Tuesday, August 11, 2026

အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့သည့် နိုင်ငံခြားသား(၆)ဦးကိုပြန်လည်လွှဲပြောင်း

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် နိုင်ငံ ခြားသား(၆)ဦးကို ယနေ့ သြဂုတ် ၁၁...

သန်လျင်အမှတ်(၁)ရေနံချက်စက်ရုံဝင်းရှိ စက်ကန်(ရေ လှောင်ကန်)တာပေါက်ခဲ့

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ရေနံရပ်ကွက်၊ အမှတ် (၁)ရေနံချက်စက်ရုံဝင်းရှိ စက်ကန်(ရေလှောင်ကန်) သည် သြဂုတ် ၁၀ ရက်ညနေ ၅ နာရီခွဲခန်ကတာပေါက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့်...

အင်ဒိုနီးရှားတွင် တောမီးကြောင့် ကျောင်းများဒါဇင်နှင့်ချီ၍ ပိတ်ထားရ

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ပိုမိုဆိုးရွားလာသော ရှည်လျားပြီး ပြင်းထန်သည့် ခြောက်သွေ့ရာသီအစတွင် အင်ဒိုနီးရှားနိုင်ငံကို ဒုက္ခပေးနေသော တောမီးလောင်ကျွမ်းမှုများကြောင့် အင်္ဂါနေ့တွင် ဒါဇင်နှင့်ချီသော ကျောင်းများကို ဒုတိယမြောက်နေ့အဖြစ် ပိတ်ထားရသည်။       မလေးရှား၊...

ယူကရိန်း၏ လေကြောင်းကာကွယ်ရေးစနစ် တောင်းဆိုမှုနှင့်ပတ်သက်၍ တောင်ကိုရီးယား...

သြဂုတ်လ ၁၁ ရက် တောင်ကိုရီးယားနိုင်ငံသည် ရုရှားနှင့် မြောက်ကိုရီးယားတပ်များကို ရင်ဆိုင်နေရသော ယူကရိန်းနိုင်ငံဘက်မှ မယိမ်းမယိုင် ရပ်တည်ပေးခဲ့သော်လည်း လေကြောင်းကာကွယ်ရေးစနစ်များကို ထောက်ပံ့ပေးရန် ယူကရိန်းအစိုးရ၏ တောင်းဆိုမှုမှာမူ...
HomeMovies၃၉ ကြိမ်မြောက် ထိုင်းဘုရင့်ဖလား...

၃၉ ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ရွှေ ၁ ခု၊ ငွေ ၃ ခု ဆွတ်ခူးရရှိ

ရန်ကုန်၊ ဩဂုတ် ၁၁

၃၉ ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ၂၀၂၆ ၏ နှစ်ယောက်တွဲ၊ သုံးယောက်တွဲနှင့် လေးယောက်တွဲပြိုင်ပွဲများမှ ဆုရရှိခဲ့သည့် နိုင်ငံများအား ဆုတံဆိပ်များ ပေးအပ်သည့် အခမ်း အနားကို ယနေ့ ကျင်းပပြုလုပ်ခဲ့ကြောင်း မြန်နာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲချုပ်ထံမှ သိရသည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းက ပြိုင်ပွဲအမျိုးအစား ၆ မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသား လေးယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခု၊ အမျိုးသား ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုနှင့် အမျိုးသမီး ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု စုစုပေါင်း ရွှေတံဆိပ် ၁ ခုနှင့် ငွေတံဆိပ် ၃ ခု ဆွတ်ခူးရရှိခဲ့ပြီး ယနေ့တွင် ဆုတံဆိပ်များ ပေးအပ်ပွဲ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ထံမှ သိရသည်။

အမျိုးသား ၃ ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲနှင့် အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲတို့တွင် ဆုတံဆိပ် ရရှိခဲ့ခြင်း မရှိပေ။
ယခုနှစ် ပြိုင်ပွဲသို့ မြန်မာအသင်းမှ အဖွဲ့ခေါင်းဆောင် ဦးသန်းလွင် ဦးဆောင်သော အုပ်ချုပ်/နည်းပြ ၆ ဦး၊ အမျိုးသား ကစားသမား ၁၅ ဦးနှင့် အမျိုးသမီး ကစားသမား ၉ ဦး စုစုပေါင်း ၃၀ ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံအတွက် အောင်မြင်မှု ဆွတ်ခူးပေးခဲ့သူများကို မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်က ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့သည့် နိုင်ငံခြားသား(၆)ဦးကိုပြန်လည်လွှဲပြောင်း

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် နိုင်ငံ ခြားသား(၆)ဦးကို ယနေ့ သြဂုတ် ၁၁ ရက်က သက်ဆိုင် ရာ နိုင်ငံများသို့ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အီသီယိုးပီးယားနိုင်ငံသား(၂)ဦး၊ လိုက်ဘေးရီးယားနိုင်ငံသား(၁)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၁)ဦး၊ ယူဂန်ဒါနိုင်ငံ သား(၁) ဦးနှင့် တိုဂိုနိုင်ငံသား(၁)ဦးတို့အား မြန် မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပ ဒေလုပ်ထုံးလုပ်နည်းများနှင့်အညီလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ထိုသို့ လွှဲပြောင်းပေးရာ၌ မြန်မာနိုင်ငံတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံတာဝန်ရှိသူများထံ ပြည်နှင်လွှဲ ပြောင်း လက်ခံရေးဆိုင်ရာ စာရွက်စာတမ်းများကို...

သန်လျင်အမှတ်(၁)ရေနံချက်စက်ရုံဝင်းရှိ စက်ကန်(ရေ လှောင်ကန်)တာပေါက်ခဲ့

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ရေနံရပ်ကွက်၊ အမှတ် (၁)ရေနံချက်စက်ရုံဝင်းရှိ စက်ကန်(ရေလှောင်ကန်) သည် သြဂုတ် ၁၀ ရက်ညနေ ၅ နာရီခွဲခန်ကတာပေါက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် ပူးပေါင်းအဖွဲ့ဝင်များက ရေကန်အနီးနေအိမ်များအတွင်း ရေဝင်ရောက်မှုမရှိစေရေးအတွက် သဲအိတ်များ၊ သစ်သားတိုင်များ၊ စက်ယန္တရားများဖြင့် ရေကန်ပြုပြုင်ထိန်း သိမ်းခြင်းများကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ပြုလုပ်နေမှုကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူကကြည့်ရှုစစ်ဆေးပြီးနောက် ဝိုင်းဝန်းဆောင်ရွက်နေသူများကို ချီးမြှင့်ငွေများကိုပေးအပ်ခဲ့ကြောင်း သိရသည်။ 

အင်ဒိုနီးရှားတွင် တောမီးကြောင့် ကျောင်းများဒါဇင်နှင့်ချီ၍ ပိတ်ထားရ

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ပိုမိုဆိုးရွားလာသော ရှည်လျားပြီး ပြင်းထန်သည့် ခြောက်သွေ့ရာသီအစတွင် အင်ဒိုနီးရှားနိုင်ငံကို ဒုက္ခပေးနေသော တောမီးလောင်ကျွမ်းမှုများကြောင့် အင်္ဂါနေ့တွင် ဒါဇင်နှင့်ချီသော ကျောင်းများကို ဒုတိယမြောက်နေ့အဖြစ် ပိတ်ထားရသည်။       မလေးရှား၊ ဘရူနိုင်းနိုင်ငံတို့နှင့် ထိစပ်နေသော ဘော်နီယိုကျွန်းပေါ်ရှိ အနောက်ကာလီမန်တန်ရှိ ပွန်တီယာနက်မြို့တွင် အခြားနေရာများ၌ လောင်ကျွမ်းနေသော တောမီးများမှ မီးခိုးများ မြို့ပေါ်သို့ ပျံ့နှံ့နေသောကြောင့် ကျောင်းများကို ပိတ်ထားရန် မြို့တော်ဝန်က အမိန့်ပေးခဲ့သည်။      လေထုအရည်အသွေးညံ့ဖျင်းနေသေးသရွေ့ ကလေးများသည် နေအိမ်မှသာ သင်ယူကြရမည်ဟု တနင်္လာနေ့ကသတင်း ထုတ်ပြန်ချက်တွင် မြို့တော်ဝန် အီဒီရပ်ဒီ ကမ်တိုနိုက ပြောကြားခဲ့ပြီး စာသင်ကျောင်း မည်မျှပိတ်ထားရသည်ကိုမူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071