Tuesday, August 11, 2026

အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့သည့် နိုင်ငံခြားသား(၆)ဦးကိုပြန်လည်လွှဲပြောင်း

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် နိုင်ငံ ခြားသား(၆)ဦးကို ယနေ့ သြဂုတ် ၁၁...

သန်လျင်အမှတ်(၁)ရေနံချက်စက်ရုံဝင်းရှိ စက်ကန်(ရေ လှောင်ကန်)တာပေါက်ခဲ့

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ရေနံရပ်ကွက်၊ အမှတ် (၁)ရေနံချက်စက်ရုံဝင်းရှိ စက်ကန်(ရေလှောင်ကန်) သည် သြဂုတ် ၁၀ ရက်ညနေ ၅ နာရီခွဲခန်ကတာပေါက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့်...

ယူကရိန်း၏ လေကြောင်းကာကွယ်ရေးစနစ် တောင်းဆိုမှုနှင့်ပတ်သက်၍ တောင်ကိုရီးယား...

သြဂုတ်လ ၁၁ ရက် တောင်ကိုရီးယားနိုင်ငံသည် ရုရှားနှင့် မြောက်ကိုရီးယားတပ်များကို ရင်ဆိုင်နေရသော ယူကရိန်းနိုင်ငံဘက်မှ မယိမ်းမယိုင် ရပ်တည်ပေးခဲ့သော်လည်း လေကြောင်းကာကွယ်ရေးစနစ်များကို ထောက်ပံ့ပေးရန် ယူကရိန်းအစိုးရ၏ တောင်းဆိုမှုမှာမူ...

ထိုင်းဝန်ကြီးချုပ်က သေနတ်ဝယ်ယူခွင့်လိုင်စင်ထုတ်‌ပေးခြင်းကို ရပ်ဆိုင်း

၁၄ နှစ်အရွယ် သေနတ်သမားက လူ ကိုးဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်ပေါ်ပေါက်ပြီး ရက်ပိုင်းအကြာတွင် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က သေနတ်ဝယ်ယူခွင့်လိုင်စင် ထုတ်ပေးခြင်းကို...
HomeMoviesအင်ဒိုနီးရှားတွင် တောမီးကြောင့် ကျောင်းများဒါဇင်နှင့်ချီ၍...

အင်ဒိုနီးရှားတွင် တောမီးကြောင့် ကျောင်းများဒါဇင်နှင့်ချီ၍ ပိတ်ထားရ

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ပိုမိုဆိုးရွားလာသော ရှည်လျားပြီး ပြင်းထန်သည့် ခြောက်သွေ့ရာသီအစတွင် အင်ဒိုနီးရှားနိုင်ငံကို ဒုက္ခပေးနေသော တောမီးလောင်ကျွမ်းမှုများကြောင့် အင်္ဂါနေ့တွင် ဒါဇင်နှင့်ချီသော ကျောင်းများကို ဒုတိယမြောက်နေ့အဖြစ် ပိတ်ထားရသည်။
       
မလေးရှား၊ ဘရူနိုင်းနိုင်ငံတို့နှင့် ထိစပ်နေသော ဘော်နီယိုကျွန်းပေါ်ရှိ အနောက်ကာလီမန်တန်ရှိ ပွန်တီယာနက်မြို့တွင် အခြားနေရာများ၌ လောင်ကျွမ်းနေသော တောမီးများမှ မီးခိုးများ မြို့ပေါ်သို့ ပျံ့နှံ့နေသောကြောင့် ကျောင်းများကို ပိတ်ထားရန် မြို့တော်ဝန်က အမိန့်ပေးခဲ့သည်။
      
လေထုအရည်အသွေးညံ့ဖျင်းနေသေးသရွေ့ ကလေးများသည် နေအိမ်မှသာ သင်ယူကြရမည်ဟု တနင်္လာနေ့ကသတင်း ထုတ်ပြန်ချက်တွင် မြို့တော်ဝန် အီဒီရပ်ဒီ ကမ်တိုနိုက ပြောကြားခဲ့ပြီး စာသင်ကျောင်း မည်မျှပိတ်ထားရသည်ကိုမူ မဖော်ပြခဲ့ပေ။
        
“ပွန်တီယာနက်မြို့ကို မီးခိုးဖုံးနေပြီဖြစ်တာကြောင့် အဲဒီအခြေအနေကို အထူးသဖြင့် ညနဲ့ မနက်ခင်းတွေမှာ ကျွန်တော်တို့ စခံစားနေရပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။
       
ဂျာဗားကျွန်းတွင် ပြီးခဲ့သည့် သီတင်းပတ် တနင်္လာနေ့မှစတင်ခဲ့ပြီး ဟက်တာ ၉၀၀ ခန့် မီးဝါးမြိုခံလိုက်ရပြီဖြစ်သော အမျိုးသားဥယျာဉ်တစ်ခုတွင် လောင်ကျွမ်းနေသော တောမီးများကို ကိုးရက်မြောက်နေ့အဖြစ် မီးသတ်သမားများ ငြိမ်းသတ်နေခဲ့ရသည်။
        
စနေနေ့မှစ၍ ခရီးသွားဧည့်သည်များ ဝင်ရောက်ခွင့် ပိတ်ပင်ထားခဲ့သော အဓိကခရီးသွားဆွဲဆောင်ရာနေရာတစ်ခုဖြစ်သည့် Bromo Tengger Semeru အမျိုးသားဥယျာဉ်တွင် မီးလောင်မှုသည် နိုင်ငံတစ်ဝန်းရှိ မီးသတ်သမား ၅၀,၀၀၀ နီးပါးကို အလုပ်ရှုပ်စေခဲ့သော တောမီးများစွာထဲမှ တစ်ခုဖြစ်သည်။
        
အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ်တွင် ပုံမှန်မဟုတ်သော ခြောက်သွေ့ရာသီကို ကြုံတွေ့ရဖွယ်ရှိပြီး မိုးခေါင်မှုနှင့် တောမီးလောင်ကျွမ်းမှုများအတွက် အန္တရာယ်မြင့်မားကြောင်း BMKG မိုးလေဝသဌာနက ပြောကြားခဲ့သည်။
       
ယခုနှစ် လက်ရှိအချိန်အထိ နိုင်ငံတစ်ဝန်းတွင် ဟက်တာ ၁၀၇,၀၀၀ ကျော် တောမီးလောင်ကျွမ်းခံထားရသည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့သည့် နိုင်ငံခြားသား(၆)ဦးကိုပြန်လည်လွှဲပြောင်း

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် နိုင်ငံ ခြားသား(၆)ဦးကို ယနေ့ သြဂုတ် ၁၁ ရက်က သက်ဆိုင် ရာ နိုင်ငံများသို့ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အီသီယိုးပီးယားနိုင်ငံသား(၂)ဦး၊ လိုက်ဘေးရီးယားနိုင်ငံသား(၁)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၁)ဦး၊ ယူဂန်ဒါနိုင်ငံ သား(၁) ဦးနှင့် တိုဂိုနိုင်ငံသား(၁)ဦးတို့အား မြန် မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပ ဒေလုပ်ထုံးလုပ်နည်းများနှင့်အညီလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ထိုသို့ လွှဲပြောင်းပေးရာ၌ မြန်မာနိုင်ငံတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံတာဝန်ရှိသူများထံ ပြည်နှင်လွှဲ ပြောင်း လက်ခံရေးဆိုင်ရာ စာရွက်စာတမ်းများကို...

သန်လျင်အမှတ်(၁)ရေနံချက်စက်ရုံဝင်းရှိ စက်ကန်(ရေ လှောင်ကန်)တာပေါက်ခဲ့

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ရေနံရပ်ကွက်၊ အမှတ် (၁)ရေနံချက်စက်ရုံဝင်းရှိ စက်ကန်(ရေလှောင်ကန်) သည် သြဂုတ် ၁၀ ရက်ညနေ ၅ နာရီခွဲခန်ကတာပေါက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် ပူးပေါင်းအဖွဲ့ဝင်များက ရေကန်အနီးနေအိမ်များအတွင်း ရေဝင်ရောက်မှုမရှိစေရေးအတွက် သဲအိတ်များ၊ သစ်သားတိုင်များ၊ စက်ယန္တရားများဖြင့် ရေကန်ပြုပြုင်ထိန်း သိမ်းခြင်းများကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ပြုလုပ်နေမှုကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူကကြည့်ရှုစစ်ဆေးပြီးနောက် ဝိုင်းဝန်းဆောင်ရွက်နေသူများကို ချီးမြှင့်ငွေများကိုပေးအပ်ခဲ့ကြောင်း သိရသည်။ 

ယူကရိန်း၏ လေကြောင်းကာကွယ်ရေးစနစ် တောင်းဆိုမှုနှင့်ပတ်သက်၍ တောင်ကိုရီးယား အကျပ်ရိုက်လျက်ရှိ

သြဂုတ်လ ၁၁ ရက် တောင်ကိုရီးယားနိုင်ငံသည် ရုရှားနှင့် မြောက်ကိုရီးယားတပ်များကို ရင်ဆိုင်နေရသော ယူကရိန်းနိုင်ငံဘက်မှ မယိမ်းမယိုင် ရပ်တည်ပေးခဲ့သော်လည်း လေကြောင်းကာကွယ်ရေးစနစ်များကို ထောက်ပံ့ပေးရန် ယူကရိန်းအစိုးရ၏ တောင်းဆိုမှုမှာမူ တောင်ကိုရီးယားအစိုးရ လက်ခံရန် အလွန်ခက်ခဲသည့် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်သည်။ စစ်ဖြစ်ပွားနေသော နိုင်ငံများထံ လက်နက်လွှဲပြောင်းရောင်းချမှုဆိုင်ရာ တောင်ကိုရီးယား၏ ဥပဒေနှင့် မူဝါဒဆိုင်ရာ ကန့်သတ်ချက်များ၊ မိမိနိုင်ငံ၏ စစ်ရေးလိုအပ်ချက်များအပြင် ယူကရိန်းထံ ယင်းကဲ့သို့သော လက်နက်များ ထောက်ပံ့ပေးခြင်းသည် ရုရှားနိုင်ငံနှင့် ဆက်ဆံရေးကို ပိုမိုတင်းမာသွားစေနိုင်ကြောင်း လေ့လာဆန်းစစ်သူများက ထောက်ပြကြသည်။ မြောက်ကိုရီးယားသည် စစ်ပွဲတွင် ပါဝင်ပတ်သက်မှုမှတစ်ဆင့် တန်ဖိုးရှိသော စစ်မြေပြင်အတွေ့အကြုံများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071