Sunday, August 16, 2026

ထိုင်းဝန်ကြီးချုပ် အနူတင် ဩစတြေးလျနှင့် နယူးဇီလန်သို့...

ဘန်ကောက်၊ ဩဂုတ် ၁၆ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၁၇ ရက်မှ ၂၂ ရက်အထိ ဩစတြေးလျနှင့်...

ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စား လှယ်များ၊ အလှူရှင်များက...

ဧရာဝတီတိုင်းရှိ မြို့နယ်အချို့တွင်ဖြစ်ပေါ်နေသော ရေ ကြီးရေလျှံမှုဖြစ်စဥ်များကြောင့် ရေဘေးသင့်နေသူများအတွက် ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အလှူရှင်များက ဆန်နှင့် စားသုံးဆီများကိုပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စား လှယ်များက...

စပိန်နိုင်ငံ ဂရန်နာဒါမြို့တွင် ငလျင်လှုပ်ခတ်၊ အဆောက်အအုံများနှင့်...

​ရိုက်တာ (Reuters)၊ AFP နဲ့ The New York Times သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဩဂုတ်လ ၁၅ ရက်...

ပြည်ကြီးတံခွန်မြို့နယ်ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု သြဂုတ် ၁၅ ရက်ညပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မန္တလေးမြေငလျင်စခန်းမှတိုင်းထွာရရှိချက်အရ ည ၁၁ နာရီ ၁၉...
HomeInternationalသဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်နိုင်စွမ်း မြှင့်တင်ပြီး...

သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်နိုင်စွမ်း မြှင့်တင်ပြီး AI၊ ဒရုန်းနှင့် ဂြိုဟ်တုနည်းပညာများ အသုံးချရန် ရှီ တိုက်တွန်း

ပေကျင်း၊ ဩဂုတ် ၁၆

ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ပြင်းထန်ရာသီဥတုဖြစ်စဉ်များ ပိုမိုများပြားလာနေသဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ဘေးဒဏ်လျှော့ချရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ နိုင်ငံ၏စွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ်မြှင့်တင်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်းပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ အဓိကသဘောတရားရေးရာဂျာနယ် Qiushi တွင် ဩဂုတ် ၁၅ ရက်က ဖော်ပြခဲ့သည့် ရှီ၏ပြောကြားချက်များတွင် မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှု၊ တိုက်ဖွန်းမုန်တိုင်းနှင့် မိုးခေါင်ရေရှားမှုကဲ့သို့သော ပြင်းထန်ရာသီဥတုဖြစ်စဉ်များ သိသိသာသာ များပြားလာပြီး ဘေးအန္တရာယ်များ၏ အဖျ-က်စွမ်းအားလည်း ပိုမိုပြင်းထန်လာနေကြောင်း ထောက်ပြထားသည်။

ထို့ကြောင့် ဘေးအန္တရာယ်မဖြစ်ပွားမီ ကြိုတင်ကာကွယ်ရေးကို ဦးစားပေးကာ ဘေးအန္တရာယ်စောင့်ကြည့်ခြင်းနှင့် ကြိုတင်သတိပေးစနစ်များ ပိုမိုအားကောင်းစေရန်၊ အထူးသဖြင့် တရုတ်နိုင်ငံမြောက်ပိုင်းရှိ ရေကြီးရေလျှံမှုထိန်းချုပ်ရေးနှင့် ရေနုတ်မြောင်းအခြေခံအဆောက်အအုံများ၏ အားနည်းချက်များကို ဖြည့်ဆည်းရန် ရှီက တိုက်တွန်းခဲ့သည်။

ယခုနှစ်အတွင်း တရုတ်နိုင်ငံ၌ ပြင်းထန်သည့် တိုက်ဖွန်းမုန်တိုင်းများနှင့် မိုးသည်းထန်စွာရွာသွန်းမှုများ ကြုံတွေ့ခဲ့ရသည့်အပြင် ဇူလိုင်လအတွင်း ကန်စုပြည်နယ်၌ ရုတ်တရက်ရေကြီးမှုနှင့် မြေပြိုမှုကြောင့် လူ ၂၅ ဦး ‌ေ-သဆုံးခဲ့ပြီး ချုံချင့်ဒေသတွင် မြေပြိုမှုကြောင့် လူ ၅၁ ဦး ‌ေ-သဆုံးခဲ့ကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်များကြောင့် စီးပွားရေး၊ စွမ်းအင်၊ စားနပ်ရိက္ခာနှင့် လူမှုဖူလုံရေးကဏ္ဍများအပေါ် ထိခိုက်မှုမရှိစေရေး ကြိုတင်ပြင်ဆင်ထားရန်လည်း ရှီက အလေးထားပြောကြားခဲ့သည်။ ထို့ပြင် ဘေးအန္တရာယ်စောင့်ကြည့်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ဉာဏ်ရည်တု (AI)၊ ဒရုန်းနှင့် ဂြိုဟ်တုအဝေးထိန်းအာရုံခံနည်းပညာများကို ပိုမိုအသုံးချရန် တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ဆက်လက်မြှင့်တင်ကာ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူမှုတည်ငြိမ်ရေးကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်သွားရမည်ဟု ရှီက ပြောကြားခဲ့သည်။

Ref: The Straits Times

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းဝန်ကြီးချုပ် အနူတင် ဩစတြေးလျနှင့် နယူးဇီလန်သို့ သွားရောက်မည်၊ စီးပွားရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

ဘန်ကောက်၊ ဩဂုတ် ၁၆ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၁၇ ရက်မှ ၂၂ ရက်အထိ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံများသို့ သွားရောက်ရန် စီစဉ်ထားပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး၊ စီးပွားရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရေး အဓိကဆွေးနွေးသွားမည်ဖြစ်သည်။ ထိုင်းအစိုးရအဖွဲ့သည် ဩဂုတ် ၁၁ ရက်က ထိုင်း-နယူးဇီလန် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ ပူးတွဲကြေညာချက်မူကြမ်းကို အတည်ပြုထားပြီး နိုင်ငံရေးနှင့် လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ဆန်းသစ်တီထွင်မှု၊ ယဉ်ကျေးမှုနှင့် ပြည်သူချင်းဆက်ဆံရေး၊ ဒေသတွင်းနှင့် နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်ရေး...

ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စား လှယ်များ၊ အလှူရှင်များက ဧရာဝတီတိုင်းမှ ရေဘေးသင့်သူများအတွက် ဆန်နှင့် စားဆီများပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းရှိ မြို့နယ်အချို့တွင်ဖြစ်ပေါ်နေသော ရေ ကြီးရေလျှံမှုဖြစ်စဥ်များကြောင့် ရေဘေးသင့်နေသူများအတွက် ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အလှူရှင်များက ဆန်နှင့် စားသုံးဆီများကိုပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စား လှယ်များက ဆန်အိတ်(၂၇၅)အိတ်၊ PRO-1 Global Home Center ကုမ္ပဏီမှ ဆန်အိတ်(၁၀၀)၊Yangon Crown ကုမ္ပဏီမှ ဆန်အိတ်(၁၀၀)၊ Ruby Empress ကုမ္ပဏီမှ ဆန်အိတ်(၂၅)အိတ်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ထို့ပြင် Aung Oo Thar ကုမ္ပဏီလီမိတက်နှင့် GD Good Golden ထရေးဒင်း ကုမ္ပဏီလီမိတက်၏ ဧရာဝ...

စပိန်နိုင်ငံ ဂရန်နာဒါမြို့တွင် ငလျင်လှုပ်ခတ်၊ အဆောက်အအုံများနှင့် ကားများ ပျက်စီး

​ရိုက်တာ (Reuters)၊ AFP နဲ့ The New York Times သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဩဂုတ်လ ၁၅ ရက် စနေနေ့ မနက် ၁ နာရီကျော်လောက်မှာ နာမည်ကြီး ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်လေ့ရှိတဲ့ စပိန်နိုင်ငံ ဂရန်နာဒါ(Granada) ပြည်နယ်ထဲက အယ်လ်ဟန်ဒင်(Alhendín) မြို့မှာ ပြင်းအား ၅.၂ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်းသိရပါတယ်။ ​သတင်းတွေအရတော့ ထိခိုက်ဒဏ်ရာရသူ မရှိသေးဘူးလို့ သိရပါတယ်။ အန်ဒါလူစီယာ(Andalusia) ဒေသရဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ အကြီးအကဲဖြစ်သူ အန်တိုနီယို ဆန်းဇ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071