Tuesday, August 18, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံ၊ မြန်မာ-ကာဇက်စတန်...

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးနှင့်တွေ့ဆုံ၊...

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံ၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့...

မြန်မာ-ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ...

ဦးရဲထွန်းဦး ကို လဝက ဒု-ဝန်ကြီးအဖြစ်...

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအဖြစ် ဦးရဲထွန်းဦးအား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၆၄/ ၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၇ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ...
HomeNewsLocal Newsမြန်မာနိုင်ငံ၏ဂုဏ်ကိုဆောင်နိုင်ရန် အစွမ်းကုန်ယှဉ်ပြိုင်မည်ဟု ဧရာဝတီအက်ဖ်စီ...

မြန်မာနိုင်ငံ၏ဂုဏ်ကိုဆောင်နိုင်ရန် အစွမ်းကုန်ယှဉ်ပြိုင်မည်ဟု ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းနည်းပြချုပ် ပြော

ရန်ကုန်၊ ဩဂုတ် ၁၇

AFC Women’s Champions League 2026/27 Preliminary Stage Group (F) ပြိုင်ပွဲတွင် မြန်မာနိုင်ငံ၏ဂုဏ်ကိုဆောင်နိုင်ရန် အစွမ်းကုန်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းနည်းပြချုပ် Kumiko Tashiro က ပြောသည်။

ဩဂုတ် ၁၆ ရက် မွန်းလွဲပိုင်းက သုဝဏ္ဏအားကစားကွင်း၌ ပြုလုပ်သည့် ပြိုင်ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် နည်းပြချုပ် Kumiko Tashiro က ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီပွဲမှာ အနိုင်ရဖို့အတွက် အကောင်းဆုံးပြင်ဆင်ထားပါတယ်။ အသင်းတိုင်းကလည်း အနိုင်ရဖို့ ပြင်ဆင်လာကြတာဖြစ်တဲ့အတွက် လွယ်ကူတဲ့ပွဲတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့အသင်း အနိုင်ရဖို့ ပြင်ဆင်ထားတာတွေကို ကွင်းအတွင်း အကောင်းဆုံးပြသသွားမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ဂုဏ်ကိုဆောင်နိုင်ဖို့လည်း အစွမ်းကုန်ယှဉ်ပြိုင်သွားပါမယ်” ဟု ၎င်းက ပြောသည်။

ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းခေါင်းဆောင် နော်ထက်ထက်ဝေကလည်း အိမ်ကွင်းတွင် ယှဉ်ပြိုင်ရမည့် အခွင့်အရေးကို အကောင်းဆုံးအသုံးချသွားမည်ဖြစ်ပြီး ပြိုင်ပွဲအတွက် အစစအရာရာ အပြည့်အဝပြင်ဆင်ထားကြောင်း ပြောသည်။

“ဒီပွဲကို အိမ်ကွင်းကစားရမှာဖြစ်တာကြောင့် အခွင့်အရေးကို အကောင်းဆုံးအသုံးချသွားမှာပါ။ အစစအရာရာ အပြည့်အဝပြင်ဆင်ထားတာဖြစ်တဲ့အတွက် အကောင်းဆုံးပွဲကောင်းတစ်ခုဖြစ်အောင် အစွမ်းကုန်ကြိုးစားသွားပါမယ်” ဟု နော်ထက်ထက်ဝေက ပြောသည်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် FC Jurong၊ NO Limits နှင့် New Taipei Hang Yuan FC အသင်းတို့မှ နည်းပြချုပ်များနှင့် အသင်းခေါင်းဆောင်များကလည်း ပြိုင်ပွဲအတွက် ပြင်ဆင်ထားမှုများကို အသီးသီး ရှင်းလင်းပြောကြားခဲ့ကြသည်။

ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းသည် ယနေ့ ဩဂုတ် ၁၇ ရက် ညနေ ၄ နာရီတွင် သုဝဏ္ဏဘောလုံးကွင်း၌ FC Jurong အသင်းနှင့် AFC Women’s Champions League 2026/27 Preliminary Stage Group (F) အဖွင့်ပွဲအဖြစ် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံ၊ မြန်မာ-ကာဇက်စတန် ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ကာဇက်စတန်သမ္မတနိုင်ငံ အာမတီမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဒါရ်ခန် ဆာတီဘယ်လ်ဒီ (Darkhan Satybaldy) နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူးတို့သည် လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ လွတ်လပ်၍...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးနှင့်တွေ့ဆုံ၊ မြန်မာ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ရေးဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့၌ ခေတ္တရပ်နားစဉ် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီး ဂါဂျန်ဒရာဆင်းနှင့် တွေ့ဆုံ၍ မြန်မာ-အိန္ဒိယ ချစ်ကြည်ရင်းနှီးမှု၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်နိုင်ရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရောက်ရှိခဲ့ရာ ရာဂျာစတန်ပြည်နယ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ

မြန်မာ-ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071