ ‘တောင် ပြုန်းမင်းညီနောင်နဲ့ မရွှေဥကျားဆွဲခန်း’ ကတယ်။ ‘ပဋိက္ခရား’ ကတယ်။ ‘သီပေါ
နန်းတက်’ကတယ်။ ‘ရနောင် မောင်မောင်တုတ်နဲ့ ဆင်ခိုးမလေး’ ကတယ်။ အော်ပရာတွေကို ပရိသတ် တွေက စိတ်ဝင်စားကြတယ်။ ကျွန်တော်က အော်ပရာကို ပျင်းအောင်မကဘဲနဲ့ ပရက်ဆန် တေးရှင်းကို အကောင်းဆုံးဖြစ်အောင် တင်ဆက်တယ်။ အဓိကတော့
ပရိသတ်တွေ မပျင်း အောင်လို့ပေါ့၊ နောက်ပိုင်း ဇာတ်တော်ကြီးတွေရဲ့ အနှစ်သာရလေးတွေကိုလည်း အော်ပရာ ထဲမှာ ထည့်ထည့်ပြီးေ တာ့ ကပြဖြစ်တယ်” လို့ လက်ရှိ သူတင်ဆက်ကပြဖြစ်နေတဲ့ အော်ပရာ တွေနဲ့ ပတ်သက်လို့ ဇံဟိန်းက ပြောပါတယ်။ ဒီ အော်ပရာတွေကို ကပြတဲ့အခါမှာတော့ ရန်ကုန်အမျိုးသားကဇာတ်ရုံမှာ ကပြခဲ့သလိုပဲ ဆက်တင်အားကောင်းကောင်းနဲ့ အကောင်း ဆုံးဖြစ်အောင် ကပြကြောင်းလည်း သူကဆိုပြန်ပါတယ်။ ဇံဟိန်းက ဒီဇင်ဘာလမှာတော့ ရန်ကုန်ပွဲခွင်တွေကို ကပြတော့မှာ ဖြစ်ပါတယ်။ မိုးကောင်း ဘုရားပွဲတော်ကြီးမှာ စတင် ကပြမှာဖြစ်ပြီး သူ့အနေနဲ့ မိုးကောင်းဘုရားပွဲတော်ကြီးမှာ မကပြဖြစ်ခဲ့တာ နှစ်တော်တော်ကြာ ခဲ့ပြီဖြစ်တဲ့ အတွက် အကောင်းဆုံး ပြင်ဆင်ထားပြီး ပရိသတ်တွေအနေနဲ့လည်း ပွဲကိုလာ ရောက်ကြည့်ရှုအားပေးကြပါဦးလို့လည်း ဖိတ်မန္တက   ပြုခဲ့ပါသေးတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here